တက်တူးလေးတွေကလည်း ဆန်းတယ်တဲ့။
Ei Ei Myat

ပိုင်တံခွန်နဲ့ အနုပညာအလုပ်တွေ အများကြီး တွဲမလုပ်ဖူးပေမယ့်  “သူဘယ်သူလဲ” ဇာတ်ကားမှာ ပထမဆုံး တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ ပြည်ပမှာ အောင်မြင်နေတဲ့ ပိုင်တံခွန်အတွက် သင်ဇာဝင့်ကျော်က ဂုဏ်ယူမိတယ်လို့ ဆိုပါတယ်။

သင်ဇာဝင့်ကျော်က ထိုင်းနိုင်ငံက ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ ပိုင်တံခွန်အတွက် ဂုဏ်ယူလို့နေပါတယ်။ ကိုယ့်လူမျိုးကို တခြားနိုင်ငံက ပရိသတ်တွေက အသိအမှတ်ပြုလာတာ မြင်ရတော့ဝမ်းသာတယ်လို့ သူမက ဆိုပါတယ်။

“ကိုယ်တွေ ဗမာလူများကို တခြား နိုင်ငံက အသိအမှတ်ပြုလာတာ မြင်ရတဲ့အခါကျတော့ ဂုဏ်ယူပါတယ်။ သူတင်မဟုတ်ပါဘူး တခြားလူတွေရောပါ။ အားလုံးလည်း ပိုပြီး ကြိုးစားချင်စိတ်လည်း ဖြစ်တော့ ဝမ်းသာပါတယ် “ လို့ သူမက ပြောပါတယ်။

ဒါ့အပြင်သင်ဇာဝင့်ကျော်က ပိုင်တံခွန်ရဲ့ ဆွဲဆောင်မှု ရှိတဲ့ အရာလေးတွေကိုလည်း ပြောပြခဲ့ပါသေးတယ်။

“သူကိုတော့ ပြောဖြစ်တာရှိတယ်။ဆံပင်အရှည်လေးပဲ ထားခိုင်းထားတာ။ သူကဆံပင်အရှည်နဲ့ လိုက်တယ်။ပြီး တော့ သူ့ရဲ့ တက်တူးလေးတွေကလည်း ဆန်းတော့ တက်တူးနဲ့ ဆံပင်က စားသွားတယ်လို့ ပြောရမှာ” ဆိုပြီး ပိုင်တံခွန်ရဲ့ ပုံစံလေးနဲ့ ပတ်သက်ပြီး ပြောပြခဲ့ပါတယ်။

ပိုင်တံခွန်နဲ့ သူမဟာ “သူဘယ်သူလဲ” ဇာတ်ကားမှာ အတူ တွဲဖက်သရုပ်ဆောင်ဖူးခဲ့ပါတယ်။ ပိုင်တံခွန်နဲ့ ပထမဆုံး ဆုံတဲ့ ဒီဇာတ်လမ်းဟာလည်း ပရိသတ်တွေအတွက် အသစ်အဆန်းလေးတစ်ခုဖြစ်လာမှာပါလို့ သူမက ပြောပြခဲ့ပါသေးတယ်။ပိုင်တံခွန်ကတော့ လက်ရှိမှာ မြန်မာနိုင်ငံမှာသာမက ထိုင်းနိုင်ငံရဲ့ အနုပညာလောကမှာပါ အောင်မြင်နေပြီဖြစ်တဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။

သင်ဇာဝင့်ကျော်ဟာ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဓာတ်ပုံအလန်းစားလေးတွေကို အမြဲတမ်း တင်ဖြစ်နေသူပါ။သင်ဇာဝင့်ကျော်ကတော့ နောက်ပိုင်း မှာသူမရဲ့ခန္ဓာကိုယ်အလှအပနဲ့ ပတ်သက်ပြီး ပရိသတ်တွေ ကြားရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ သူ့ကိုတော့ တီဗီကြော်ငြာတွေ၊ ဗီဒီယို ဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေက စတင်သိရှိ အားပေးလာခဲ့ကြတာဖြစ်ပါတယ်။


က္က