ဖွေးက တော်တဲ့သူတွေနဲ့ပဲရိုက်တယ်။

ဖွေးဖွေးကတော့ ခပ်တည်တည်နဲ့ ဟာသဉာဏ်ရွှင်လွန်းတဲ့ ပိုင်တံခွန်ရဲ့အကြောင်းတွေ ပြောပြလာပါတယ်။ 

ဖွေးဖွေးကတော့ မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲမင်းသားချောလေး ပိုင်တံခွန်ရဲ့ အကြောင်းကို ပြောပြလာပါတယ်။ ခပ်တည်တည်နဲ့ ဟာသလုပ်တတ်တဲ့အကျင့်လေးတွေကြောင့် ခင်ဖို့ကောင်းတယ်လို့ သူက ဆိုပါတယ်။ 



“ သူက လက်တွဲခေါ်စရာမလိုဘူး။ ကိုယ့်ထက်တောင်ရှေ့ရောက်နေပြီ။ သူနဲ့ အတူတူ ကြော်ငြာရိုက်ခဲ့တုန်းကလည်း အေးအေးဆေးဆေးပါပဲ။ သူက ဖြတ်ထိုးဉာဏ်ကောင်းတယ်။ ဟာသတွေဆိုရင်လည်း ပြောတတ်တယ်၊ လုပ်တတ်တယ်။ ဟာသဆိုတာက လုပ်ရခက်တာတွေရှိတယ်လေ။ သူက ကျတော့ ခပ်တည်တည်ပြောနေရင်တောင် ရယ်နေရတာ” ဆိုပြီးတော့ သဘောကျရယ်မောရင်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့တာပါ။  

လက်ရှိမှာတော့ ဖွေးဖွေးဟာ ပိုင်တံခွန်နဲ့အတူ “ရွှေဖူးစာ” ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို အတူတူရိုက်ကူးနေတာ ဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ပိုင်တံခွန်အတွက် ဖွေးဖွေးနဲ့ အတူတွဲပြီး ပထမဆုံးရိုက်ကူးရတဲ့ ရုပ်ရှင်ကားကြီးပါ။ ဖွေးဖွေးနဲ့ ပိုင်တံခွန်တို့ဟာ Full Moon ဆိုတဲ့ ဝိုင်ကြော်ငြာလေးမှာ ပထမဆုံး အတူတူရိုက်ကူးရေးလုပ်ခဲ့ဖူးတယ်လို့လည်း သိရပါတယ်။ 

“ရွှေဖူးစာ”ရုပ်ရှင်ဇာတ်ကားကြီးကို ဒါရိုက်တာ ပွင့်သိင်္ဂီဇော်က ရိုက်ကူူးမှာဖြစ်ပြီး သရုပ်ဆောင် ဖွေးဖွေး၊ ပိုင်တံခွန်၊ ယွန်းဝတီလွင်မိုးနဲ့ ကောင်းမြတ်စံတို့က ပါဝင်သရုပ်ဆောင်သွားမှာပါ။ ဒါပေမယ့် ဖွေးဖွေးကတော့ စီနီယာ သရုပ်ဆောင်ဖြစ်ပေမယ့် အတူတွဲရိုက်မယ့် သရုပ်ဆောင်တွေနဲ့ အဆင်ပြေပြေနေရတာကို သဘောကျတယ်လို့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့က “ရွှေဖူးစာ” ရုပ်ရှင် ဇာတ်ကားကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“ ဖွေးကကျတော့ လက်တွဲခေါ်တာတွေ ဘာတွေ သိပ်မသိဘူး။ သူငယ်ချင်းပေါင်း ပေါင်းလိုက်တာပဲ။ အားလုံးကလည်း တော်ပြီးသားတွေပဲလေ။ ဖွေးက မတော်တဲ့ သူတွေနဲ့ ဇာတ်ကားမရိုက်ဘူးလေ။ အဲဒီတော့ အားလုံးက သူ့ Feel နဲ့ သူ၊ ကိုယ့် စဉ်းစားဉာဏ်နဲ့ သူ သွားနေကြတာဆိုတော့ အခက်အခဲတွေ မရှိပါဘူး” လို့ ဆက်လက်ပြောပြခဲ့ပါသေးတယ်။

ဖွေးဖွေး(Phway Phway)က ၂၀၁၈ခုနှစ်အတွက် အမျိုးသမီးဇာတ်ဆောင်ဆုနဲ့ ဆိုရင် အကယ်ဒမီ (၃)ဆုကို ပိုင်ဆိုင်ထားသူ ဖြစ်ပါတယ်။ ပရိသတ်ရဲ့ လက်ခံအားပေးမှုကို ရရှိထားသူ သူမဟာ ၂၀၁၂ခုနှစ်တွင် လက်ပံ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိခဲ့သလို၂၀၁၅ ခုနှစ်မှာတော့ ကျွန်မက နှင်းဆီပါမောင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ပိုင်ဆိုင်ထားနိုင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုအဖြစ် ရွှေကြာရုပ်ရှင်ကားကြီးနဲ့ ထပ်မံရရှိခဲ့ပါတယ်။





ဆက်စပ်အကြောင်းအရာများ



က္က