ရှက်တော့ ရှက်တယ်။
Ei Ei Myat

ပိုင်တံခွန်နဲ့ နမ်းတဲ့ အခန်းတွေ ပါဝင်ခဲ့တာ ‌ကြောင့် ပိုင်တံခွန်ရဲ့ မိန်းကလေး ပရိသတ်တွေ စိတ်ဆိုးမှာ စိုးရိမ်ခဲ့ရတာတယ်လို့ ဆိုပါတယ်။

 

Photo : nwe darli htun

သရုပ်ဆောင် နွယ်ဒါလီထွန်းဟာ အချစ်သီချင်းလေးတစ်ပုဒ်မှာ ပိုင်တံခွန်နဲ့ အတူတူ သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ သီချင်းလေးကလည်း အချစ်သီချင်းဖြစ်သလို love scene လေးတွေလည်း ပါတာကြောင့် ပရိသတ်တွေရဲ့ အာရုံစိုက်မှုကို တော်တော်ရရခဲ့တာတွေ့ရပါတယ်။ ပိုင်တံခွန်နဲ့ နမ်းတဲ့ အခန်းတွေ ပါဝင်ခဲ့တာ ‌ကြောင့်လည်း ပိုင်တံခွန်ရဲ့ မိန်းကလေး ပရိသတ်တွေ စိတ်ဆိုးမှာ စိုးရိမ်ခဲ့ရတာတယ်လို့ ဆိုပါတယ်။

“သီချင်းလေးက မနဲ့မောင် သီချင်းပုံစံလေးဆိုတော့ ဒီတိုင်းလေး love scene လေးပဲ ရိုက်မယ်ဆိုပြီးတော့မှာ ထည့်ဖြစ်သွားတာပါ။ သူက မိန်းကလေး ပရိသတ် အရမ်းများတော့ ဒါလီက လန့်တာပေ့ါနော် သူ့ Fan တွေက တော်တော်လေး နားလည်တယ် စိတ်ဆိုးတာ စိတ်ဆိုးတာပဲပေ့ါနော် ဒါလီ့ကိုတော့ စိတ်အနှောက်အယှက်ဖြစ်အောင် လာပြောတာမျိုး မရှီပါဘူး” လို့ သူမက ဆိုပါတယ်။

Photo : nwe darli htun

ပိုင်တံခွန်နဲ့နမ်းတဲ့အခန်းတွေကလည်း အရမ်းကြီး ဆိုးဆိုးရွားရွားမျိုး မဟုတ်ပေမယ့် ရှက်တဲ့စိတ်မျိုးတော့ ခံစားခဲ့ရတယ်လို့ သူမက ပြောပါတယ်။

“လူပြောစရာတော့ ဖြစ်သွားတာပေ့ါ ဒါလီအနေနဲ့ အဲ့လိုရိုက်တာတွေ မရှိခဲ့ဖူးဘူးလေ ရှက်တာတော့ ရှိတာပေ့ါနော် အရမ်းဆိုးဆိုးရွားရွားကြီး တော့မဟုတ်ပါဘူး။ ကိုယ်နဲ့ ပိုင်တံခွန်နဲ့ကျ ကိုယ့်မောင်လေးလို ဖြစ်နေတာ သူအနုပညာစလုပ်ကတည်းက ခင်နေတာဆိုတော့ ရှိန်တာဘာညာတော့ မရှိဘူးပေ့ါ” လို့ သူမက ဖေဖော်ဝါရီ(၂၇) ရက်နေ့က ပြုလုပ်ခဲ့တဲ့ Shayi ပွဲမှာ သူမက ပြောခဲ့တာပါ။

နွယ်ဒါလီထွန်းကိုတော့ ပရိသတ်တွေက မော်ဒယ်တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက်မှာတော့ ချစ်စရာကောင်းလှတဲ့ အမူအရာလေးတွေကြောင့် ပရိသတ်များစွာတို့ရဲ့ အချစ်ကို ပိုင်ဆိုင်ခဲ့ပါတယ်။ တီဗီကြော်ငြာပေါင်းများစွာကိုလည်း သူမက ရိုက်ကူးခဲ့ဖူးသူပါ။ အခုဆိုရင်တော့ သရုပ်ဆောင်အပိုင်းနဲ့ ပတ်သက်ပြီး ဇာတ်လမ်းတွဲ၊ ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးနေပြီလို့ သိရပါတယ်။ 

 

 


 


Author


က္က