အလုပ်နဲ့ အချစ်ကိုသပ်သက်စီခွဲထားတယ်။
Sabal Thwin

ဂျူဝယ်လ်ကတော့ ဂီတအလုပ်တွေ တစိုက်မတ်မတ်ဆောင်ရွက်လာတာတွေ့ရပါတယ်။ လက်ရှိ ပိုင်ဆိုင်ထားတဲ့ အချစ်ရေးကိုလည်း ပွင့်ပွင့်လင်းလင်းပြောပြလာပါသေးတယ်။

Photo: Aung Yin

ယောကျ်ားလေးဆန်ဆန် ချစ်ဖို့ကောင်းတဲ့ အဆိုတော်မလေး ဂျူဝယ်လ် မှာတော့ ချစ်သူရှိပါတယ်။ လက်ရှိ ပိုင်ဆိုင်ထားတဲ့ အချစ်ရေးကိုလည်း မီဒီယာအင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

‘’ သီတင်းကတော့ သူ့ဘာသာသူ ကျွတ်သွားမှာပဲ။ ကိုယ်နဲ့ မဆိုင်ဘူးလို့ထင်တယ်။ အခုချိန်မှာ ကိုယ် ဝါသနာပါတဲ့အလုပ်နဲ့ ကိုယ်ဝမ်းစာရှာရတဲ့ အလုပ်က ကွက်တိဖြစ်တဲ့အတွက် ဂုဏ်ယူတယ်၊ ဝမ်းသာတယ်။ ပျော်လည်း ပျော်ပါတယ်။ သူ့ကိုလည်း အချိန်ပေးသင့်တဲ့အချိန်ပေးပါတယ်။ ဒီကိစ္စမှာတော့ ပြဿနာမရှိပါဘူး’’ဆိုပြီးတော့ စက်တင်ဘာလ ၂၀ ရက်နေ့က ချမ်းမြေ့မောင်ချိုပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။  

Photo: Ye

အခုဆိုရင်တော့ ဂျူဝယ်လ်က ဂီတအလုပ်တွေ ဆက်တိုက်လုပ်လာရတဲ့ အဆိုတော်တစ်ယောက်ဖြစ်ပါတယ်။ ဒါပေမယ့် ချစ်သူကတော့ နားလည်ပေးတယ်လို့ ပြောပါတယ်။

‘’ အရမ်းကြီးတော့ Pressure မရှိပါဘူး။ သူလည်း အများကြီးနားလည်ပေးသလို ကိုယ်လည်း ကိုယ့်လမ်းကိုယ်လျှောက်တာပဲ ဆိုတော့ ပုံမှန် စုံတွဲတွေလိုပါပဲ။ တစ်ခါတလေကျတော့လည်း ရန်ဖြစ်လိုက်၊ ပြန်ချစ်လိုက် ဆိုတဲ့ ကိစ္စလေးတွေတော့ရှိတာပေါ့။ အချစ်ရေးနဲ့ အလုပ်ကတော့ သပ်သပ်စီ ခွဲထားတယ်ပေါ့နော်’’ လို့ သူကဆိုပါတယ်။

Photo: Yandanar Oo

ဂျူဝယ်လ်ကိုတော့ ပရိသတ်တွေက Cover Song တွေ သီဆိုလေ့ရှိတဲ့ အဆိုတော်တစ်ယောက်အဖြစ် စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ အခုချိန်မှာတော့ သူဟာ ကိုယ်ပိုင်သီချင်းတွေ သီဆိုတဲ့ အဆိုတော် တစ်ယောက်ဖြစ်လို့လာပါပြီ။ လက်ရှိမှာ ဂီတဖျော်ဖြေရေးတွေအဖြစ် ပြည်တွင်း၊ ပြည်ပ သီဆိုဖျော်ဖြေနေတာ တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


က္က