ဝင်ကြေးအခမဲ့နဲ့ ပြုလုပ်သွားမှာနော်။

Holding Me Back သီချင်းနဲ့ ပရိသတ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေတဲ့ အဆိုတော် Key က သူ့ရဲ့ ပထမဆုံး Solo Concert ကို ပရိသတ်တွေနဲ့ အတူဖြတ်သန်းဖို့ စီစဉ်ထားပါတယ်။ မတ်လ(၂၉)မှာ ပရိသတ်တွေနဲ့တွေ့ဆုံမှာဖြစ်ပြီးဝင်ကြေးအခမဲ့ဖြစ်အောင် စီစဉ်ထားတယ်တဲ့။

 

မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိထားတဲ့ အဆိုတော် key က မကြာခင်မှာ သူ့ရဲ့ ပထမဆုံး Solo Mini Concert ကို ပြုလုပ်တော့မှာပါ။ အဲ့အတွက်လည်း key အနေနဲ့ အရမ်းကို ရင်ခုန်စိတ်လှုပ်ရှားနေတယ်လို့ ဆိုပါတယ်။

“ပထမဆုံး Solo ပွဲ ဖြစ်တဲ့အတွက် ညဆို အိပ်မပျော်ဘူး စိတ်လှုပ်ရှားတယ် ကြောက်တယ် ပြင်ဆင်ရတဲ့ အချိန်တိုအတွင်းမှာ အကောင်းဆုံးဖြစိအောင်ပြင်ရတဲ့အတွက် လိုအပ်ချက်တွေရှိမှာကိုလည်း ပူပန် မိတယ် ပွဲကို လာကြည့်ပေးကြပါဦး”လို့ key က Duwun Media သို့ ဖြေဆိုပေးခဲ့ပါတယ်။

မကြာခင် ပြုလုပ်မယ့် Solo Mini Concert မှာလည်း သူ့ရဲ့ ပရိသတ်တွေအကုန်လုံးနဲ့ တွေ့ဆုံချင်ကြောင်း ဝင်ကြေးကိုလည်း အခမဲ့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။

“ကျွန်တော်ရဲ့ ပထမဦးဆုံး Solo Mini Concert လေးကို ရန်ကုန်မြို့ Myanmar Plazaရဲ့ outdoor promotion area မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ကျွန်တော့် first mini album ထွက်တာ ၁နှစ်ပြည့် အထိမ်းအမှတ်လေးဆိုလည်း မမှားပါဘူးဗျာ ။ ကျွန်တော့်ကို ချစ်ခင် အားပေးကြတဲ့ ပရိသတ်များအားလုံးအတွက် ကျွန်တော် အကောင်းဆုံးတွေ ကြိုးစား ပြင်ဆင်ထားတာဖြစ်လို့ အားလုံး စုံစုံလင်လင် ပျော်ပျော်ပါးပါး တေးသီချင်းများ လာရောက် နားစင်ကြဖို့ လေးစားစွာ ဖိတ်ကြားလိုပါတယ် ခင်ဗျာ။ ဝင်ကြေးလည်း အခမဲ့ ဖြစ်သလို သောကြာနေ့ ညနေလည်း ဖြစ်ပါတယ်။ ပွဲလာမယ့် ပရိတ်သတ်တွေအတွက် လက်ဆောင်တွေလည်းပြင်ဆင်ထားတယ် အားလုံးပဲ See you” ဆိုပြီး ဆက်လက်ပြောပြထားပါတယ်။

Key ရဲ့ Solo Concert ကို မတ်လ(၂၉) ရက်နေ့တွင် ပြုလုပ်မှာ ဖြစ်ပြီး ရန်ကုန်မြို့ ရှိ Myanmar Plaza ရဲ့ outdoor promotion area မှာ ကျင်းပပြုလုပ်သွားမှာ ဖြစ်ပါတယ်။ Key နဲ့အတူ ဝိုင်းလေးက ပါဝင်အားဖြည့်သွားမှာ ဖြစ်ပါတယ်။

Key ဟာ လက်ရှိမှာ 1004 Entertainment ကနေ လက်တွဲပြီး အလုပ်လုုပ်ကိုင်လျက်ရှိပါတယ်။ လူငယ်မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှု ကို ရရှိထားတဲ့ Key ဟာ သူ့ရဲ့ ပထမဆုံး အခွေဖြစ်တဲ့ KEY ဟာလည်း ပရိသတ်တွေကြား အောင်မြင်မှု ရရှိထားတဲ့ အခွေတစ်ခွေလည်း ဖြစ်ပါတယ်။



က္က