loading...

loading...

loading...

ဇန်နဝါရီလ ၁၈ ရက်နေ့ ကျင်းပမှာဖြစ်ပါတယ်။
Sabal Thwin

စည်သူလွင်၊ Rဇာနည်နဲ့ ဇော်ပိုင် တို့ရဲ့ ဖျော်ဖြေပွဲကြီးကိုတော့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ကျင်းပပြုလုပ်သွားမှာပါ။ ပရိသတ်တွေနဲ့အတူတူသီဆိုလို့ရတဲ့ သီချင်းတွေကို ရွေးချယ်ထားတယ်လို့ ဆိုပါတယ်။ 

အဆိုတော် စည်သူလွင်၊ Rဇာနည်နဲ့ ဇော်ပိုင် တို့ ၃ ယောက်ပေါင်းပြီး ဖျော်ဖြေပွဲ ကျင်းပသွားမယ်လို့ သိရပါတယ်။ ဒီဖျော်ဖြေပွဲကိုတော့ ဇန်နဝါရီလ ၁၈ ရက်နေ့မှာ ပြုလုပ်မှာ ဖြစ်တဲ့ အတွက် စိတ်လှုပ်ရှားနေပြီလို့ စည်သူလွင်က မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ဒါက ကျွန်တော်တို့ ၃ ယောက်တွဲပြီး ဆိုတာ ပထမဆုံးပါပဲ။ အခုက ကိုယ့်သူငယ်ချင်းတွေချည်းပဲ ဆိုတော့ ပိုပြီးတော့ ပျော်စရာကောင်းတာပေါ့။ စိတ်က အစ လွတ်လပ်နေတယ်၊ ဇာနည့် သီချင်းဆိုရင်လည်း ကျွန်တော် ရတာတွေ အများကြီးပဲ။ ကျွန်တော်တို့ အနောက်က လိုက်ဆိုကြမယ်၊ ဇော်ပိုင့် သီချင်းဆိုလည်း အများကြီးပဲပေါ့။ အကုန်လုံးက ညီအစ်ကိုတွေလို ဖြစ်နေတာ ကြာပြီ” လို့ ဆိုပါတယ်။ 

အဲဒီနောက် အဆိုတော် Rဇာနည်ကလည်း ပရိသတ်တွေနဲ့ အတူတူ သီချင်းဆိုချင်တဲ့ ဆန္ဒရှိတယ်လို့ သိရပါတယ်။ ဒါကြောင့် သူတို့ ၃ ယောက်စလုံးကို ချစ်တဲ့ ပရိသတ်တွေ လိုက်ဆိုလို့ရမယ့် သီချင်းတွေကို ဆိုဖို့ ရွေးချယ်ထားတယ်လို့ ပြောပါတယ်။ 

“ ပရိသတ်တွေလည်း အတူတူလိုက်ဆိုလို့ရမယ့် သီချင်းမျိုးကို ရွေးချယ်ထားတယ်။ အကြမ်းဖျင်းကတော့ ကျွန်တော်တို့ သီချင်းတော်တော်များများကို ပရိသတ်က ရကြတယ်။ သူတို့ ပြောရင် ပြောသလို အစ်ကိုတို့ ဆိုနိုင်အောင်တော့ ပြင်ဆင်ထားတယ်။ တစ်ခါတလေကျရင် သူတို့ပြောတာလေးတွေနဲ့ အစ်ကိုတို့နဲ့ အဆင်မပြေတာ ရှိကောင်းရှိမှာဆိုတော့ ခွင့်လွှတ်ဖို့ ကြိုပြောချင်ပါတယ်” လို့လည်း ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: R Zar Ni

စည်သူလွင်၊ Rဇာနည် နဲ့ ဇော်ပိုင် တို့ရဲ့ ဂီတဖျော်ဖြေပွဲကြီးကိုတော့ ဇန်နဝါရီလ ၁၈ ရက်နေ့ ညနေ ၆ နာရီအချိန်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် အရှေ့မှာရှိတဲ့ NORTHERN OLDSKOOL မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။ အချိန်အားဖြင့် ကန့်သတ်ထားတာမျိုးလည်း မရှိဘူးလို့ သိရပါတယ်။ လက်မှတ် ၁ စောင်လျှင် လူတစ်ဦးစာဖြစ်ပြီး ပွဲအတွင်းမှာ ဘီယာအလကားသောက်ရင်း ပျော်ပါးလို့ရတယ်တဲ့။ ဖျော်ဖြေပွဲ လက်မှတ်တွေကတော့ တစ်စောင်ကို ၃သောင်းကျပ်ပါ။ ဖျော်ဖြေပွဲလက်မှတ်တွေကို ဇန်နဝါရီလ ၁၅ ရက်နေ့ Radio Bar မှာ ဇန်နဝါရီလ ၁၅ ရက်နေ့က စပြီး ဝယ်ယူရရှိနိုင်ပါတယ်တဲ့။ ဆက်သွယ်မှာယူချင်ရင်တော့ ဖုန်းနံပတ် ၀၉ ၄၅၁ ၀၀၀ ၁၃၀ ၊ ၀၉ ၇၉၆ ၇၇၇ ၇၇၅ တို့ကို ဆက်သွယ်နိုင်တယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


loading...

က္က