အနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်သွားမှာပါ။

သက်မွန်မြင့်ဟာ ပထမဆုံးအကြိမ်ရိုက်ကူးမယ့် ရုပ်သံဇာတ်လမ်းတွဲအတွက် စိတ်လှုပ်ရှားနေတယ်လို့ပြောပါတယ်။ သူမဟာ အသက်အရွယ်အရ လိုက်ဖက်တဲ့ ကာရိုက်တာတွေကို ရွေးချယ်ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။ 

သက်မွန်မြင့် ကတော့ “ရသမျှ အရာရာ” ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်သွားမယ်လို့ သိရပါတယ်။ ပထမဆုံးရိုက်ကူးရမယ့် ဇာတ်လမ်းတွဲဖြစ်လို့ စိတ်လှုပ်ရှားနေတယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။ 



“ဒီဇာတ်လမ်းတွဲမှာ ရိုက်ရမယ့် ကာရိုက်တာကတော့ အရင်တုန်းကလည်းရိုက်ဖူးပါတယ်။ ဒါပေမယ့် ဇာတ်လမ်းပြောင်းသွားတဲ့အတွက် စိတ်ထားလေးတွေ၊ အမူအရာလေးတွေတော့ ပြောင်းမှာပေါ့။ ပထမကတော့ ကိုစိုင်းတို့နဲ့ရိုက်မယ့် ဇာတ်လမ်းတွဲ ရိုက်မလို့ပဲ ရက်ရွှေ့သွားတော့ ဒီဇာတ်ကားကို အရင်ရိုက်ဖြစ်သွားတာပေါ့။ ဇာတ်လမ်းတွဲကို အခုမှစရိုက်တာဆိုတော့ ရင်ခုန်ပါတယ်” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၇ ရက်မနက်ပိုင်းက “ရသမျှ အရာရာ”ရုပ်သံဇာတ်လမ်းတွဲ ကန်တော့ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

“ ရသမျှအရာရာ" ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာကိုဇော်(အရုဏ်ဦး) ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင် သက်မွန်မြင့်၊ ကောင်းပြည့်၊ ထွန်းကိုကို၊ ဆုပန်ထွာ၊ ပွင့်နဒီမောင် နဲ့ မှုံနံ့သာကျော်ရဲအောင်တို့က အဓိက သရုပ်ဆောင်တွေအဖြစ်ပါဝင်သရုပ်ဆောင်သွားမှာပါ။ ဒီဇာတ်ကားရဲ့ ကန်တော့ပွဲကိုတော့ ဖေဖော်ဝါရီလ ၇ ရက်နေ့ မနက်ပိုင်းက ရွှေတိဂုံစေတီတော်မှာ ကျင်းပပြုလုပ်ခဲ့တာပါ။ 

သက်မွန်မြင့်ကတော့ သူမရဲ့ အသက်အရွယ်အရ လိုက်ဖက်တဲ့ ကာရိုက်တာမျိုးကို ရိုက်ရတာ ပိုသဘောကျတယ်လို့ ဆိုပါတယ်။ ပရိသတ်တွေကလည်း ရုပ်ရှင်ဇာတ်ကားတစ်ကားအပေါ် ခံစားသက်ဝင်မှုက အရင်ကနဲ့ မတူတော့ဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ အခုခေတ် အလုပ်လုပ်တဲ့ပုံစံတွေက အရင်တုန်းကနဲ့ မတူတော့ဘူး။ ကြည့်တဲ့ပရိသတ်တွေကလည်း ကြည့်တဲ့ ပုံစံပြောင်းလာတယ်။ အရင်လို ဇာတ်ကားအရေအတွက်ထက်စာရင် ကိုယ်သဘောကျတာကို နည်းနည်း ချင်းရိုက်တာ ပိုအဆင်ပြေတယ်။ ပြီးတော့ သက်မွန်တို့အခုရောက်နေတဲ့ အသက်အရွယ်အရ ကိုလည်း ချိန်ပြီးတော့ သရုပ်ဆောင်ရတာပေါ့” လို့ သူကဆိုပါတယ်။

သက်မွန်မြင့်ကတော့ Music Video တွေမှာ ပါဝင်သရုပ်ဆောင်ရင်းနဲ့ ပရိသတ်ရင်ထဲရောက်လာသူ တစ်ဦးဖြစ်ပါတယ်။ အမျိုးသမီးအနုပညာရှင်တွေထဲမှာ အရပ်မြင့်မြင့် ချစ်စရာကောင်းတဲ့ ရုပ်ရှည် စကားသံ ဝဲဝဲလေးနဲ့ ဆွဲဆောင်နိုင်သူကတော့ သက်မွန်မြင့်ပါပဲ။ သူမဟာ ၂၀၁၀ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင် ဆုကို ‘’အာဒံရယ် ဧဝရယ် ဒဿရယ် ‘’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ပထမဆုံး အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပါတယ်။ အဲဒီနောက် ၂၀၁၆ ခုနှစ် အတွက် အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ‘’ ချစ်လှစွာသော အမုန်း’’ ဇာတ်ကားနဲ့ ဒုတိယအကြိမ်မြောက် ရရှိခဲ့တာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ



က္က