ဟာသဖြစ်နေမှာလည်း စိုးတယ်။

ပိုင်ဖြိုးသုကတော့ သူမကိုယ်တိုင် ပထမဆုံးသရုပ်ဆောင်ရတဲ့ အက်ရှင်ကာရိုက်တာအတွက် စိတ်လှုပ်ရှားလို့နေပါတယ်။ ဒီကာရိုက်တာအတွက်လည်း ကျန်းမာရေးမကောင်းတဲ့အထိ လေ့ကျင့်ခဲ့ရတယ်လို့ ဆိုပါတယ်။

Photo: Bo Nay Toe



ပိုင်ဖြိုးသု ပါဝင်သရုပ်ဆောင်ထားတဲ့ ဗိုလ်နေတိုး ရုပ်ရှင်ဇာတ်ကားကြီးကတော့ နိုဝင်ဘာလ ၂၁ ရက်နေ့ဆိုရင် ရုံတင်ပြသတော့မှာပါ။ ဒီဇာတ်ကားမှာ ပိုင်ဖြိုးသုက ခပ်မိုက်မိုက်၊ ခပ်ဆိုးဆိုး ကောင်မလေး Rita အဖြစ် ပါဝင်သရုပ်ဆောင်ထားတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

“ ဒီဇာတ်ကားထဲမှာ Rita ဇာတ်ရုပ်နဲ့ သရုပ်ဆောင်ထားတာပါ။ ဒီကားက သုသုအတွက်တော့ ပထမဆုံးရိုက်ဖူးတဲ့ အက်ရှင်ဇာတ်ကားကြီးပါ။ တစ်ခါမှလည်း မရိုက်ဖူးတော့ ကိုထင်ကျော်ရယ်၊ ကိုထင်ကျော့် တပည့်တွေရယ် သုသုကို တော်တော်လေး ကူညီရတယ်။ ဇာတ်ဝင်ခန်းမရိုက်ခင်အချိန်ဆိုရင် တိုက်ကွက်တွေကို အသားကုန် လေ့ကျင့်ခဲ့ရတာ။ သုသုအတွက်လည်း တော်တော်လေး ခက်ခဲခဲ့ပါတယ်” လို့ ဆိုပါတယ်။

Photo: Bo Nay Toe

သူမအတွက်တော့ ဒီဇာတ်ကားဟာ ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်လို့ အခက်အခဲတွေ အများကြီးရှိခဲ့ တယ်လို့ ဆိုပါတယ်။

“ သုသု ဖျားတောင် ဖျားသွားတယ်။ ပြင်ဦးလွင်မှာ Pre Action ရိုက်တဲ့ ညဆိုလို့ရှိရင် တစ်ညလုံးရိုက်ရတာလေ။ အရမ်းလည်း အေးတယ်။ အဲဒီမှာ တောက်လျှောက်လေ့ကျင့်နေတာဆိုတော့ နောက်နေ့လည်းကျရော ဖျားတာပဲ။ လူက ကိုင်ပေါက်ထားသလိုပဲ အရမ်းတွေ နာပြီးတော့ ဖျားသွားတာ။ ဒါက အမှတ်တရပဲ” လို့ သူကဆိုပါတယ်။


ပိုင်ဖြိုးသု အတွက်ကတော့ ဗိုလ်နေတိုး ရုပ်ရှင်ဇာတ်ကားမှာ အက်ရှင်ကာရိုက်တာကို ပထမဆုံး သရုပ်ဆောင်ရတာဖြစ်လို့ အများကြီး ကြိုးစားခဲ့ရတဲ့အကြောင်းတွေ ပြောပြလာပါတယ်။

“ ကိုယ့် ဦးနှောက်လိုက်မီသလောက်တော့ အစွမ်းကုန် ကြိုးစားထားတာပဲ။ ဟာသလေးဖြစ်နေမှာလည်း ကြောက်တယ်။ သုသုအက်ရှင်ကာရိုက်တာနဲ့ရိုက်ထားတာ ဒီတစ်ကားပဲရှိသေးတယ်။ နောက်ထပ်ဇာတ်ကားတွေကလည်း ဒရာမာတွေချည်းပဲ’’ ဆိုပြီးတော့ နိုဝင်ဘာလ ၁၈ ရက်နေ့က “ဗိုလ်နေတိုး” ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Bo Nay Toe

ဗိုလ်နေတိုး ရုပ်ရှင်ဇာတ်ကားထဲမှာတော့ နေတိုး၊ ထွန်းကိုကို၊ သက်မွန်မြင့်နဲ့ ပိုင်ဖြိုးသု တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ ပိုင်ဖြိုးသုကတော့ အနုပညာပျိုးခင်းက စင်တင်ပေးလိုက်တဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ သူမဟာ ဘီလူးမ၊ သရဲမ နဲ့ မိန်းမပျို ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။လက်ရှိမှာတော့ ပိုင်ဖြိုးသုက "အဟောင်း" ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးနေတာတွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က