အက်ရှင်ဇာတ်ကားကြီးဖြစ်တယ်လို့ သိရပါတယ်။

ဖြူဖြူထွေးဟာ အက်ရှင်ဇာတ်ကားတွေနဲ့ ပတ်သက်လာရင် မင်းသားဂျွန်ဂို ကိုအရမ်းအားပေးခဲ့တာပါတဲ့။ သူမကိုယ်တိုင်ကလည်း မကြာခင် အက်ရှင် ရုပ်ရှင်ရိုက်တော့မယ်လို့ သိရပါတယ်။ 

Photo: Phyu Phyu Htwe



ဖြူဖြူထွေးကတော့ မကြာခင်မှာ ရုပ်ရှင်ကားကြီးရိုက်တော့မယ်လို့ သိရပါတယ်။ အက်ရှင်ဇာတ်ကားဖြစ်တဲ့ အတွက် တော်တော် ကြိုးစားရမယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 

“ ၃ လပိုင်းမှာ ရုပ်ရှင်ကားကြီးတစ်ကား ရိုက်ဖြစ်မယ်။ ဇာတ်ကားကတော့ တော်တော်ကြမ်းတယ်လို့ပြောတယ်။ ရိုက်မယ့် ဒါရိုက်တာကြီးကလည်း အကြီးကြီးပေါ့နော်။ အဲဒီအတွက်လည်း အရမ်းရင်ခုန် နေပါတယ်။ လောလောဆယ် စရံပဲရပါသေးတယ်၊ ဇာတ်ညွှန်းမဖတ်ရသေးဘူး။ ပါဝင်ရမယ့် ကာရိုက်တာကတော့ ကိုယ်နဲ့ လုံးဝမလိုက်တဲ့ ကာရိုက်တာမျိုးလေ ကြိုးစားရမှာပေါ့” ဆိုပြီးတော့ ဇန်နဝါရီလ ၁၉ ရက်နေ့က ရွှေပြည်နန်းပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Phyu Phyu Htwe

အက်ရှင်ဇာတ်ကားတွေနဲ့ ပတ်သက်လာရင် သရုပ်ဆောင်ဂျွန်ဂို က အရမ်းအားပေးခဲ့တယ်လို့ ဖြူဖြူထွေးက ပြောပါတယ်။ ဂျွန်ဂို ဇာတ်ကားတွေကြည့်ပြီး သူငယ်ချင်းတွေနဲ့ ဖိုက်တင်ချတိုင်းတောင် ကစားခဲ့သေးတယ်လို့ ဆိုပါတယ်။ 

“ ကိုယ်က အရင်တုန်းက ဂျွန်ဂို ကိုအရမ်းကြိုက်တာ။ ရွာမှာဆိုရင် ဂျွန်ဂိုနာမည်ကြီးလေ။ ဂျွန်ဂိုဇာတ်ကားတွေကြည့်ပြီးတော့ သူငယ်ချင်းတွေ ရန်ဖြစ်တာ။ ကိုယ်က ဖိုက်တင်ကားတွေကြည့်ပြီး အိမ်မှာလည်း လေ့ကျင့်တာကိုး။ အဲဒီမှာ မှတ်မှတ်ရရ သူငယ်ချင်းတစ်ယောက်က တုတ်ကြီးနဲ့ အနောက်ကနေ လာဖက်တော့ ကိုယ်ကလည်း ဇာတ်ကားတွေထဲက အတိုင်း နောက်စေ့နဲ့ တိုက်လိုက်တာ မျက်လုံးကို ညိုမဲပြီးတော့ ဆေးခန်းသွားတာ ၃၀၀၀ လျော်လိုက်ရတယ်လေ။ ၅၀ လောက်ကိုမနည်းလုပ်နေရတဲ့အချိန်မှာ ၃၀၀၀ ဆိုတော့ အမေနဲ့ အဖေလည်း သွေးတက်သွားတယ်” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Phyu Phyu Htwe

ဟာသဗီဒီယိုဖိုင်တွေကြောင့် ပရိသတ်တွေရဲ့ အားပေးမှုတွေနဲ့အတူ ဝေဖန်မှုတွေလည်း ကြုံခဲ့ရတဲ့ဖြူဖြူထွေးဟာ ယခုဆိုရင်တော့ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးနေရပြီ ဖြစ်ပါတယ်။ သူမဟာ ဝေဖန်မှုတွေကိုကြံ့ကြံ့ခံပြီး ကိုယ်ယုံကြည်ရာကို လျှောက်လှမ်းလာတဲ့သူ ဖြစ်တာကြောင့် သူ့ကို ချစ်ခင်တဲ့ ပရိသတ်တွေကိုလည်း ပိုင်ဆိုင်လာခဲ့ပြီ ဖြစ်ပါတယ်။ လက်ရှိမှာလည်း သူမရဲ့ ကြိုးစားအားထုတ်မှုက ရတဲ့ အနုပညာကြေးနဲ့ မိဘတွေကို တိုက်အိမ်ဆောက်ပေးထားတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က