နွဲ့ဆိုးတော့ မဆိုးတတ်ပါဘူးတဲ့။
သဉ္ဇာနွယ်ဝင်းက အလုပ်တွေ အများကြီးလုပ်တတ်တဲ့ ခင်ပွန်းဖြစ်သူကို အနားမှာ ကြာကြာနေစေချင်ပါတယ်တဲ့။ အဲဒီနောက် တစ်ဦးတည်းသော သားလေး မက်မွန်သီးရဲ့ လည်ကြောင်း၊ တတ်ကြောင်းတွေလည်း ပြောပြလာပါတယ်။

Photo: Thinzar Nwe Win

သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းနဲ့ ခင်ပွန်းဖြစ်သူ ကိုလှမျိုးမြင့်တို့ရဲ့ အိမ်ထောင်သက်တမ်းက ၂ နှစ်ကျော်လို့နေပါပြီ။ အလုပ်တွေ အရမ်းလုပ်လွန်းတဲ့ ခင်ပွန်းဖြစ်သူကိုတော့ သင်ဇာနွယ်ဝင်းက အနားမှာ ကြာကြာထားချင်တယ်လို့ သူ့ရဲ့ ဆန္ဒကို မီဒီယာတွေကနေတဆင့် ပြောပြလာပါတယ်။

‘’သူ့ကိုတော့ နွဲ့ဆိုးဆိုးတာထက် ချွဲတာပဲ ပိုများတာ။ တချို့ဆို စိတ်ကောက်ပြီးတော့မှ ကိုယ်လိုချင်တာကို မရ ရအောင်ယူတာမျိုးရှိတယ်။ သင်ဇာကျတော့ သူ့ကို ကိုယ့်အနားမှာ ကြာကြာနေစေချင်တယ်။ သူက အရမ်းအလုပ်လုပ်တဲ့သူဆိုတော့ ဆိုင်ကိုသွားရင် ကိုယ့်အနားမှာ မရှိတာမျိုးပါ’’ ဆိုပြီးတော့ ကိုဝင်းမြတ်နဲ့ ဆန်းသစ်လတို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Thinzar Nwe Win

ကိုလှမျိုးမြင့်နဲ့ သဉ္ဇာနွယ်ဝင်းတို့ ဇနီးမောင်နှံ နှစ်ယောက်မှာတော့ ချစ်စရာကောင်းတဲ့ သားလေး ကျော်မျိုးမြင့်(ခ) မက်မွန်သီး လေးကို ပိုင်ဆိုင်ထားပြီဖြစ်ပါတယ်။ သားလေးဆီမှာတော့ ဖခင်နဲ့ တူတဲ့ အကျင့်တွေ ပိုင်ဆိုင်နေပြီလို့ ဆိုပါတယ်။

‘’ သားလေးက တော်တော်တတ်နေပြီ။ သူ့ကိုလည်း ၆ လအရွယ်ကတည်းက ကျောင်းစထားတာဆိုတော့ တော်တော်လေး နားလည်တယ်။ လည်လည်း လည်တယ်။ သားလေးက အဖေနဲ့တူတယ် ရုပ်ရော၊ ခန္ဓာကိုယ်ပုံစံတွေရော၊ အကျင့်တွေရော တူတယ်။ သူ့ပစ္စည်းတွေဆို အရမ်း တန်ဖိုးထားတာ။ သူယူထားတဲ့ ပစ္စည်းကို သူ့နေရာသူ ပြန်ထားတတ်တာကတော့ သူ့အဖေ နဲ့ တူတယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: Thinzar Nwe Win

သဉ္ဇာနွယ်ဝင်းဟာ ကလေး ၃ ယောက်ယူဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် နောက်ထပ် ရင်သွေးလေးကိုတော့ သမီးလေး လိုချင်တဲ့အကြောင်း ပြောပြခဲ့ပါတယ်။

‘’ ကလေး ၃ ယောက်ယူမယ်။ ကြိုးစားနေပါတယ်။ သင်ဇာကတော့ သမီးလေး လိုချင်တယ်။ သမီးလေးကျတော့ နောက်ကျရင် အမေနဲ့ အတူတူ Shopping တွေ ထွက်လို့ရတယ်။ ပိုက်ဆံအိတ်ဆိုရင်လည်း ဆင်တူလေးတွေ ကိုင်လို့ရတယ်။ အဲဒီလိုလေးတွေ ကြိုက်တယ်’’ လို့ ဆက်လက်ပြောပြလာပါတယ်။

Photo: Thinzar Nwe Win

ကိုလှမျိုးမြင့်နဲ့ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းတို့ရဲ့ မင်္ဂလာပွဲကို ၂၀၁၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့က မင်္ဂလာဆွမ်းကျွေး အလှူပြုလုပ်ခဲ့ပြီး ဖေဖော်ဝါရီ(၂)ရက်နေ့က နှစ်ဦးသဘောတူ ရုံးတက်လက်မှတ်ထိုးခဲ့ကြပါ တယ်။ဖေဖော်ဝါရီ(၃)ရက်နေ့ကတော့ Melia ဟိုတယ်မှာ မင်္ဂလာပွဲကို ပျော်ရွှင်စွာနဲ့ ကျင်းပ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။



က္က