ပန်းစည်းရောက်မလာတော့လို့ စိတ်မကောင်းဖြစ်နေတာ။

နေခြည်ဦးက ပန်းစည်းလက်ဆောင်ပေးတဲ့သူကို ချေတာများသွားပြီလို့ ဆိုပါတယ်။ သူမက အခုဆိုရင် အချစ်ရေးထက် အလုပ်ကို ပိုကြိုးစားနေတာ တွေ့ရပါတယ်။ 

photo:Li John



နေခြည်ဦးကတော့ ပန်းစည်းလက်ဆောင် မရတော့ဘူးလို့ ဆိုပါတယ်။ ပန်းစည်းလက်ဆောင် မရတော့တဲ့ အကြောင်းအရင်းကိုလည်း မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ကြပါတယ်။ 

‘’ ပန်းစည်းတွေလည်း မလာတော့ပါဘူး။ ဒီမှာ Single ဘဝမှာ တော်တော်အဆင်မပြေဘူးဖြစ်နေတယ်။ သူလည်း သူကြိုးစားချင်သလောက် ကြိုးစားခဲ့တာပဲ။ ကိုယ့်ဘက်ကလည်း အဆင်မပြေတော့လေ။ ယောက်ျားလေးဆိုတော့ သူလည်း ကိုယ့်အတွက်အကြာကြီး ဘယ်လိုလုပ် ပန်းစည်းတွေ ပို့နိုင်မှာလဲ နားလည်ပါတယ်။ ကိုယ်ကလည်း နည်းနည်းချေတာ များသွားတော့ ပန်းစည်းတွေ မလာတော့ဘူးနေမှာပေါ့’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Nay Chi Oo

အခုချိန်မှာတော့ နေခြည်ဦးက အချစ်ရေးထက် အလုပ်ကို ပိုကြိုးစားနေတယ်လို့ သိရပါတယ်။ သူမဟာ ‘’အိမ်မက်တွေ မိုးထားတဲ့ အိမ်’’ ရုပ်သံဇာတ်လမ်းတွဲကို ရိုက်ကူးနေတာပါ။ ဇာတ်ကားရိုက်နေတဲ့အတွင်းမှာ လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်ဖြစ်တယ်လို့ ဆိုပါတယ်။ 

‘’ နေခြည်ဇာတ်ကားရိုက်နေရတဲ့ အိမ်မှာ အဲကွန်းလုံးဝမရှိဘူး။ ပြီးတော့ နည်းနည်းလည်းဝေးတယ်။ အဲဒီအိမ်မှာဆိုရင် မနက်တိုင်း နေခြည် Gym ဆော့ဖြစ်တယ်။ အဲဒါတွေကြောင့်လည်း နည်းနည်း ပိန်သွားတာဖြစ်ပါလိမ့်မယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၅ ရက်နေ့က Cheers with Chi Chi မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။ 

Photo:Amazing Grace

နေခြည်ဦးက အခုဆိုရင် သူမကိုချစ်တဲ့ ပရိသတ်အများကြီးကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ သူမကလည်း We Love လေးတွေကို အရမ်းချစ်သလို၊ We Love လေးတွေကလည်း သူမကို အရမ်းချစ်ပါတယ်။ မကြာခဏဆိုသလို နေခြည်ဦးက ပရိသတ်တွေနဲ့ အတူတူ ပျော်ပျော်ပါးပါး စကားတွေ ပြောလေ့ရှိပါတယ်။သူမကို ပရိသတ်တွေက Beauty Blogger တစ်ဦးအနေနဲ့ စတင်အားပေးလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် အောင်မြင်မှုရရှိလာတဲ့ Beauty Blogger တင်မက အနုပညာ အလုပ်တွေ လည်း ဆောင်ရွက်လို့နေပါပြီ။ သူပါဝင် ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း ပရိသတ်အရှေ့ကို မကြာခင် ရောက်ရှိလာတော့မှာပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က