လုံးဝ သဝန်မတိုပါဘူး။

ပိုင်ဖြိုးသုကတော့ Now & Ever ရုပ်ရှင်ကြည့်ပြီးတဲ့ ခင်ပွန်းက သူမအပေါ် သဝန်မတိုဘူးလို့ဆိုပါတယ်။ Red Carpet Show မှာလည်း ခင်ပွန်းဆီက ဘာစကားကြားရမလဲဆိုတာကိုလည်း စောင့်မျှော်နေခဲ့မိပါတယ်တဲ့။

Photo: Min Lan yar



ပိုင်ဖြိုးသု ကတော့ သဝန်မတိုတတ်တဲ့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးအကြောင်းတွေ ပြောပြလာပါတယ်။ သူငယ်ချင်းတွေကတောင် စက်ရုပ်ကြီးလို့ နာမည်ပြောင်းပေးထားရတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ကိုဏကြီးကလေ ဘယ်လိုမှ သဝန်မတိုတဲ့လူကြီး။ အဲဒါကြောင့်လည်း သူ့ကို သူ့သူငယ်ချင်းတွေက စက်ရုပ်ကြီးလို့ခေါ်တာ၊ သုသုကကျတော့ ဦးရေခဲလို့ခေါ်တယ်။ သူက သဝန်တိုတာမျိုး သိပ်မရှိဘူး။ Chemistry မိတယ်ပဲပြောတာ သူ့အတွက် ထူးထူးဆန်းဆန်းဖြစ်နေတာပေါ့နော်။ သူ့စိတ်ထဲမှာက သူ့ အမျိုးသမီးကို တခြားအမျိုးသားတစ်ယောက်နဲ့ Couple အဖြစ် သူမြင်ရတာ လို့ပဲပြောတာ’’ လို့ သူကဆိုပါတယ်။

Photo: Jason ya

အဲဒီနောက် အွန်လိုင်းစာမျက်နှာပေါ်မှာ ပျံ့နှံ့နေခဲ့တဲ့ Now & Ever ရုပ်ရှင်အထူးပြပွဲတုန်းက ခီမောင်နှံရဲ့အလယ်မှာ ထိုင်ခဲ့တဲ့ ဓာတ်ပုံလေးအကြောင်းကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ ဒါကလည်း ပရိုဂျူဆာ အစ်မ ချပေးတဲ့အတိုင်းထိုင်မိသွာတာပါ။ သုသုက ဘယ်ဘက်က သွားတဲ့ ဒီခုံမှာ ထိုင်တဲ့။ ပြီးတော့ ရောက်လည်းရောက်သွားရော ဒီဘက်ကြည့်လိုက်တော့ မခရစ္စ၊ ဟိုဘက်ကြည့်လိုက်တော့ ကိုဇဏ် ပေါ့နော်။ ကိုဇဏ် နေရာလဲမလားလို့ဆိုတော့ မဟုတ်ဘူးတဲ့ သူတို့ကကျတော့ International Red Carpet လျှောက်တဲ့ ပုံစံမျိုးသွားတာ’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၄ ရက်နေ့က Oppo Reno 2/Reno2F မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Paing Phyo Thu

ဒီပွဲမှာလည်း ခင်ပွန်းဖြစ်သူကို မသိမသာလေးရှာဖွေနေခဲ့မိသေးတယ်လို့ ပိုင်ဖြိုးသုက ပြောပါတယ်။ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဝေဖန်ပေးတာကိုလည်း လိုချင်တယ်လို့ ဆိုပါတယ်။

‘’ ကိုယ်က ကိုဏကြီးကို ရှာနေခဲ့တာ။ သူတို့ကနေရာချထားပေးတာခြင်းလည်း မတူဘူး။ တကယ်တော့ ကိုဏကြီးက အပေါ်ထပ်မှာ သုသုက အောက်ထပ်ပေါ့။ သူ့ဆီက Comment ကို အရမ်းလိုချင်ခဲ့တာ။ သူဘာပြောမလဲပေါ့နော်။ စင်ပေါ်သာတက်နေတာ အပေါ်ကို လှမ်းလှမ်းကြည့်ပြီ သူဘာပြောမလဲ၊ သူဘာပြောမလဲဆိုပြီး လိုက်ရှာတာ ရှာလို့ကလည်း မတွေ့ဘူး’’ ဆိုပြီးတော့ သဘောကျရယ်မောရင်းပြောပြလာပါတယ်။

Photo: Paing Phyo Thu

Now & Ever ရုပ်ရှင်ကားကြီးကိုတော့ အောက်တိုဘာလ ၃၁ ရက်နေ့ဆိုရင် ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ပိုင်ဖြိုးသုနဲ့ ခင်ပွန်းဖြစ်သူ ဒါရိုက်တာ ဏကြီးတို့ဟာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်းမှာ မင်္ဂလာဆောင်ခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်လည်း ဇနီးမောင်နှံနှစ်ယောက်ပေါင်းပြီး Fatty Gangster Production ဆိုတဲ့ ရုပ်ရှင်ထုတ်လုပ်ရေး အသစ်တစ်ခု တည်ထောင်လိုက်ပါပြီ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က