သူတို့က အရမ်းအချိန် တိကျတယ်။

အေးမြတ်သူကတော့ သူမရဲ့ အနုပညာအလုပ်တွေကို ပြည်ပနိုင်ငံက ပညာရှင်တွေနဲ့ပါ ပူးပေါင်းလုပ်ကိုင်လျှက်ရှိလာတာ တွေ့ရပါတယ်။ ဒါကြောင့် ပြည်ပနိုင်ငံသားတွေရဲ့ အလုပ်အပေါ်ထားတဲ့ သဘောထားတွေကို ပြန်လည်မျှဝေခဲ့ပါတယ်။

သရုပ်ဆောင်အေးမြတ်သူက ပြည်ပနိုင်ငံက ဒါရိုက်တာ အဖွဲ့ဝင်တွေ၊ ပြည်ပအနုပညာရှင်တွေလည်း ပါဝင်မယ့် ရုပ်ရှင်ဇာတ်ကားသစ်ကြီးကို ရိုက်ကူးတော့မယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ ဒီဇာတ်ကားကတော့ ‘’ကောင်းကင်မရှိတဲ့ ကြယ်’’ရုပ်ရှင်ကားကြီးပါ။



‘’အေးမြတ်သူအတွက်ကတော့ နိုင်ငံခြား Crew တွေနဲ့ရိုက်တာ ဒုတိယအကြိမ်မြောက်ပါ။ ဒီဇာတ်ကားထဲမှာ တော့ တကယ့်ကို ကမ္ဘာကျော်တဲ့ DOP တွေ၊ စက်ပိုင်းဆိုင်ရာတွေနဲ့ တွေ့ရမယ်ဆိုတော့ အရင်တုန်းကထက်ပိုပြီး စိတ်လှုပ်ရှားတယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၅ ရက်နေ့က ‘’ကောင်းကင်မရှိတဲ့ ကြယ်’’ ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲကိုတက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

သူမဟာ ‘’တန်ဖိုး’’ရုပ်ရှင်ဇာတ်ကားတုန်းကလည်း နိုင်ငံခြား ဒါရိုက်တာ၊ နိုင်ငံခြား စက်အဖွဲ့တွေနဲ့ ရိုက်ကူးခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့်လည်း အေးမြတ်သူက ပြည်ပအနုပညာရှင်တွေဆီကနေ ရရှိလာတဲ့ အတွေ့အကြုံတွေကို ပြန်လည် မျှဝေပေးခဲ့ပါတယ်။

‘’နိုင်ငံခြားအဖွဲ့တွေနဲ့ ဇာတ်ကားရိုက်ဖူးထားတဲ့အခါကျတော့ ပြည်ပအနုပညာရှင်တွေက အချိန်တိကျမှုရှိတယ်။ လုပ်ငန်းအပေါ်အာရုံစိုက်မှု အပြည့်အဝရှိတယ်။ အလုပ်အပေါ်ထားတဲ့ သူတို့ရဲ့ စိတ်ကိုလည်း သိတယ်။ ကိုယ့် အချင်းချင်းကတော့ နောက်ကျမယ်၊ မလာသေးဘူးနော်၊ ပြီးပြီလားဆိုတာတွေ ပြောလို့ရတယ်။ သူတို့မှာက မရဘူး အဲဒီလို အတွေ့အကြုံတွေ ရှိခဲ့ပါတယ်’’ လို့ သူကဆိုပါတယ်။

‘’ကောင်းကင်မရှိတဲ့ ကြယ်’’ ရုပ်ရှင်ဇာတ်ကားကိုတော့ Media 7 ကနေ ထုတ်လုပ်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကိုတော့ မြန်မာ၊ ထိုင်း၊ အမေရိကန် နဲ့ ဂျပန် စသည့် နိုင်ငံ အသီးသီးက အနုပညာရှင်တွေနဲ့ ပူးပေါင်းရိုက်ကူးသွားမှာဖြစ်ပါတယ်။ ပါဝင်ကြမယ့် သရုပ်ဆောင်တွေကတော့ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ဟိန်းထက်၊ ထိုင်းနိုင်ငံက အနုပညာရှင်တွေဖြစ်ကြတဲ့ Ken Phuphoom Pongpanu ၊ Korn Kang တို့အပြင် အေးမြတ်သူ၊ မိုးစက်ဝိုင်၊နွယ်ဒါလီထွန်း နဲ့ ထိုင်းမင်းသမီးချောလေး Smile Parada တို့က ပါဝင်သွားမယ်လို့ သိရပါတယ်။ ဒါရိုက်တာကတော့ အကယ်ဒမီသြရသက ရိုက်ကူးပုံဖော်သွားမှာပါ။

အေးမြတ်သူ(Aye Myat Thu)ဟာ အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုဆိုရင်တော့ အသက် ၃၃ နှစ်ကျော်ပြီဖြစ်တဲ့ မင်းသမီးချောတစ်ယောက် ဖြစ်ပါတယ်။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ လက်ရှိမှာလည်း ပရိသတ်အခိုင်အမာနဲ့ အောင်မြင်နေတဲ့ သရုပ်ဆောင်ဖြစ်ပြီး အနုပညာအလုပ်တွေကို တစိုက်မတ်မတ် ဆောင်ရွက်နေတာကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က