ပြည်တွင်းမှာလည်း အနုပညာအလုပ်တွေ လုပ်ချင်ပါသေးတယ်။

မေမြတ်နိုးဟာ ပြည်ပအနုပညာရှင်တွေနဲ့ အတူ အနုပညာအလုပ်တွေ မကြာခဏေ လုပ်နေရပေမယ့် မြန်မာနိုင်ငံအတွင်းက အနုပညာအလုပ်တွေလည်း လုပ်ချင်တယ်လို့ ဆိုပါတယ်။ သူမဟာ မကြာသေးခင်က ကမ္ဘာကျော်ဟောလိဝုဒ်ဇာတ်ကားဖြစ်တဲ့ ‘'Invincible'' ဇာတ်ကားထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

Photo: May Myat Noe

သရုပ်ဆောင်မေမြတ်နိုးဟာ မြန်မာနိုင်ငံမှာ အနုပညာအလုပ်လုပ်ရတာထက်၊ ပြည်ပနိုင်ငံက အနုပညာရှင်တွေနဲ့ အတူတွဲ အလုပ်လုပ်ရတာ ပိုများတယ်လို့ ဆိုပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ အနုပညာရေစီးကြောင်းပေါ်မှာလည်း လျှောက်ချင်တဲ့ သူ့ရဲ့ ဆန္ဒကို Duwun Media ရဲ့ သီးသန့်အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။

‘’ကံမကောင်းတာလား၊ ကံကောင်းတာလား မြတ်နိုးလည်း မသိပါဘူး။ ပြည်တွင်းနဲ့လည်း အကျိုးပေးချင်ပါတယ်။ အဓိက ကတော့ မြန်မာလူမျိုးဖြစ်တဲ့အတွက် မြန်မာနိုင်ငံက အနုပညာလှုပ်ရှားမှုကို ပိုလုပ်ချင်တာပေါ့နော်။ ဒါကကောင်းတာလား မကောင်းတာလားတော့ မသိပါဘူး။ နိုင်ငံခြားနဲ့ အကျိုးပေးတာ မှန်ပေမယ့် မြန်မာပြည်မှာလည်း အများကြီးလုပ်ချင်ပါတယ်။’’ လို့ ဆိုပါတယ်။

Photo: May Myat Noe

အခုနောက်ပိုင်း အက်ရှင်ဇာတ်ကားတွေ ခေတ်စားလာတဲ့အပေါ်မှာတော့ မေမြတ်နိုးက ဝမ်းသာပီတိဖြစ်မိတယ်လို့ ဆိုပါတယ်။ ဒါကလည်း သူ့ရဲ့ ခန္ဓာကိုယ်အချိုးအစား၊ ရုပ်ရည်နဲ့ ပတ်သက်ပြီး အခွင့်အရေးတစ်ခုဖြစ်ပေါ်လာတယ်လို့ ခံယူချက်ထားတဲ့အကြောင်း ဆက်လက်ဖြေဆိုခဲ့ပါတယ်။

‘’ မြတ်နိုးက မြန်မာအမျိုးသမီး သရုပ်ဆောင်တွေလို ခန္ဓာကိုယ်အချိုးအစား မဟုတ်တဲ့အတွက်၊ မျက်နှာပေါက်ကလည်း မဟုတ်တဲ့ အတွက်လို့တော့ ထင်တယ်။ ဒါပေမယ့် အခုနောက်ပိုင်းမှာ ဇာတ်အရ ပြောင်းလဲလာတာတွေ တွေ့ရတဲ့အတွက် ဝမ်းသာတယ်၊ မြတ်နိုးတို့အတွက် စိန်ခေါ်မှုအသစ်တွေ ရတာပေါ့’’ လို့ ဗျစ်ရည်ဆိုင်စောင့်တဲ့ ဘီလူးရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။

Photo: May Myat Noe

မေမြတ်နိုးက ‘’ဒိုင်ယာရီ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ဝါရင့်သရုပ်ဆောင်ကြီးတွေနဲ့ အတူ ရိုက်ကူးခဲ့ပြီးဖြစ်ပါတယ်။ နောက်ထပ်လည်း ရုပ်ရှင်ကားကြီးတွေ ရိုက်ကူးဖို့ လက်ခံထားသေးတယ်လို့ ဆိုပါတယ်။

‘’ ပြည်တွင်းမှာဆိုရင်တော့ ဒရာမာကားတွေ ပိုပြီးတော့ သရုပ်ဆောင်ချင်တယ်။ ပြီးတော့ အက်ရှင်ကားတွေလည်း သရုပ်ဆောင်ချင်တယ်၊ ကမ်းလှမ်းထားတာတွေလည်း ရှိပါတယ်။ အက်ရှင်နဲ့ ပတ်သက်ပြီး လေ့လာဖို့ ကိုယ့်ကိုယ်ကိုယ်အဆင်သင့်ဖြစ်နေအောင် လေ့ကျင့်တာပါ။ တချို့ကားတွေမှာ ပါဝင်ရတဲ့ အခန်းတွေက နည်းတာတွေလည်း ရှိပါတယ်။ ဒါကတော့ အများကြီး ကြိုးစားသင့်သေးတယ်လို့ ထင်ပါတယ်’’ လို့ သူကဆိုပါတယ်။

မေမြတ်နိုးဟာ လက်ရှိမှာ ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးလျှက်ရှိတာကိုတွေ့ရပါတယ်။သူပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း မကြာခင် ပရိသတ်အရှေ့ကို ရောက်လာတော့မှာပါ။သူ့အနေနဲ့ မြန်မာနိုင်ငံတွင်းသာမက ပြည်ပမှာပါ အနုပညာလှုပ်ရှားမှုတွေလုပ်နိုင်ဖို့ ကြိုးစားနေသူ

ဖြစ်ပါတယ်။ သူမကိုတော့ ‘’အိပ်မက်ဆုံရာ Season-6’’ သီချင်းဆိုပြိုင်ပွဲကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာခဲ့ကြတာပါ။ အဲဒီနောက် Miss Asia Pacific World 2014 ရဲ့ Winner ဆုကိုလည်း ရရှိပိုင်ဆိုင်ခဲ့သူတစ်ယောက်ပါ။ နောက်ထပ်လည်း ကမ္ဘာကျော် ဟောလိဝုဒ်သရုပ်ဆောင်မျာ နဲ့အတူ ''Invincibl e'' ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။



က္က