Hair Style အသစ်လေးအကြောင်းပြောပြလာပါတယ်။

ရဲရင့်အောင်ကတော့ သူ့ရဲ့ ဆံပင်စတိုင်လ်အသစ်လေး အပေါ် ချစ်သူဖြစ်တဲ့ ဧငြိမ်းဖြူရဲ့ သဘောထားကို ပြောပြလာပါတယ်။ 

Photo: Htike



ရဲရင့်အောင်ဟာ ဆံပင်ပုံစံပြောင်းလိုက်တဲ့ အချိန်မှာ ချစ်သူလေး ဧငြိမ်းဖြူက ရုတ်တရက်တွေ့ရင်တောင် မမှတ်မိနိုင်လောက်တဲ့အထိဖြစ်သွားတယ်လို့ ဆိုပါတယ်။ ဧငြိမ်းဖြူကတော့ သပ်သပ်ရပ်ရပ် ပုံစံလေးကို သဘောကျတယ်လို့ မီဒီယာတွေကို ပြောပြလာပါတယ်။ 

“ ကျွန်တော့်ရဲ့ ဒီဆံပင်ပုံစံပြောင်းပြီး နောက်တစ်ရက် သူနဲ့တွေ့တော့ ရဲရင့်အောင်ဆိုတာကို သူလက်ခံလို့မရသေးဘူး။ ရုတ်တရက်တွေ့ရင် ရဲရင့်အောင် ဆိုတာကို သူ လက်မခံနိုင်သေးဘူးလို့တော့ ပြောတယ်။ သူက တကယ်တော့ သပ်သပ်ရပ်ရပ်ကြိုက်တဲ့သူ။ ဒါပေမယ့် ကျွန်တော်နဲ့ပေါင်းတော့မှ သူကိုယ်တိုင်လည်း ကို့ယို့ကားယားတွေ ဝတ်တတ်နေပါပြီ” လို့ သူကဆိုပါတယ်။ 

Photo: Htike

ရဲရင့်အောင်ကလည်း ဆံပင်ပုံစံကို သူ့ရဲ့ စိတ်တိုင်းကျပြောင်းလိုက်တာလို့ ဆိုပါတယ်။ ရှုပ်ရှုပ်ပွပွဖြစ်နေတဲ့ ဆံပင်စတိုင်လ်လေးကို သဘောကျတယ်ဆိုပြီးတော့ သြဂုတ်လ(၁၆) ရက်နေ့က G.O.A.T အခွေ မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။ 

“ ကျွန်တော် ဒီဆံပင်ပုံလုပ်ချင်တာက အရင်တုန်းကတည်းကပါ။ ဆံပင်ကို ကောက်ပြီးတော့ ဖွပစ်လိုက်ချင်တဲ့ ဆန္ဒပေါ့နော်။ ပြီးတော့ တစ်ခုခုဆို အရမ်းကြီးပြင်ဆင်နေရတာ ကျွန်တော်နဲ့ အဆင်မပြေဘူးလို့ထင်တယ်။ စုတ်စုတ်ပြတ်ပြတ် ရှုပ်ရှုပ်ပွပွနေချင်လို့ပေါ့နော်။ ကျွန်တော့် ဘေးက လူတွေကတော့ ဘယ်လို ဘယ်လိုဆိုတာ Comment သိပ်မပေးကြဘူး” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Htike

ရဲရင့်အောင်ကတော့ " ငါ့နေရာ" ဆိုတဲ့ သီချင်းကနေတဆင့် ပရိသတ်သိခဲ့သူ တစ်ယောက်ပါ။ အခုဆိုရင်တော့ ဂီတလောကမှာ ပရိသတ်အားပေးမှု အခိုင်အမာနဲ့ အောင်မြင်လာတဲ့ အဆိုတော် တစ်ယောက် ဖြစ်လို့နေပါပြီ။ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေဖြစ်တဲ့ " သဝေထိုးခခွေးယပင့်" သီချင်းအခွေကို ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ခုနှစ် သြဂုတ်လ(၁၈) ရက်နေ့မှာတော့ သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေဖြစ်တဲ့ G.O.A.T အခွေကို ထွက်ရှိမယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က