ဒီသီချင်းက အရမ်း Ro တယ်။

ဖြူဖြူကျော်သိန်းကတော့ Private Dating သီချင်းလေးထဲက စာသားတွေဟာ သူမကို ဆိုချင်စိတ်ဖြစ် စေခဲ့တဲ့အကြောင်းတွေ ပြောပြလာပါတယ်။ 

Photo: Phyu Phyu Kyaw Thein



အဆိုတော် ဖြူဖြူကျော်သိန်းကတော့ သိန်းလင်းစိုးနဲ့ အတူ တွဲသီဆိုထားတဲ့ တဲ့ Private Dating သီချင်းလေးဟာ ပရိသတ်တွေ ကြားထဲမှာ အောင်မြင်လျှက်ရှိပါတယ်။ ဒီသီချင်းလေးဟာ သူမ အတွက် Challenge တစ်ခု ဖြစ်ခဲ့တဲ့ သီချင်းလေးဖြစ်ခဲ့တယ်လို့ Duwun ကနေ ပြောပြလာပါတယ်။  

" ဖြူဖြူ တစ်ခါမှ မဆိုဖူးဘူး၊ ဖြူဖြူ့အတွက်လည်း challenging ဖြစ်တယ်။ ဒီသီချင်းကို ဘာလို့ ဆိုဖြစ်သလဲ ဆိုတာက ပိုစိတ်ဝင်စားဖို့ကောင်းတာပါ။ ဘာလို့ဆိုဖြစ်တာလဲ ဆိုရင် ဖြူဖြူက challenge ကို ကြိုက်တယ်၊ စွန့်စားရတာကို ကြိုက်တယ်။ အောလီအောလတ် စွန့်စားရ တာမျိုးတော့ မကြိုက်ဘူး။ ကိုယ့်ရဲ့ Image ၊ ကိုယ့်ရဲ့ ပုံစံနဲ့ မကိုက်ညီတဲ့ စွန့်စားမှုမျိုးတော့ ဖြူဖြူ မလုပ်ချင်ဘူး။ ဒါပေမယ့် ဒီသီချင်း သိန်းလင်း ယူလာတဲ့ အချိန်မှာ ဒီသီချင်းကို ဆိုချင်စိတ်ဖြစ်အောင် convince လုပ်နိုင်တာက သူ့ရဲ့ စာသား။ ဒီစာသားတွေက အရမ်းကဗျာဆန်တယ်" လို့ သူက ဆိုပါတယ်။ 

Photo: Phyu Phyu Kyaw Thein

Private Dating သီချင်းလေးကို ဇူလိုင်လ (၁၀) ရက်နေ့ မနက်(၁၀) နာရီကျော်က ဖြူဖြူကျော်သိန်းရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ တင်ခဲ့တာ ဖြစ်ပါတယ်။ အခုဆိုရင်တော့ အားပေးကြည့်ရှုသူ ပရိသတ်တွေကလည်း ၅ သိန်းကျော်ခဲ့ပါပြီ။ သီချင်းရဲ့ စာသားတွေကလည်း ဆိုချင်စိတ် ဖြစ်အောင် ဆွဲဆောင်မှုရှိတယ်လို့ ဖြူဖြူကျော်သိန်းက ပြောပါတယ်။ 

“ သူ့ သီချင်း စာသားကအရမ်းကောင်းတယ်၊ ဖြူဖြူ့ကို ဆိုချင်စိတ် ဖြစ်စေတယ်။ အောပြီး ရိုင်းမနေတာ၊ အတုံးလိုက်၊ အတစ်လိုက်တွေ ဖြစ်မနေဘူး၊ အရမ်း Ro တယ်၊ ဖြင်းဖြင်း ဖြင်းဖြင်း တော့ ဖြစ်စေတယ်၊ ကြက်သီးတော့ ထစေတယ်၊ ဖိုး သိုးဖက်သက်တော့ ဖြစ် စေတယ်။ ဒါပေမယ့် အရမ်းပေါက်ပန်းဈေး ဆန်ပြီးတော့ ကွင်းကွင်း ကွက်ကွက် နဲ့ ရိုင်းမနေဘူး ဆိုတာက ဖြူဖြူ့ကို ဆိုစေတဲ့၊ ဆုံးဖြတ်စေတဲ့ အရာပေါ့နော်” ဆိုပြီးတော့ L’Oreal ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Dior

ဖြူဖြူကျော်သိန်းကိုယ်တိုင်ကလည်း အဆိုတော် သိန်းလင်းစိုးနဲ့ တွဲဖက်ပြီး Private Dating Music Video လေးထဲမှာ ပါဝင်သရုပ်ဆောင်ထားတာပါ။ ဒီ သီချင်းထဲက ဆိုပုံ ဆိုနည်းလေးတွေနဲ့ ပတ်သက်ပြီး ပရိသတ်ဆီက Feedback လေးကို ပြန်ကြားချင်မိတယ်လို့လည်း ဆက်လက် ပြောပြထားပါသေးတယ်။ 

" ဖြူဖြူ ပိုပြီးတော့ ကြားချင်တာလေး တစ်ခုတော့ရှိတယ်။ အဲဒါကလည်း Audio ကို နားထောင်ပြီးတဲ့ အခါမှာ ဖြူဖြူ ဆိုထားတာလေးက အရင်နဲ့ မတူဘူး။ ဘယ်လိုလေး ကြိုးစားထားတာ။ အသံနဲ့ သရုပ်ဆောင်ထားတာ ဘယ်လို ဆိုတာမျိုးလေးကို သိပ်ကြားချင်တာပဲ တစ်ယောက်မှ လာမပြောသေးဘူး။ အမှန်တကယ်တော့ တကယ့် အနှစ်သာရနဲ့ ပညာက အဲဒီမှာ ပါတာ" လို့ သူက ဆိုပါတယ်။ 

Photo: Phyu Phyu Kyaw Thein

“တတိယမြောက် ရည်းစားစကားနိဒါန်း” ဆိုတဲ့ သီချင်းကို အဆိုတော် ဘိုဘိုဟန်ရဲ့ ဂီတဖျော်ဖြေပွဲမှာ စပြီး သီဆိုခဲ့ချိန်က ပရိသတ်တွေ စတင်သိရှိခဲ့တဲ့ ဖြူဖြူကျော်သိန်း ဟာ အခုချိန်မှာတော့ ဂီတလောကမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဖြစ်လို့လာပါပြီ။ ဖြူဖြူကျော်သိန်း(Phyu Phyu Kyaw Thein)ဟာ ဂီတလောကကို စတင်ဝင်ရောက်လာကတည်းက ဆန်းသစ်တဲ့ ဖက်ရှင်များ၊ အသံပါဝါကောင်းကောင်းနဲ့ ချိုသာသော အပြုံးတွေကို ပိုင်ဆိုင်ထားတဲ့ အမျိုးသမီး အဆိုတော် တစ်ယောက်ပါ။ တစ်ကိုယ်တော်အခွေတွေလည်း အများကြီး ထွက်ရှိထားတာ ဖြစ်သလို တစ်ကိုယ်တော် ဖျော်ဖြေပွဲတွေလည်း လုပ်ခဲ့ဖူးသူ တစ်ယောက်ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပရိသတ်အခိုင်အမာနဲ့ ရပ်တည်နေတဲ့ အဆိုတော် တစ်ယောက်ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က