သူကိုယ်တိုင်ဝယ်ထားတဲ့ သီချင်းကို အခွေမထွက်ခင်မှာ သူများတွေက ဆိုတောင်ဆိုနေကြပြီတဲ့။

မာရီကိုးလ်က သူမကိုယ်တိုင်ဝယ်ထားတဲ့ သီချင်းက တခြားသူတွေ သီဆိုနေကြတဲ့ လုပ်ရပ်အပေါ် စိတ်မကောင်းဖြစ်လို့နေပါတယ်။ သူမဟာ တစ်ကိုယ်တော် သီချင်းအခွေထွက်လာနိုင်ဖို့ နှစ်နဲ့ချီ ကြိုးစားနေရတယ်လို့လည်း ပြောပါတယ်။

Photo: Win Min Lae

မာရီကိုးလ်ဟာ လက်ရှိမှာ သူမရဲ့ တစ်ကိုယ်တော်အခွေထွက်ဖို့ ပြင်ဆင်နေတာ တွေ့ရပါတယ်။ ဒီအခွေထဲမှာ ပါဝင်မယ့် သီချင်းတစ်ပုဒ်ဟာ သူမကိုယ်တိုင် ဝယ်ယူထားပြီးခဲ့ပေမယ့် တစ်ကိုယ်တော်အခွေမထွက်ခင် တခြားသူတွေ သီဆိုနေတာကို တွေ့ရတာကြောင့် စိတ်မကောင်းဘူးလို့Duwun mediaကနေ ပြောပြခဲ့ပါတယ်။

‘’တစ်ယောက်နဲ့ တစ်ယောက် စည်းလေးတစ်ခုရှိစေချင်တာပေါ့နော်။ အလုပ်တိုင်းကိုလည်း Professional ဆန်ဆန်လေး သွားတာမျိုးဖြစ်စေချင်တယ်။ အခုကျတော့ အဲဒီလို လုပ်လိုက်တာကြီးက Professional မဆန်ဘူးလေ။ အစ်မတို့က အလုပ်လုပ်ရင် Professional ဆန်ဆန်ပဲ အလုပ်လုပ်တာဆိုတော့ အဲဒီလိုလေးတွေ ဖြစ်လာတဲ့အခါမှာ စိတ်တော့ မကောင်းဘူး’’ လို့ ဆိုပါတယ်။

Photo: မာရီကိုးလ်

သူမဟာ အနုပညာအလုပ်တွေကို ပရဟိတအလုပ်တွေ လုပ်နေတဲ့ကြားက ကြိုးကြိုးစားစားဆောင်ရွက်နေတာဖြစ်ပါတယ်။ အခုထွက်ရှိလာမယ့် တစ်ကိုယ်တော်အခွေကိုလည်း မကြာခင် ပရိသတ်လက်ထဲအရောက်ပို့မယ်လို့ဆိုပါတယ်။

‘’ အခွေ ပြင်ဆင်နေတာကတော့ ၂ နှစ်ကျော် ၃ နှစ်လောက်ရှိပြီ။ အခုလာမယ့် ၁၀လပိုင်း၊ ၁၁ လပိုင်းလောက်ထွက်နိုင်အောင်ကြိုးစားနေတာပါ။ အစ်မက Mini Album ပဲ ထွက်မှာဆိုတော့ ၇ပုဒ် သို့မဟုတ် ၈ ပုဒ်ဖြစ်မှာပေါ့။ သီချင်းခေါင်းစဉ်လေးကိုတော့ မပေးရသေးပါဘူး’’ လို့ သူကပြောပါတယ်။

Photo: Maricole

မာရီကိုးလ်ဟာ အနုပညာအလုပ်တွေကို ရူးသွပ်လွန်းတာကြောင်း ဝေးလံလွန်းလှတဲ့ နာဂဒေသကနေတဆင့် ရန်ကုန်မှာနေထိုင်ရင်း သူမရဲ့ ဝါသနာကို အကောင်အထည်ဖော်နေသူဖြစ်ပါတယ်။ တစ်ယောက်တည်း ကြိုးစားနေရတာဖြစ်တဲ့အတွက် အခက်အခဲတွေလည်း အများကြီး ကြုံရပါတယ်တဲ့။

‘’ ဂီတဘက်ကတော့ ကျွမ်းကျင်တဲ့အပိုင်းမဟုတ်တော့ အခက်အခဲတွေ အများကြီးရှိတယ်။ တချို့တွေက မင်းသမီးမို့လို့ သရုပ်ဆောင်ဖြစ်လို့ ဂျင်းထည့်ပြီး ပိုက်ဆံတွေ လှိမ့်တောင်းတဲ့ တေးရေးဆရာတွေလည်း ကြုံဖူးပါတယ်။ ပြီးရင် ကိုယ်က သေသေချာချာပြောပြီး လိုချင်တဲ့အကြောင်းအရာကို ပြောပြီး အပ်ထားတာ တစ်မျိုး၊ ထွက်လာတော့ တစ်မျိုး တေးရေးဆရာတွေလည်းရှိတယ်။ ဒါကတော့ အခက်အခဲလေးတွေပါ။ တချို့ကျတော့လည်း စိတ်ရင်းစေတနာနဲ့ ကူညီပေးတဲ့လူတွေရှိပါသေးတယ်’’ လို့ သူကဆိုပါတယ်။

Photo: Maricole

မာရီကိုးဟာ နာဂတိုင်းရင်းသူတစ်ယောက်ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်ကို ဝါသနာပါလွန်းတဲ့အတွက် မော်ဒယ်သင်တန်းတက်ရင်း အနုပညာလောကထဲဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ တီဗီကြော်ငြာတွေလည်း ရိုက်ကူးထားတာဖြစ်သလို ဗီဒီယိုဇာတ်ကားတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိအားပေးလာခဲ့တဲ့ အနုပညာရှင်တစ်ယောက်ပါ။ အခုဆိုရင်လည်း ပရိသတ်အခိုင်အမာ ရရှိလို့နေပါပြီ။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က