မကြာခင်က ချစ်သူနဲ့ လမ်းခွဲလိုက်ပါပြီတဲ့။

နေခြည်ဦးဟာ သံယောဇဉ်တွေဖြစ်လာပြီးမှ လမ်းခွဲလိုက်ရတဲ့ အချစ်ရေးအပေါ် လုံးဝ နောင်တမရဘူးလို့ဆိုပါတယ်။ တစ်ယောက်နဲ့တစ်ယောက်က အမုန်းတွေမရှိဘူးလို့ သူကပြောပါတယ်။

Photo: Nay Chi Oo



နေခြည်ဦးကတော့ ပရိသတ်တွေသိပြီးသားဖြစ်တဲ့ သူ့ရဲ့ အချစ်ရေးက အခုချိန်မှာ တကယ်ကို အဆုံးသတ်သွားပြီလို့ ဆိုပါတယ်။ အခုချိန်မှာတော့ အလုပ်တွေ ပိုလုပ်ဖြစ်နေမယ်လို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့်ဖြေဆိုခဲ့ပါတယ်။

‘’ အခုက တစ်ယောက်တည်းဖြစ်သွားပြီဆိုတော့ မန်နေဂျာက အလုပ်တွေစွတ်ခိုင်းနေပြီ။ အခုချိန်ကတော့ အဆင်ပြေပါတယ်။ ဒါပေမယ့် အခုချိန်ထိလည်း နေခြည်တို့က Facebook မှာ Friend တွေပါပဲ။ အမုန်းနဲ့ လမ်းခွဲတာတော့ မဟုတ်ပါဘူး’’ လို့လည်း စိတ်မကောင်းစွာနဲ့ ဖြေဆိုခဲ့တာပါ။ 

သူမရဲ့ အချစ်ရေးကတော့ ပျော်စရာလည်းကောင်းခဲ့သလို လိုက်ဖက်ညီလွန်းလှတဲ့ စုံတွဲလေးဖြစ်တာကြောင့် အားကျခဲ့ရတဲ့ ပရိသတ်တွေလည်း အများကြီးပါ။ ဒါပေမယ့် တကယ်ကို ချစ်ခဲ့ကြသူတွေဖြစ်ပေမယ့် လမ်းခွဲခဲ့ရတဲ့ အကြောင်းပြချက်ကိုတော့ နေခြည်ဦးက ပြောပြခဲ့ခြင်းမရှိပါဘူး။

‘’ ဘယ်သူမှတော့ ဒါကြီးကို မချပြချင်ဘူး။ နေခြည်က ပိုပြီး မချပြချင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ က တော်တော်လေးလည်း သံယောဇဉ် ဖြစ်လာပြီဆိုတော့ နှစ်ယောက်စလုံးအတွက် အကောင်းဆုံး ဖြစ်မယ်ထင်လို့ နေခြည်တို့ လုပ်လိုက်တာပါ။ နေခြည်ဆိုရင်လည်း သူ့မိသားစုဝင်တွေနဲ့အရမ်းရင်းနှီးနေပြီ။ ဘာကြောင့်ရယ်၊ ဒီအချိန်မှာ ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် ပြောနေမှာ မဟုတ်တော့ပါဘူး’’ ဆိုပြီးတော့ သြဂုတ်လ ၁၄ ရက်နေ့က ‘’အိပ်မက်တွေ မိုးထားတဲ့အိမ်’’ ဇာတ်လမ်းတွဲ မိတ်ဆက်ပွဲကို တက်ရောက်ရင်း ပြောပြခဲ့တာပါ။

Photo: Nay Chi Oo

နေခြည်ဦးရဲ့ အချစ်ရေးကတော့ ပရိသတ်တွေသာမက နှစ်ဖက်မိဘတွေပါ သိရှိပြီးဖြစ်ပါတယ်။ ဒါပေမယ့် ပြတ်သွားပြီးဖြစ်တဲ့ အချစ်ကြောင့်လည်း နောင်တရမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

‘’ ရင်ထဲမှာရှိနေတာက နေခြည်တစ်ခုခုပြောလိုက်လို့ သူ့မိသားစု၊ သူကိုယ်တိုင်ကို Attack လုပ်ကြမှာတွေ၊ သို့လော သို့လော ပြောကြမှာကို နေခြည် မခံစားနိုင်ပါဘူး။ ကောင်းကောင်းမွန်မွန်နဲ့ပဲ နေခြည်တို့ Relationship တစ်ခု အဆုံးသတ်သွားတာပါ။ ဒီကိစ္စအတွက်တော့ နောင်တမရပါဘူး။ အခုချိန်မှာတော့ အရမ်းခံစားရတာပေါ့။ ဒါပေမယ့် သူသွားမယ့်လမ်းရွေးချယ်မှု၊ နေခြည်သွားမယ့်လမ်း ရွေးချယ်မှုက နှစ်ယောက်စလုံးအတွက် အဆင်ပြေဆုံးမို့လို့ပါ’’ လို့ သူကဆိုပါတယ်။

Photo: Amazing Grace

နေခြည်ဦး(Nay Chi Oo)ကိုတော့ Beauty Blogger မလေးတစ်ယောက်အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင်လောကထဲကို ဝင်ရောက်လာချိန်မှာ ‘’ရန်သူ’’ ၊ ‘’ဧည့်သည်’’၊ ‘’အောက်ဖဲမလှန်ကြေး’’ ရုပ်ရှင်ဇာတ်ကားအပြင် နောက်ထပ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ဇာတ်ကားတွေ ရိုက်ကူးထားပြီးဖြစ်ပါတယ်။ မကြာသေးခင်မှာတော့ မြန်မာလူမျိုး ဂျပန်အဆိုတော်တစ်ဦးဖြစ်တဲ့ မိုရီဆာကီဝင်းနဲ့ အတူ ‘’အိပ်မက်တွေမိုးထားတဲ့ အိမ်’’ ဆိုတဲ့ရုပ်ရှင်ကားကြီးကို ရိုက်ကူးတော့မယ်လို့ သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က