ပုဂံနဲ့ အကျိုးပေးသူလေးပါ။
Sabal Thwin

ပုဂံကိုချစ်တဲ့ မင်းသမီးလေး မေမြင့်မိုရ်ကတော့ ပုဂံမှာ နေဖို့ စဉ်းစားနေပြီလို့ ပြောပါတယ်။ ပုဂံမြို့သူဝင်စားလေသလားလို့တောင် ပြောကြပါတယ်တဲ့။

Photo: 1014

မေမြင့်မိုရ်ကတော့ ပုဂံနဲ့ ပတ်သက်တဲ့ ဇာတ်လမ်းတွဲတွေနဲ့ အကျိုးပေးတဲ့ မင်းသမီးချောလေးပါပဲ။ သူမကိုယ်တိုင်ကလည်း ပုဂံကို ချစ်တဲ့သူဖြစ်လို့ ပုဂံမှာ နေချင်တယ်လို့ Duwun Media ကနေ ပြောပြခဲ့ပါတယ်။

“ပုဂံကို အရမ်းချစ်တယ်၊ ပုဂံမှာ အမြဲတမ်းနေချင်တဲ့ ဆန္ဒရှိတယ်။ ပုဂံကို အရမ်းချစ်တဲ့အထဲမှာပါတယ်။ ပုဂံရောက်ရင်ကို အရမ်းပျော်တာ။ ပုဂံမှာနေချင်တယ်။ နေဖို့လည်း လုပ်နေပါတယ်။ အခုတော့ မဟုတ်ဘူး အသက်ကြီးရင်နေဖို့ပေါ့နော်။ ပြီးတော့ ပုဂံမှာ အလုပ်တစ်ခုခုလုပ်ဖို့လည်း စဉ်းစားထားတယ်” ဆိုပြီးတော့ ဒီဇင်ဘာလ ၁၅ ရက်နေ့က ၁၀၁၄ ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: A Linn Young

မေမြင့်မိုရ်ဟာ “ပုဂံမြို့သူ” ရုပ်သံဇာတ်လမ်းတွဲမှာပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ နောက်ထပ်လည်း “၁၀၁၄” ရုပ်ရှင်ကားကြီးထဲမှာလည်း ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။ ဒီဇာတ်ကား ၂ ကားစလုံးကို ဒါရိုက်တာကျော်သူ ရိုက်ကူးတာဖြစ်ပြီး ပုဂံမှာ ရိုက်ကူးခဲ့တဲ့ ဇာတ်ကားတွေဖြစ်တယ်လို့ သိရပါတယ်။

“ ဦးမောင်ကတော့ ပုဂံမြို့သူများဖြစ်ခဲ့သလားဆိုပြီးတော့ အရမ်းပြောတယ်။ ပြီးတော့ ဦးမောင်ကိုယ်တိုင်လည်း အဲဒီတုန်းကဆိုရင် တစ်ခုခု ခံစားရတာမျိုးတွေ၊ အမှတ်ရတာမျိုးတွေရှိတယ်။ ညီမဆိုရင် ပုဂံမြို့သူရိုက်တုန်းက အိပ်မက်မက်တာတွေ၊ ဝင်ပူးတာမျိုးတွေ ခံစားဖူးတယ်။ ပုဂံနဲ့ ပတ်သက်လာရင်တော့ အမှတ်တရတွေက အများကြီးပဲ” လို့ မေမြင့်မိုရ်က ပြောပါတယ်။

Photo: Kyaw Thu

သရုပ်ဆောင် မေမြင့်မိုရ် ကိုတော့ ရုပ်သံဇာတ်လမ်းတွဲတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲဒီနောက် ‘’ပန်းနုသွေး’’ ရုပ်သံဇာတ်လမ်းတွဲကနေ ပရိသတ်အခိုင်အမာ ရရှိပိုင်ဆိုင်ခဲ့သူပါ။ လက်ရှိမှာလည်း ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ ရိုက်ကူးနေတာကို တွေ့ရပါတယ်။ ၂၀၁၉ခုနှစ် ဧပြီ(၅) ရက်နေ့က ပြုလုပ်တဲ့ Star Awards ဆုပေးပွဲမှာ Best Rising Star Female Award ကို ရရှိခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က