သူမရဲ့ ကြိုးစားမှုတွေကို ချပြခွင့်မရတော့ဘူး။

သင်ဇာဝင့်ကျော်က အောက်ခြေ လူတန်းစားတစ်ရပ်ရဲ့ နေထိုင်မှုပုံစံတွေကို ရိုက်ကူးထားတဲ့ ‘’ပိုက်ဆံရုပ်ရှင်ဇာတ်ကားကြီး’’ရုံမတင်ဖြစ်ခဲ့တဲ့အပေါ် စိတ်မကောင်းဖြစ်လို့နေပါတယ်။ သူကိုယ်တိုင်လည်း ကြိုးစားအားထုတ်မှုတွေ အများကြီး ပြင်ဆင်ခဲ့ရတဲ့ ဇာတ်ကားတစ်ကားပါတဲ့။

Photo: Moe Htet



သင်ဇာဝင့်ကျော်ဟာ  သူကိုယ်တိုင် ကြိုးကြိုးစားစား သဘာဝကျကျ ပြင်ဆင်ခဲ့ရတဲ့ ‘’ပိုက်ဆံ ရုပ်ရှင်ဇာတ်ကားကြီး’’ နဲ့ ပတ်သက်ပြီး အခုလိုရင်ဖွင့်ပြောပြလာပါတယ်။ ဒီဇာတ်ကား ရုံမတင်ဖြစ်ခဲ့တဲ့အပေါ်မှာလည်း အရမ်းကို ဝမ်းနည်းမိတယ်လို့ မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ကိုယ်ကတော့ ရုပ်ရှင်ကားကြီးဖြစ်လို့ အားစိုက်ပြီးတော့ ကြိုးစားခဲ့တယ်။ အပင်ပန်းခံခဲ့တယ်။ ဒါပေမယ့် ဘယ်အလုပ်ပဲလုပ်လုပ် အကောင်းဆုံးကြိုးစားပြီးတော့ အပင်ပန်းခံခဲ့တယ်။ ကိုယ်လည်း ရုပ်ရှင်ကားကြီးဆိုတော့ မျှော်တော့ မျှော်မှန်းခဲ့တာပေါ့။ ဒါပေမယ့်လည်း ဒီလိုမျိုးဖြစ်သွားတဲ့အခါကျတော့ ဝမ်းနည်းတာပေါ့။ ဒါပေမယ့် ဒီလိုမျိုးဖြစ်သွားတဲ့အခါကျတော့ စိတ်မကောင်းဖြစ်ပြီး ဝမ်းနည်းတာပေါ့’’ လို့ သူကဆိုပါတယ်။

Photo: Facebook

ဒီဇာတ်ကားကြီးရိုက်ကွင်းမှာလည်း ပင်ပန်းတဲ့ ဒဏ်တွေကြောင့် ဆေးရုံတင် တက်ခဲ့ရတဲ့အထိပဲလို့ သင်ဇာဝင့်ကျော်က ပြောပါတယ်။

‘’ အဲဒီကားရိုက်တုန်းကလေ တကယ်အရမ်းပင်ပန်းတာ။ သင်ဇာတောင်မှ ဝမ်းလျှောပြီးတော့ တော်တော်ဆေးကုလိုက်ရတယ်။ သွားပြီးရိုက်ရတဲ့နေရာနဲ့ တည်းရတဲ့နေရာအရမ်းဝေးတယ်။ တစ်ခါတလေကျရင် မိတ်ကပ်အမည်းတွေလိမ်းပြီး တစ်နေကုန် ဖုန်တွေထဲမှာ ပင်ပင်ပန်းပန်းသရုပ်ဆောင် ပြန်လာရင် ရေတောင်မချိုးနိုင်ပဲ အိပ်ပျော်သွားတဲ့နေ့တွေ၊ ညတွေလည်း အများကြီးပဲ။ တကယ်အရမ်းပင်ပန်းတဲ့ ကားတစ်ကားလို့ပြောလို့ရတယ်’’ ဆိုပြီးတော့ မတ်လ ဒယ်ဒီဖားကင်ရုပ်ရှင်ကားကြီး အထူးပြပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Facebook

‘’ပိုက်ဆံ ရုပ်ရှင်ဇာတ်ကားကြီး’’ထဲမှာ ပါဝင်သရုပ်ဆောင် ထားတဲ့ ဦးကျော်သူအတွက်ကိုလည်း သင်ဇာဝင့်ကျော်က စိတ်မကောင်းဖြစ်နေတယ်လို့ ဆိုပါတယ်။

‘’ ဦးကျော်သူလည်း ပါတယ်။ ဦးကျော်သူကလည်း ပထမဆုံး သူပြန်ရိုက်တဲ့ဇာတ်ကားဆိုတော့ သူ့အတွက်လည်း အများကြီး နစ်နာမှုဖြစ်နိုင်မယ်လို့ထင်တယ်။ ဘာပဲဖြစ်ဖြစ် အားလုံးကိုယ်စား သင်ဇာ စိတ်မကောင်းဖြစ်တာပါ။ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်တယ်။ ပြီးတော့ ရုံတင်စေချင်တယ်ပေါ့နော်။ ရုံမတင်ပဲနဲ့ ဒီလိုမျိုးပြတ်လိုက်တဲ့အခါကျတော့ ဆုံးရှုံးနစ်နာမှုကြီးတစ်ခုလို့ သင်ဇာထင်ပါတယ်’’ လို့ ဆက်လက်ပြောပြထားပါတယ်။

Photo: Amazing Grace

ပိုက်ဆံရုပ်ရှင်ဇာတ်ကားကြီးဟာ အောက်ခြေလူတန်းစားတွေရဲ့ နေထိုင်စားသောက်ပုံတွေကို တင်ပြထားတဲ့ ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာတော့ သရုပ်ဆောင်ကျော်သူ၊ အောင်ရဲလင်း၊ မို့မို့မြင့်အောင်နဲ့ သင်ဇာဝင့်ကျော်တို့က အဓိက ပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ သင်ဇာဝင့်ကျော်ကတော့ လက်ရှိမှာ ရုပ်ရှင်ကားကြီးတွေ၊ တီဗီကြော်ငြာတွေ ဆက်တိုက်ရိုက်ကူးနေတာကို တွေ့ရပါတယ်။



က္က