COVID-19 နဲ့ ပတ်သက်တာတွေကို အခုလို ရှင်းပြခဲ့ပါတယ်။

ဖြိုးပြည့်စုံကတော့ သင်္ကြန်အတွင်းမှာ ဖျော်ဖြေရမှာထက် ကိုယ့်ကျန်းမာရေးက အဓိက ပိုအရေးကြီးတယ်လို့ ဆိုပါတယ်။ 

Photo: Phyo Pyae Sone



COVID-19 ကြောင့် သင်္ကြန်ပွဲတွေလည်း ကျင်းပဖို့ အခွင့်အရေးမရှိတော့သလို ဖျော်ဖြေရေးတွေလည်း မရှိတော့တဲ့အပေါ် ဖြိုးပြည့်စုံက သူ့ရဲ့ သဘောထားကို Duwun media ကနေ ပြောပြလာပါတယ်။ 

“ လူတိုင်းကတော့ အသက်မွေးဝမ်းကျောင်းအတွက် အလုပ်လုပ်နေကြရတာပဲ။ ပွဲတွေ မှ မဟုတ်ဘူး တခြား စီးပွားရေးတွေလည်း အကုန်လုံး ရပ်လိုက်ရတာတွေရှိပါတယ်။ လူစုလူဝေးနဲ့ လုပ်တဲ့ စီးပွားရေးမှန်သမျှ ရပ်ပစ်လိုက်ရတာတွေရှိပါတယ်။ အားလုံးကတော့ ဘက်စုံ နစ်နာကြပါတယ်။ တကယ်တမ်းဖြစ်လာပြီဆိုရင် အကုန်လုံး ရင်ဆိုင်ကြရမှာပဲ။ ပွဲ မဆိုရတာတော့ အစ်ကိုတို့ရဲ့ ကျန်းမာရေး၊ အသက်ထက် ပိုအရေးမကြီးပါဘူး” လို့ ဆက်လက် ပြောပြခဲ့ပါသေးတယ်။ 

Photo: Phyo Pyae Sone

အခုလက်ရှိမှာတော့ မြန်မာနိုင်ငံအတွင်းမှာ COVID-19 ကူးစက်ခံရသူ (၃) ဦး တွေ့ရှိထားပြီးဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ်။ ဒါကြောင့် လူစု လူဝေးပွဲတွေဖြစ်တဲ့ အကယ်ဒမီပေးပွဲ၊ Star Awards ဆုချီးမြှင့်ပွဲ၊ Sai Sai Birthday Show အပြင် နောက်ထပ် ဂီတ ဖျော်ဖြေပွဲများ၊ သင်္ကြန်ရေကစားမဏ္ဍာပ်များနဲ့ စာနယ်ဇင်းမိတ်ဆက်ပွဲတွေလည်း ရက်တွေ ရွှေ့ဆိုင်းထားခဲ့ရတယ်လို့ သိရပါတယ်။ မင်္ဂလာပွဲများ၊ ရှင်ပြု အလှူများ နဲ့ လူစုလူဝေးဖြစ်စေမယ့် အရာမှန်သမျှကိုလည်း မကျင်းပဖို့ သက်ဆိုင်ရာ က တားမြစ်ထားတာကိုလည်း တွေ့ရပါတယ်။ အနုပညာရှင်များ အနေနဲ့ ရိုက်ကူးရေးတွေလ ည်း ရပ်နားထားရတယ်လို့ ပြောလာပါတယ်။

Photo: Phyo Pyae Sone

အဆိုတော် ဖြိုးပြည့်စုံကတော့ ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ သူဟာ COVID-19 နဲ့ ပတ်သက်တဲ့ အသေးစိတ်ကိုလည်း သူ သိထားသလောက် ပရိသတ်တွေအတွက် မျှဝေခဲ့ပါတယ်။ 

“COVID-19 နဲ့ ပတ်သက်ပြီး သီချင်းလေးတွေ ရိုက်ထားတာရှိတယ် ရုပ်သံလိုင်းကနေ ထုတ်လွှင့်သွားမှာပါ။ ဒီဗိုင်းရပ်စ်ဟာ ဝင်လာပြီဆိုတာနဲ့ ရောဂါ တန်းဖြစ်တာ မဟုတ်ပါဘူး။ ခုခံအားစနစ်နဲ့ဆိုင်တယ်။ ခုခံအားကောင်းတဲ့သူမှာ ဒီရောဂါဖြစ်ပေမယ့်လည်း ပြန်ပျောက်သွားတာမျိုးရှိပါတယ်။ အခုက အသေအပျောက်ကိုပဲ အဓိက ထားကြတာဆိုပေမယ့် ပြန်ကောင်းသွားသူတွေလည်း အများကြီးရှိပါတယ်။ အခုဆိုရင်လည်း ပြည်သူတွေ အနေနဲ့ ဘယ်လို ကာကွယ်ကြရမလဲဆိုတာ သိလောက်ပြီ ထင်ပါတယ်။ ဒီအချိန်မှာ အလှူအတန်းတွေ လုပ်မယ်ဆိုရင်လည်း Mask နဲ့ PPE တွေကို ပိုလှူစေချင်တယ်" လို့ သူကဆိုပါတယ်။ 

Photo: Phyo Pyae Sone

အဆိုတော် ဖြိုးပြည့်စုံကိုတော့ Melody World သီချင်းဆိုပြိုင်ပွဲကနေ ဂီတလောကထဲကို ခြေဆန့်ခဲ့သူတစ်ယောက်ပါ။ သူဟာ အဆိုတော် တစ်ယောက်အဖြစ်သာမက ဆရာဝန်ဘွဲ့ရရှိထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ပထမဆုံးတစ်ကိုယ်တော်အခွေဖြစ်တဲ့ " မျှော်နိုင်သမျှ" အခွေကို ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့ပါတယ်။ အဲဒီနောက် "ကြည့်ချင်ပွဲ" ၊ "အချစ်များစွာ နှင့်" ၊ " မျှော်လင့်ချက်လေး" ၊ "အလွမ်းမှတ်တိုင်" ၊ "သင်္ကြန်လေညှင်း လုလင်" ၊ "မျက်ရည်မိုး" ၊ "ကြယ်"၊ "လတ်တလော လှုပ်ရှားမှု"၊ " နွေရာသီခရီး" နှင့် " နှစ်သစ်ရောက်ပြီ" ဆိုတဲ့ Single Song လေးတွေလည်း ထွက်ရှိပြီးခဲ့ပြီဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က