လက်ရှိ မိသားစု စားဝတ်နေရေး အခက်အခဲကို ပြောပြလာပါတယ်။

လူရွှင်တော် စိစိဟာ COVID-19 ကူးစက်ရောဂါကြောင့် စီးပွားရေး အကြပ်အတည်းတွေ ဖြစ်နေရချိန်မှာ မိသားစု စားဝတ်နေရေး အခက်အခဲ ရှိတယ်လို့ ပြောပါတယ်။ 

Photo: Si Si



လူရွှင်တော် စိစိကတော့ COVID-19 ကြောင့် အလုပ်တွေ ရပ်နားထားရတယ်လို့ ဆိုပါတယ်။ ပွဲကဖို့ ငှားထားတာ ရှိပေမယ့် ပိုက်ဆံ ပြန်ပေးခဲ့ရတာကြောင့် အခက်အခဲတော့ ကြုံနေရတယ်လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။ 

“ အခုလောလောဆယ်မှာ ပွဲက ဌားပြီးတော့စရံချထားတယ်။ စရံချထားပြီး ပြန်တောင်းတော့ ပိုဆိုးတယ်။ အခြေအနေက ပွဲမက ရတဲ့အပြင် ရပြီးသား ပိုက်ဆံတောင် ပြန်ပေးလိုက်ရတယ်ဆိုတော့ စဉ်းစားသာကြည့်ပါတော့ဗျာ။ အဲဒါကလည်း သူငယ်ချင်းဖြစ်နေလို့ပါ။ ပွဲရွှေ့ပေးဆိုရင်လည်း ကျွန်တော်က ရွှေ့ပေးတယ်။ ဒါပေမယ့် စရံမရလိုက်ဘူးပေါ့” ဆိုပြီးတော့ မတ်လ ၂၇ ရက်နေ့က ရုပ်ရှင်အစည်းအရုံးက အလှူမှာ ဖြေဆိုခဲ့တာဖြစ်ပါတယ်။ 

Photo: Si Si

စိစိဟာ လူရွှင်တော် တစ်ယောက်လည်းဖြစ်၊ ဇာတ်ပို့ဇာတ်ရံ တစ်ယောက်လည်းဖြစ်တာကြောင့် မိသားစု စားဝတ်နေရေး အခက်အခဲ ဖြစ်နေတယ်လို့ သိရပါတယ်။ ဆံပင်ညှပ်ဆိုင်မှာတောင် ဆံပင်ညှပ်ခ မပေးနိုင်သေးဘူးလို့လည်း သူက ဆိုပါတယ်။ 

“ ပွဲလုပ်မယ့် မွေးနေ့ရှင်က အဆိုတော် တစ်ယောက်ရယ်၊ ကီးဘုတ်သမားတစ်ယောက်ရယ်၊ လူရွှင်တော် တစ်ယောက်ရယ် ငှားတာဆိုတော့ ညဘက်ရောက်တော့ ဆံပင်တွေညှပ်၊ ကေတွေဘာတွေ ရွှိုင်းပစ်တာပေါ့။ မနက်မိုးလင်းတော့ ပွဲပျက်တယ်လည်းဆိုရော ဆံပင်ဆိုင်အရှေ့တောင် ဖြတ်မလျှောက်ရဲဘူး။ ဆံပင်ညှပ်ခ မပေးရသေးလို့ အဲဒါတော့ အနာဆုံးပဲ။ တစ်သိန်း၊ နှစ်သိန်းလောက်ရမယ့် ပွဲလေးဆိုတော့ ကိုယ်လည်း ညှပ်မိတာပေါ့။ အလှူ့ရှင်ကို ပြောပေးပါဦး ဆံပင်ညှပ်ခလေးတော့ ပေးပါ၊ ညကြေးတော့ မပေးပါနဲ့လို့” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Si Si

လက်ရှိမှာတော့ COVID-19 ကူးစက်ခံရသူ (၁၀) ဦးရှိပြီး ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ နေရာအနှံ့ ပိုးသတ်ဆေးတွေ လိုက်လံ ဖြန်းပက်နေတာကိုလည်း တွေ့ရပါတယ်။ ဒါကြောင့် လူစု လူဝေးပွဲတွေဖြစ်တဲ့ အကယ်ဒမီပေးပွဲ၊ Star Awards ဆုချီးမြှင့်ပွဲ၊ Sai Sai Birthday Show အပြင် နောက်ထပ် ဂီ တ ဖျော်ဖြေပွဲများ၊ စာနယ်ဇင်းမိတ်ဆက်ပွဲတွေလည်း ရက်တွေ ရွှေ့ဆိုင်းထားခဲ့ရတယ်လို့ သိရပါတယ်။ မင်္ဂလာပွဲများ၊ ရှင်ပြု အလှူများ နဲ့ လူစုလူဝေးဖြစ်စေမယ့် အရာမှန်သမျှကိုလည်း မကျင်းပဖို့ သက်ဆိုင်ရာက တားမြစ်ထားတာကိုလည်း တွေ့ရပါတယ်။ အနုပညာရှင်များ အနေနဲ့ ရိုက်ကူးရေးတွေလည်း ရပ်နားထားရတယ်လို့ ပြောလာပါတယ်။  

Photo: Si Si

စိစိကိုတော့ ပရိသတ်တွေက လူရွှင်တော်တစ်ယောက်အဖြစ် စတင်သိရှိခဲ့တာ ပါ။ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယို ဇာတ်ကားတွေမှာလည်း ဇာတ်ပို့ ဇာတ်ရံ တစ်ယောက်အဖြစ် ပါဝင်သရုပ်ဆောင်လေ့ရှိပါတယ်။ သူ ပါဝင်ရတဲ့ ကာရိုက်တာတွေကတော့ မင်းသားရဲ့ သူငယ်ချင်း၊ အိမ်အကူ၊ ဆင်းရဲချို့တဲ့သူ စတဲ့ ဇာတ်ဝင်ခန်းတွေမှာ အမြဲတမ်း ပါဝင်သရုပ်ဆောင်ရသူဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က