loading...

loading...

loading...

သူ စိတ်ချရအောင်နေတယ်။
Sabal Thwin

အမရာငြိမ်းကတော့ လက်ရှိပိုင်ဆိုင်ထားတဲ့ သူမရဲ့ အိမ်ထောင်ရေးဘဝလေးကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ 

Photo: Aye Nyein Swe

အလှမယ်လေး အမရာငြိမ်းကတော့ ခင်ပွန်းဖြစ်သူကို ချစ်တဲ့ စိတ်နဲ့ စိတ်ပိုင်းဆိုင်ရာလေးတွေ ရင့်ကျက်လာနိုင်အောင် ကြိုးစားနေတယ်လို့ ဆိုပါတယ်။ သူမအပေါ် ကလေးတစ်ယောက်လို အချစ်ပိုပြီး အလိုလိုက်တတ်တဲ့ ခင်ပွန်းဖြစ်သူကြောင့်လည်း အိမ်ထောင်ရေးမှာ အရမ်းကို သာယာနေတယ်လို့ သူကပြောပါတယ်။  

“စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်လာအောင်တော့ အမျိုးသားကို သိပ်ရစ်တာတွေ မလုပ်တော့ဘူး။ သူနဲ့အတူတူအနီးကပ်နေရတဲ့အခါကျတော့ သူ ဘယ်လောက်အထိ ပင်ပန်းတယ်ဆိုတာကို သိလာတယ်။ ကိုယ်စိတ်ထင်တိုင်းရစ်တာတွေ၊ ပြဿနာရှာတာတွေ မလုပ်တော့ဘူး။ သူကတော့ ကိုယ် မပြောင်းလဲ သည်းခံနိုင်တဲ့သူပါ။ ဒါကြောင့်လည်း ကိုယ့်ဘက်က ပိုပြီးတော့ ပြောင်းလဲပေးချင်တာပါ။ သူ့ကိုလည်း ခင်ပွန်းအဖြစ်ရွေးချယ်လိုက်ရလို့ အမရာ ကံကောင်းပါတယ်။ အမရာ ကိုဇနီးအဖြစ်ပိုင်ဆိုင်ခွင့်ရထားတဲ့ သူလည်း ကံကောင်းတဲ့သူပါ”လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။ 

Photo: Aye Nyein Swe

အမရာငြိမ်းဟာ ကိုသော်ဇင်နဲ့ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ မင်္ဂလာလက်မှတ်ရေးထိုး ခဲ့တာဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ အတွင်းမှာတော့ မင်္ဂလာဦးဆွမ်းကျွေး နဲ့ မင်္ဂလာဧည့်ခံပွဲတွေ ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် မင်္ဂလာဦး တရားပွဲကိုလည်း ကျင်းပခဲ့ပါသေးတယ်။ တစ်ယောက်နဲ့ တစ်ယောက် အရမ်းချစ်ကြတဲ့ ဇနီးမောင်နှံဖြစ်တာကြောင့်လည်း သူမရဲ့ အိမ်ထောင်ရှင်ဘဝကို အားကျနေတဲ့သူတွေ အများကြီးပါ။ 

Photo: Aye Nyein Swe

အမရာငြိမ်းရဲ့ ခင်ပွန်းကတော့ စီးပွားရေးလောကထဲကပါ။ သူဟာ အလုပ်ကို အရမ်းကြိုးစားလွန်းသူ တစ်ယောက်ဖြစ်တယ်လို့ အမရာငြိမ်းက ပြောပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ နောက်ကွယ်မှာလည်း စိတ်မချ မဖြစ်ရလေအောင် ဆင်ဆင်ခြင်ခြင်နေထိုင်တယ်လို့ သူက ဆိုပါတယ်။ 

“သူက အရမ်းအလုပ်ကြိုးစားတယ်။ အလုပ်လုပ်နေတဲ့သူတစ်ယောက်ကို နောက်ကွယ်မှာ စိတ်မချဖြစ်အောင် အမရာ လုပ်မှာမဟုတ်ဘူး။ ဘယ်လိုအချိန်ပဲဖြစ်ဖြစ် သူလှည့်ကြည့်လိုက်တဲ့အချိန်တိုင်းမှာ ကိုယ့်ကို ယုံကြည်ရတယ်၊ စိတ်ချရတဲ့ မိန်းမတစ်ယောက်ဖြစ်တယ်။ သိပ်ပြီးတော့လည်း ဖြုန်းတီးတာမျိုးမရှိဘူး။ ပုံမှန်ဘဝလေးအတိုင်းပဲနေတာပါ”ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၂ ရက်နေ့က Angle Phoo ဆိုင်သစ်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Aye Nyein Swe

အမရာငြိမ်းကိုတော့ ပရိသတ်တွေက Miss Myanmar International 2015 (Winner) အဖြစ် ပရိသတ်တွေ စတင်သိရှိခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် Miss Universe Myanmar 2013 ခုနှစ်မှာလည်း ပါဝင်ယှဉ်ပြိုင်ခဲ့ဖူးသလို Miss Universe Myanmar 2018 ပြိုင်ပွဲ မှာလည်း အလှမယ် ဝင်ပြိုင်ခဲ့တာ တွေ့ရပါတယ်။ သူမဟာ ကလေးဘဝတုန်းက Miss People ပြိုင်ပွဲကိုလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ဖူးတယ်လို့ သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ


loading...

က္က