၁၀ ပေါင်လောက်ကို ချစေချင်တာတဲ့။

မိုးယုစံကတော့ သူမကို လှစေချင်တဲ့ ခင်ပွန်းသည်ရဲ့ ဆန္ဒကြောင့် ဝိတ်ပြန်ချဖို့ကြိုးစားနေပြီလို့ ဆိုပါတယ်။ မိန်းကလေးတစ်ယောက်က အလှအပနဲ့ ပတ်သက်ပြီး ယုံကြည်ချက်ရှိဖို့လိုတယ်လို့လည်း ပြောပါတယ်။

Photo: Moe Yu San



မိုးယုစံကတော့ အိမ်ထောင်ကျပြီးတဲ့နောက်မှာရော၊ ကလေးမွေးပြီးတဲ့ အချိန်မှာ သူမရဲ့ ခန္ဓာကိုယ်က နည်းနည်း ဝလာတယ်လို့ ဆိုပါတယ်။ ဝိတ်ချဖို့အတွက်လည်း ပြင်ဆင်နေပြီလို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။

‘’အခုက သေသေချာချာ ဝိတ်ချတဲ့အခြေအနေကို မရောက်သေးဘူး။ အခါတိုင်း မေးရင် ဖြေတယ် Gym ဆော့တယ်တို့ ဘာတို့ပေါ့။ အဲဒါကလည်း Gym ဆော့ရင် တစ်လလောက်ဆော့ပြီး ပျက်သွားတာနဲ့ တစိုက်မတ်မတ် လုပ်တဲ့အထိကို မရောက်သေးဘူးပေါ့’’ လို့ ဆိုပါတယ်။

Photo: Happy Heart

မိန်းကလေးတစ်ယောက်အနေနဲ့ လှလှပပ နေတတ်ဖို့က အရေးကြီးတယ်လို့ မိုးယုစံက ပြောပါတယ်။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေဖို့ အဓိက လိုအပ်ပါတယ်တဲ့။

‘’ လှအောင်နေတာကတော့ အိမ်ထောင်ပြုပြီးမှ မဟုတ်ဘူး။ အိမ်ထောင်မကျသေးတဲ့သူတွေလည်း အကုန်လုံးတော့ လှအောင်နေသင့်တယ်။ ကိုယ့်ကိုယ်ကိုယ် လှအောင်နေတာ အကောင်းဆုံးပဲပေါ့နော်။ ဘာပဲလုပ်လုပ် ယုံကြည်ချက်အပြည့်ရှိမယ်။ အကုန်လုံးတော့ လှအောင်နေသင့်တာပေါ့။ တချို့ကျတော့ အလှအပ အရမ်းကြိုက်တဲ့အထဲမှာပါတယ်လေ အလွန်အကျွံကြတော့လည်း မကောင်းဘူးလို့ထင်ပါတယ်’’ လို့ သူကပြောပါတယ်။

Photo:Moe Yu San

မိုးယုစံကတော့ သူမရဲ့ ခန္ဓာကိုယ်ကို ဝိတ်ပြန်ချမယ်လို့ ဆုံးဖြတ်ခဲ့တာကလည်း ခင်ပွန်းသည်ကြောင့်ပါလို့ ဆိုပါတယ်။

‘’ အမျိုးသားကတော့ ဂရုတစိုက်အကြံပေးတာမျိုးတော့ မရှိဘူး။ ဒါပေမယ့် သူက မိန်းမကိုတော့ လှစေချင်တယ်။ ရှိတာထက် ပိုလှစေချင်တယ်။ ပိုပိန်စေချင်တယ်။ သူက ၁၀ ပေါင်လောက်ချစေချင်တာ။ မိုးယုလည်း ရယ်ပြီးတော့ ၁၀ တန်းတုန်းကတောင် အဲဒီလောက်ပေါင်မရှိဘူးလို့ပြောလိုက်သေးတယ်။ ဒါကလည်း သူက လှစေချင်တဲ့ ဆန္ဒပါ’’ ဆိုပြီးတော့ နိုဝင်ဘာလ ၂ ရက်နေ့က ဟော့ပေါ့ဆိုင်သစ် ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Happy Heart

မိုးယုစံဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလမှာ အိမ်ထောင်ကျခဲ့တာ ဖြစ်ပြီး သားလေးကို ၂၀၁၇ခုနှစ် သြဂုတ်လ(၂၁)ရက်နေ့ ည(၁၀)နာရီခန့်မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။ မြန်မာနာမည်ကတော့ ကောင်းသိင်္ခမိုးသူဆိုပြီး ပေးထားတဲ့ သားလေးဟာ မွေးဖွားချိန်ကစလို့ ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ ကလေးလည်း ဖြစ်ပါတယ်။ မိုးယုစံနဲ့ ခင်ပွန်းဖြစ်သူ ကိုစွမ်းမိုးသူ တို့ ဇနီးမောင်နံှရဲ့ မင်္ဂလာပွဲတွေက တော့ ပရိသတ်တွေအားကျခဲ့ရတဲ့ ပွဲတစ်ပွဲလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က