R ဇာနည်ရဲ့ ပရိသတ် တစ်ယောက်ပါ။

စလိုင်းတေးလျန် ကတော့ The Voice Myanmar(Season-3)သီချင်းဆိုပြိုင်ပွဲမှာ အဆိုတော် R ဇာနည်နဲ့ အတူ "ကိုယ့်အနားရှိစေချင်" ဆိုတဲ့ သီချင်းကို အတူတူ ဆိုခဲ့ကြတာ ဖြစ်ပါတယ်။ 

Photo: The Voice Myanmar



The Voice Myanmar (Season-3) မှာတော့ ပြိုင်ပွဲဝင် စလိုင်းတေးလျန် က "ရဲရဲရပ်တည်" ဆိုတဲ့ သီချင်းနဲ့ ပါဝင်ယှဉ်ပြိုင်ခဲ့ပါတယ်။ သူ့ရဲ့ သီဆိုမှုမှာ ဒိုင်လူကြီးဖြစ်တဲ့ အဆိုတော် Rဇာနည်က လှည့်ကြည့်ခဲ့ပါတယ်။ အဲဒီနောက် အဆိုတော် Rဇာနည်နဲ့ သီချင်းတွေ အတူတူ ဆိုခဲ့ရတဲ့ အမှတ်တရတွေကို Duwun ကနေ ပြောပြလာပါတယ်။ 

" ကို R ဇာနည်နဲ့ စင်ပေါ်မှာ သီချင်း အတူတူဆိုခွင့်ရတော့ အရမ်းပျော်တယ် ဆိုတာထက် ပိုပြီးတော့ ပျော်တယ်။ ကိုယ်ငယ်ငယ် ကတည်းက ကိုRဇာနည်ရဲ့ သီချင်းကို ကျွန်တော့်ရဲ့ ဝမ်းကွဲအစ်ကို အိမ်က ဖွင့်တိုင်း သူ့ သီချင်းတွေ နားထောင်ခဲ့ရတယ်။ ပြီးတော့ တခြားနေရာကိုသွားပြီးတော့ ကို Rဇာနည်ရဲ့ သီချင်းလေးတွေကို တိတ်ခွေလေးနဲ့ သွားကူးခဲ့ရတယ်။ ကျောင်းမှာဆိုလည်း အားလပ်ချိန်တွေမှာ ကို Rဇာနည်ရဲ့ သီချင်းလေးတွေကို ခုံတွေခေါက်ရင်း ဆိုဖြစ်တယ်။ တက္ကသိုလ်တက်တုန်းက အဆောင်ရှေ့မှာ သီချင်းဆိုရင်လည်း သူငယ်ချင်းတွေ စု၊ ဂစ်တာလွယ်ပြီးရင် ကို Rဇာနည်ရဲ့ သီချင်းတွေပဲ ဆိုတာ အများဆုံးပါ" လို့ ဆိုပါတယ်။ 

Photo: The Voice Myanmar

စလိုင်းတေးလျန် ဟာ The Voice Myanmar ပြိုင်ပွဲဝင်ဖို့ လျှောက်လွှာတင်ကတည်းက ဒိုင်(၃) ဦး လှည့်ကြည့်ဖို့ မျှော်လင့်ချက် ထားခဲ့ဖူးတဲ့ အကြောင်းကိုလည်း အခုလို ပြောပြလာပါတယ်။ 

“ ပြိုင်ပွဲအတွက် ဖောင်တင်တုန်းကတော့ ကို Rဇာနည်၊ မနီနီ နဲ့ ကိုကျားပေါက် လှည့်ရင်တော့ ကောင်းမှာပဲလို့ တွေးခဲ့မိတယ်။ ကိုရန်ရန်ချမ်းကတော့ ကျွန်တော့်ကို ကြိုက်ချင်မှ ကြိုက်မယ်လို့ စိတ်ကူးယဉ်ခဲ့ဖူးပါတယ်။ ပွဲနီးလာတော့မှ ကျန်းမာရေး မကောင်းတဲ့ အတွက် အသံက အဆင်မပြေဖြစ်သွားတယ်။ ဒါပေမယ့် မျှော်လင့်ချက်လည်း ရှိကောင်းပါတယ်လေ ဆိုပြီးတော့ ဝင်ပြိုင်လိုက်တာပါ” လို့ ဆိုပါတယ်။ 

Photo: Sali T Lyan

စလိုင်းတေးလျန် ဟာ ချင်းပြည်နယ်၊ ကလေးမြို့ကနေ ဝင်ရောက်ယှဉ်ပြိုင်တဲ့ တိုင်းရင်းသား တစ်ယောက်ဖြစ်ပါတယ်။ ဂီတကို ဝါသနာပါသူ တစ်ယောက်ဖြစ်တာကြောင့် The Voice Myanmar သီချင်းဆိုပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်တာလို့လည်း သိရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က