နေတိုး၊ ကျော်ကျော်ဗို၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ရဲလေးတို့ ပါဝင်ထားကြပါတယ်။

၂၀၁၉ ခုနှစ်ထဲမှာ ရုံတင်ပြသနိုင်ဖို့ ကြိုးစားနေတဲ့ Rose Riders ရုပ်ရှင်ကားကြီးမှာတော့ ေနတိုး၊ ကျော်ကျော်ဗို၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ရဲလေးတို့ ပါဝင်ထားကြပါတယ်။ ဒါပေမယ့် လိုအပ်တဲ့ အပိုင်းတွေရှိတယ်လို့ ထွန်းထွန်းကဆိုပါတယ်။

Photo: Htun Htun



နှင်းဆီအဖွဲ့သားတွေဖြစ်တဲ့ နေတိုး၊ ကျော်ကျော်ဗို၊ မင်းမော်ကွန်း၊ ထွန်းထွန်း၊ ရဲလေးတို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Rose Riders ရုပ်ရှင်ကားကြီးကို ၂၀၁၉ ခုနှစ်ထဲမှာ ရုံတင်ပြသနိုင်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။ ဒီအတွက် လိုအပ်ချက်လေးတွေရှိသေးတယ်လို့ မီဒီယာတွေကနေတဆင့် ထွန်းထွန်းက ပြောပြလာပါတယ်။

‘’ Rose Riders ဇာတ်ကားကို ကျွန်တော်တို့ ဒီနှစ်ထဲ ရုံတင်နိုင်ဖို့ ကြိုးစားနေပါတယ်။ အဲဒါလေးသာဖြစ်သွားရင်တော့ တော်တော်လေးကောင်းပါတယ်။ အဓိက ကတော့ Post မှာ အသံထပ်တဲ့အပိုင်းတွေ ကာလာပိုင်းတွေရှိဦးမယ်။ အဲဒီအတွက် ကျွန်တော်တို့ အချိန်ပေးနေရပါတယ်။ ဒီနှစ်ထဲမှာ တင်သွားနိုင်ဖို့တော့ ရည်မှန်းထားပါတယ်။ အဓိက ကတော့ လိုအပ်ချက်တွေရှိပါတယ်။ လိုအပ်တဲ့နေရာ အရုပ်တွေမှာ ပြန်ရိုက်ဖို့အထိတောင်လုပ်ဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေကြပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Htun Htun

အဲဒီနောက် Rose Riders ဇာတ်ကားရုံတင်ပြီးရင်လည်း နောက်ထပ် ဇာတ်ကားအသစ်တွေရိုက်ဖို့ စီစဉ်ထားတာရှိတယ်လို့ ထွန်းထွန်းက 2.9 ရတနာဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့ပါတယ်။

‘’ဒီနှစ်ထဲမှာလည်း ရုံတင်ဖို့ ကြိုးစားနေတာဆိုတော့ ကျွန်တော်တို့ကတော့ ဇာတ်ကားကို ဒီလူတွေအားလုံး စုပေါင်းပြီးတော့ ကြိုးစားနေထားကြတာဖြစ်တဲ့အတွက် အကောင်းဆုံးတော့ ဖြစ်ချင်တယ်။ ဒီကားတင်ပြီးရင် နောက်ထပ် ထပ်ရိုက်မယ့်ကားလေးတွေလည်း ရှိသေးတယ်ဆိုတော့ ဒီဇာတ်ကားကို ရုံတင်နိုင်အောင် ကြိုးစားနေတယ်။ အားရကျေနပ်မှုကတော့ ရှိပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Htun Htun

ဒီဇာတ်ကားဟာ မင်းသားအများကြီးပါဝင်ထားတဲ့ ဇာတ်ကားဖြစ်တာကြောင့် ပါဝင်တဲ့သရုပ်ဆောင်တွေထက် ပရိသတ်ကို ပေးချင်တဲ့ မက်ဆေ့ချ်ကို ထိရောက်စေချင်တယ်လို့ ထွန်းထွန်းက ပြောပါတယ်။

‘’ ဒီကားလေးက ကျွန်တော်တို့ပေးချင်တဲ့ မက်ဆေ့ချ်လေးကို ထိထိရောက်ရောက်ဖြစ်နိုင်အောင်၊ ပေါ်လွင်အောင်ပဲ ကျွန်တော်တို့ ကြိုးစားထားကြတာပါ။ ဒီဇာတ်ကားရုံတင်သွားပြီးရင်လည်း နောက်ထပ်ရိုက်သွားမယ့် ဇာတ်ကားတွေလည်း စီစဉ်ထားတာရှိတော့ ဥပမာ- မင်းသားတွေများတာထက် ကျွန်တော်တို့ ပေးချင်တဲ့ မက်ဆေ့ချ်လေး ပေါ်လွင်အောင် ကြိုးစားခဲ့ကြတာပါ’’ လို့ ဆိုပါတယ်။

Photo: Htun Htun

Rose Riders ရုပ်ရှင်ကားကြီးကိုတော့ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) က ပုံဖော်ရိုက်ကူးထားတာဖြစ်ပါတယ်။ ဒီဇာတ်ကားထဲမှာ နေတိုး၊ ကျော်ကျော်ဗို၊ မင်းမော်ကွန်း၊ ထွန်းထွန်းနဲ့ ရဲလေး တို့နဲ့ အတူ သရုပ်ဆောင်သစ် ဇွန်လေးဖြူတို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ ဒီဇာတ်ကားကိုတော့ ၂၀၁၈ ခုနှစ်အတွင်းက ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က