ချစ်သူကိုပေးဖို့ အချိန်မရှိသေးဘူးတဲ့။
Sabal Thwin

ဟန်နေတာကတော့ အခုချိန်မှာ ချစ်သူရည်းစားထားလို့မရသေးဘူးလို့ဆိုပါတယ်။ သူ သဘောကျတဲ့ မိန်းကလေးပုံစံကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။

Photo: Han Nay Tar

ဂီတရေစီးကြောင်းပေါ်မှာ မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ အဆိုတော် ဟန်နေတာရဲ့ အချစ်ရေးကို စိတ်ဝင်စားလိမ့်မယ်လို့ထင်ပါတယ်။ သူကတော့ အခုချိန်မှာ ရည်းစားမထားသေးဘူးဆိုတာကို မီဒီယာအင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ အချစ်ရေးကတော့ ကျွန်တော် ရည်းစားမထားဘူး။ ထားလို့မရဘူး အဆင်မပြေဘူး။ သူငယ်ချင်းတွေနဲ့ပဲဖြတ်သန်းတယ်။ သူငယ်ချင်းတွေနဲ့ပဲ အချိန်ကုန်တယ်။ ရည်းစားထားဖို့ အဆင်ကိုမပြေသေးတာ။ ထားချင်ရင် ရှိတယ်’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။

Photo: Han Nay Tar

အနုပညာအလုပ်တွေကို ခြေလှမ်းစတင်လာပြီဖြစ်တာကြောင့်လည်း ချစ်သူရည်းစားထားဖို့ အဆင်မပြေဘူးလို့ ဟန်နေတာကပြောပါတယ်။ သူကြိုက်တဲ့ မိန်းကလေး ပုံစံမျိုးကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ ကျွန်တော်တို့ အနုပညာအလုပ်တွေနဲ့ အဆင်မပြေတာပေါ့နော်။ အနုပညာသမားရဲ့ ခံယူချက်က တစ်မျိုး၊ အပြင်က လူတွေက တစ်မျိုးဆိုတော့ အဆင်မပြေတာပေါ့။ ဒါပေမယ့် ကျွန်တော်နဲ့ ဆန့်ကျင်ဘက်လေးတွေကို သဘောကျတာ။ ကျွန်တော်က ပိန်ပိန်သေးသေးလေးဆိုတော့ နည်းနည်းပြည့်ပြည့်လေးတွေကို ကြိုက်တယ်’’ ဆိုပြီးတော့ အောက်တိုဘာလ ၂၉ ရက်နေ့က ‘’ဆေးပေါင်းခတဲ့ ရန်ကုန်ည’’ ဖျော်ဖြေပွဲ စာနယ်ဇင်းရှင်းလင်းပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Han Nay Tar

ပရိသတ်အားပေးမှုရရှိနေတဲ့ အဆိုတော် ဟန်နေတာ ဟာ သူ့ကို အမာခံအားပေးတဲ့ ပရိသတ်တွေနဲ့ ဂီတလောကမှာ ရပ်တည်နေတာ ကြာပြီလို့ ဆိုပါတယ်။ အခုဆိုရင်တော့ အရင်ကထက်ပို အောင်မြင်လာတဲ့ အချိန်မှာ နေရခက်တာတွေရှိတယ်လို့ သူကဆိုပါတယ်။

‘’ကျွန်တော်က တိုက်ရိုက် Fan နဲ့ပဲ သွားနေတာတော်တော်ကြာပြီ။ Fan တွေကလည်း တဖြည်းဖြည်းနဲ့ များလာပြီ။ ဘာပဲပြောပြာ FG မှာက တင်ဆက်မှုအားလည်းကောင်းတော့ ပြည်သူလူထုက သိသွားတဲ့အတွက်ကြောင့် အာရုံစိုက်မိတယ်လို့ပဲ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်က လူများများရှိတဲ့နေရာတောင် သွားရတာ အဆင်မပြေတဲ့လူပါ။ အခုလို ဖြစ်သွားတဲ့အခါကျတော့ အတွေ့အကြုံတစ်ခုရတာပေါ့နော်။ အခုလည်း နည်းနည်းတော့ ကျင့်သားရနေပါပြီ’’ လို့ ပြောပါတယ်။

Photo: Han Nay Tar

ဟန်နေတာကိုတော့ ‘’ မိုးမခ အိပ်မက်ခရမ်းပြာ’’  ဆိုတဲ့ သီချင်းနဲ့ အားပေးတဲ့ ပရိသတ်အများအပြား ရရှိပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် မင်းသမီးခင်ဝင့်ဝါကို မွေးနေ့အကြို ပုံတူ ပန်းချီကား လက်ဆောင် ပေးခဲ့တဲ့သူအဖြစ်နဲ့လည်း ပရိသတ် စိတ်ဝင်စားမှု ပိုရလာတဲ့ အဆိုတော် တစ်ယောက်ပါ။ ဟန်နေတာ ရဲ့ ဂီတကိုတော့ ပရိသတ်တွေသာမက ဂီတအနုပညာရှင် အချင်းချင်းကပါ အားပေးဝန်းရံခဲ့တာကို တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


က္က