ပရိသတ်တွေ မသိသေးတဲ့ သူ့ရဲ့ အကြောင်းပါ။

သားညီကတော့ အခုလို အောင်မြင်တဲ့ အနုပညာရှင်တစ်ယောက် မဖြစ်ခင်က သူဖြတ်သန်းခဲ့ရတဲ့ အနုပညာဘဝ အစက အမှတ်တရတွေကို ပြောပြလာပါတယ်။ 

Photo: Thar Nyi



သရုပ်ဆောင် သားညီကတော့ အနုပညာနဲ့ ပတ်သက်လာရင် သီချင်းဆိုတာကို ဝါသနာပါတယ်လို့ ဆိုပါတယ်။ အနုပညာလောကထဲကို မရောက်ခင်တုန်းက စားသောက်ဆိုင်တွေမှာ သီချင်းဆိုခဲ့ဖူးတယ်လို့ Duwun ကို ပြောပါတယ်။ 

“ ကျွန်တော်က သီချင်းဆိုတာ ဝါသနာပါတယ်။ ငယ်ငယ်တုန်းကဆိုရင် စားသောက်ဆိုင်တွေ၊ ဘာတွေမှာ သီချင်းဆိုပြတယ်။ အဲဒါတွေက လူတွေ မသိကြတဲ့ ကျွန်တော့်ရဲ့ သမိုင်းပေါ့နော်။ တစ်ရက်ကျတော့ အမေက ဆုံးသွားရော၊ အမေ ဆုံးသွားတဲ့ အချိန်မှာ ကျွန်တော်လည်း လေနေတာပေါ့။ အဲဒီမှာ ကျွန်တော့်ကို ဒီလောကထဲ အရင်ခေါ်လာတာက ဦးမြတ်ခိုင်ပေါ့။ သူကနေပြီးတော့ မြရိပ်ညို ကာရာအိုကေဆိုပြီးတော့ အဲဒီတုန်းက ကာရာအိုကေ ပြိုင်ပွဲ တစ်ခုမှာ ကျွန်တော်က Guide Line ဆိုပေးရတာ။ ဒါကတော့ မမေ့နိုင်တဲ့ အမှတ်တရပါပဲ” လို့ သူက ဆိုပါတယ်။ 

Photo: Thar Nyi

ကာရာအိုကေ ပြိုင်ပွဲတွေမှာ သီချင်းတွေဆိုနေတဲ့ သူ့ကို သရုပ်ဆောင် လောကထဲ ဆွဲခေါ်လာခဲ့တာကတော့ ဦးလေးဖြစ်တဲ့ ကျော်ဟိန်း ပါလို့ သားညီက ပြောပါတယ်။ ကျော်ဟိန်းရဲ့ ရိုက်ကွင်းတွေကို လိုက်ကြည့်ရင်း မင်းမော်ကွန်းနဲ့ ခင်ခဲ့ရတာကလည်း အမှတ်တရ တစ်ခုပဲလို့ ဆိုပါတယ်။ 

“ ကျွန်တော် ကာရာအိုကေပြိုင်ပွဲမှာ သရုပ်ဆောင်လည်း လုပ်ပေးရင်း ဦးကျော်က ဒီကောင့်ကို မင်းသားခေါ်ရိုက်မယ် ဆိုပြီးတော့ သူ့ရဲ့ ရှုတင်တွေကို (၂) လ လိုက်ကြည့်ခိုင်းတယ်။ အဲဒီ ရှုတင်တွေကို လိုက်ကြည့်တဲ့ အချိန်မှာ ခင်ခွင့်ရတဲ့ သူငယ်ချင်းကလည်း မင်းမော်ကွန်းပါ။ အဲဒါကြောင့် အခုဆိုရင် မင်းမော်ကွန်း နဲ့ ကျွန်တော် အရမ်းခင်တာ။ အဲဒီကနေမှ တဖြည်းဖြည်း ဒီလောကထဲကို ရောက်တယ်၊ စာချုပ်တွေ ချုပ်ကြတယ် မင်းသားဖြစ်လာတယ် ဆိုပါတော့” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Thar Nyi

သားညီဟာ ယခင်ကလို သရုပ်ဆောင်ပိုင်းတင်မက ဒါရိုက်တာဘက်ကိုပါ အားကြိုးမာန်တက်နဲ့ကြိုးစားလာတာကိုတွေ့ရပါတယ်။ အခုဆိုရင် ဇာတ်ကားတော်တော်များများကို ဒါရိုက်တာ လုပ်လာပြီဖြစ်ကာ ဒါရိုက်တာတစ်ယောက်အနေနဲ့ ပရိသတ်တွေကပါ လက်ခံလာကြတာကိုလည်း တွေ့ရပါတယ်။ သားညီအနေနဲ့သရုပ်ဆောင် ဘဝမှာ ဖန်တီးခွင့်မရတာလေးတွေကို ဒါရိုက်တာ ဘဝမှာ ဖန်တီးခွင့်ရလာတယ်လို့လည်း ယခင်က အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က