အခုလက်ရှိမှာ အလုပ်လက်ခံထားတာတွေများတော့ အချစ်ရေး မစဉ်းစားသေးပါဘူးတဲ့။

အိစိကွေးကတော့ သူ့အတွက် အချစ်ရေးထက် ပညာရေး၊ အလုပ်ကို ပိုဦးစားပေးနေတယ်လို့ ဆိုပါတယ်။ 

ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် အိစိကွေးက အခုဆိုရင်တော့ ခေါင်းဆောင်မင်းသားအဖြစ်သရုပ်ဆောင်လို့ရတဲ့ လူငယ်တစ်ယောက်အရွ ယ်ကို ရောက်ရှိလာပါပြီ။ အခုချိန်မှာ ချစ်သူလည်းမထားသေးဘူးလို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။ 



“ ကျွန်တော်က အချိန်မပေးနိုင်ဘူးခင်ဗျ။ ကျွန်တော့်မှာ အလုပ်တစ်ဖက်ရှိတယ်၊ ကျောင်းတစ်ဖက်ရှိတယ်၊ ကရာတေး သင်တန်းလည်းဖွင့်ထားတယ်။ ဇာတ်လမ်းတွဲရိုက်ဖို့တွေလည်း လက်ခံထားတာရှိတော့ နောက်ပိုင်းမှာ ပိုတောင်အလုပ်ရှုပ်ဦးမယ်။ ကျွန်တော့်ကို ချစ်မယ်ဆိုရင်လည်း စိတ်ပူရမယ်၊ ကျွန်တော့်ပတ်ဝန်းကျင်မှာက မိန်းကလေးတွေ အများကြီးရှိတယ်လေ။ အဲဒီတော့ သူများကိုလည်း ဒုက္ခမပေးချင်ဘူး ဒီအတိုင်းလေးပဲနေတာ ကောင်းပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Eisi Kway

အိစိကွေးဟာ အနုပညာအလုပ်တွေ ခဏနားထားတဲ့ အချိန်မှာ ချစ်သူထားခဲ့ဖူးတယ်လို့ ဆိုပါတယ်။ လမ်းခွဲလိုက်တာလည်း အနုပညာအလုပ်တွေ ပြန်မလုပ်ခင်ကတည်းကလမ်းခွဲလိုက်ကြတယ်လို့ ပြောပါတယ်။ သူ့ရဲ့ ရည်းစားဟောင်းအတွက် ဆုတောင်းစကားတွေလည်း ပြောခဲ့ပြန်ပါသေးတယ်။  

“ ကိုယ်မဟုတ်တဲ့ တခြားသူတစ်ယောက်ရဲ့ ရင်ခွင်မှာ ပျော်နေရတယ်ဆိုရင်တော့ ကောင်းပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဝမ်းသာတယ်။ စိတ်ပူပန်စရာမရှိပဲ ပျော်ရွှင်နေရတယ်ဆိုရင် ဝမ်းသာတယ်။ ကိုယ့်ထက် သာတဲ့သူတွေနဲ့ပဲ တွေ့မှာပါ” ဆိုပြီးတော့ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က TUNE Bar ဆိုင်ဖွင့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Eisi Kway

အိစိကွေး(Eisi kway)ဟာ ကလေးဘဝကတည်းက အနုပညာအလုပ်တွေကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ကလေးသရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကိုလည်း အပြည့်အဝ ရရှိထားသူ တစ်ယောက်ပါ။ လက်ရှိမှာတော့ သူဟာ ပညာရေးကို ဦးစားပေးနေတာ ကြောင့် အနုပညာအလုပ်တွေကို တစိုက်မတ်မတ်မလုပ်နိုင်သေးဘူးလို့ သိရပါတယ်။ သရုပ်ဆောင် အိစိကွေးက အခုဆိုရင် ခေါင်းဆောင်မင်းသား နေရာကနေ ဇာတ်ကားတွေ ရိုက်ကူးနေရပါပြီ။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က