ဒုတိယမြောက် အခွေထဲက သီချင်းတွေ အကြောင်းပြောပြလာပါတယ်။

 ရဲရင့်အောင်ဟာ သူ့ရဲ့ တစ်ကိုယ်တော်အခွေ အသစ်ဖြစ်တဲ့ G.O.A.T Album ထဲက သီချင်းတွေ အကြောင်းကို အခုလို ပြောပြလာပါတယ်။ 

အဆိုတော် ရဲရင့်အောင်ကတော့ G.O.A.T ဆိုတဲ့ သူ့ရဲ့ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ ထွက်ရှိလာတော့မယ်လို့ သိရပါတယ်။ ပထမအခွေထွက်ပြီး (၆) နှစ်အကြာမှသာ ဒုတိယအခွေ ထွက်လာတာလို့ မီဒီယာတွေကို ပြောပြခဲ့ပါတယ်။ 



“ ကျွန်တော် ပထမတစ်ခွေ ‘သဝေထိုး ခခွေးယပင့်’ ထွက်ပြီးတဲ့ အချိန်မှာ ဒုတိယတစ်ကိုယ်တော်အခွေ လုပ်ဖို့အတွက် သီချင်းတွေ စုတယ်။ အခု ဒုတိယအခွေနဲ့ ပထမအခွေကြားမှာ (၅) နှစ်၊ (၆) နှစ်လောက်ခြားသွားတယ်။ သီချင်းတွေ အကုန်လုံးကိုတော့ ကိုယ်လုပ်ချင်တာပဲ ကိုယ်လုပ်ထားတာ များပါတယ်။ သီချင်းနဲ့ပတ်သက်ပြီး ကောင်းတယ် မကောင်းဘူးဆိုတာတော့ နားထောင်တဲ့ ပရိသတ်တွေပဲ ဆုံးဖြတ်ကြမှာပါ” ဆိုပြီးတော့ သြဂုတ်လ ၁၆ ရက်နေ့က G.O.A.T အခွေ စာနယ်ဇင်းမိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။ 

G.O.A.T သီချင်းခွေ ထဲက သီချင်းတွေကတော့ ရင်ထဲက ခံစားချက်တွေကို ပုံဖော်ရေးသားထားတဲ့ သီချင်းတွေသာ ဖြစ်တယ်လို့ ရဲရင့်အောင်က ပြောပါတယ်။ 

“ သီချင်းအခွေထဲမှာ ပါတဲ့ သီချင်းအကုန်လုံးကတော့ (၁၁) ပုဒ်ပါ။ တစ်ပုဒ်ကိုတော့ Remix အနေနဲ့ သီချင်းပုံစံပြောင်းထားတာ တစ်ခုတော့ပါမှာပါ။ အခွေအတွက် သီချင်းတွေ စုရတဲ့ အချိန်မှာ ရွေးချယ်ရတဲ့ ပုံစံတွေ ကွာခြားတယ်။ မြူးဖို့၊ ဆွေးဖို့၊ လွမ်းဖို့၊ တန်ပို အမြင့်တွေ၊ စင်ပေါ်မှာ ဆိုလို့ကောင်းမယ့် ပုံစံတွေကို မတွေးပဲနဲ့ ဖန်တီးထားတဲ့ အခွေဖြစ်ပါတယ်။ သီချင်း ဖန်တီးနေသမျှကာလတစ်လျှောက်လုံး ကျွန်တော် ခံစားရသမျှ၊ ကျွန်တော် ရေးချမိသမျှတွေကိုပဲ ထည့်ထားတာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

ရဲရင့်အောင်ကတော့ " ငါ့နေရာ" ဆိုတဲ့ သီချင်းကနေတဆင့် ပရိသတ်သိခဲ့သူ တစ်ယောက်ပါ။ အခုဆိုရင်တော့ ဂီတလောကမှာ ပရိသတ်အားပေးမှု အခိုင်အမာနဲ့ အောင်မြင်လာတဲ့ အဆိုတော် တစ်ယောက် ဖြစ်လို့နေပါပြီ။ သူ့ရဲ့ ပထမဆုံး တစ်ကိုယ်တော်အခွေဖြစ်တဲ့ " သဝေထိုးခခွေးယပင့်" သီချင်းအခွေကို ၂၀၁၄ ခုနှစ်က ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က