သူတို့ နှစ်ယောက်ရဲ့ ပထမဆုံး စတင်တွေ့ဆုံမှုပါတဲ့။

မြူလင်းကိုကို ကတော့ အဆိုတော် Sam Sam ရဲ့ Music Video အသစ်လေးမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။ 

မြူလင်းကိုကိုကတော့ သူမရဲ့ အနုပညာခြေလှမ်းအစအနေနဲ့ လူငယ်အဆိုတော် Sam Sam ရဲ့ Music Video အသစ်လေးမှာ ပါဝင်သရုပ်ဆောင်ထားတာ တွေ့ရပါတယ်။ အနုပညာလှုပ်ရှားမှုတွေ သိပ်မရှိပေမယ့် ဒီ Music Video မှာ ပါဝင်သရုပ်ဆောင်ဖြစ်သွားတဲ့ အကြောင်းကိုလည်း မြူလင်းကိုကို က Duwun ကနေ ပြောပြလာပါတယ်။ 



“ Sam Sam ရဲ့ အမေက မြူလင်းရဲ့ မေမေကို MV ရိုက်ဖို့အတွက် စကားလာပြောတဲ့ အချိန်မှာ သူ့ရဲ့ MV လေးတွေကို ကြည့်ဖြစ်တယ်။ မြူလင်း မကြည့်ရသေးခင် အိမ်က လူတွေက အရင်ကြည့်ကြတာပါ။ ဘွားဘွားက သူ့ကိုတွေ့တော့ အရမ်းချစ်စရာကောင်းတယ်လို့ပြောတယ်။ ဘွားဘွားကိုယ်တိုင်က သူ့ကို ချစ်တာဆိုတော့ ဒီသီချင်းကို ရိုက်ပေးလိုက်ဆိုပြီးတော့ တိုက်တွန်းတာနဲ့ ပါဝင်ဖြစ်တာပါ။ ပြီးတော့ မြူလင်းက K-Pop ကြိုက်တဲ့သူဆိုတော့ သူက K-Pop ပုံစံ နည်းနည်းဆန်တယ်”ဆိုပြီးတော့ သြဂုတ်လ ၂၇ ရက်နေ့က သီချင်းရိုက်ကွင်းပေါ်မှာ ဖြေဆိုခဲ့တာပါ။  

Photo: Myu Linn Ko Ko

မြူလင်းကိုကို ဟာ Sam Sam နဲ့ အလုပ်အတူတူ တွဲလုပ်ခွင့်ရတဲ့အပေါ် သူမရဲ့ သဘောထားကိုပြောပြလာပါတယ်။ 

“ Sam Sam က အနုပညာအလုပ်တွေမှာ မြူလင်းထက် စီနီယာကျပါတယ်။ သူနဲ့ အလုပ်အတူတူ တွဲလုပ်ရတာ ပျော်တယ်။ ဝမ်းလည်း ဝမ်းသာပါတယ်။ မြူလင်းက အခုမှ ရိုက်ကူးရေးတွေ လုပ်တာ ဆိုတော့ အကုန်လုံး အလိုလို နဲ့ စိမ်းနေတဲ့ အတွက် အကုန်လုံးက ဝိုင်းပြီးတော့ သင်ပေးကြပါတယ်” လို့ ဆက်လက် ပြောပြလာပါတယ်။ 

Photo: Myu Linn Ko Ko

မြူလင်းကိုကို ကိုတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုထက် အလှဓာတ်ပုံလေးတွေကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူမကိုလည်း သရုပ်ဆောင် ရဲကိုကို ၊ သရုပ်ဆောင် လင်းဇာနည်ဇော်တို့ရဲ့ သမီးလေးအဖြစ်လည်း ပရိသတ်တွေက သိထားပြီးသားပါ။ မြူလင်းကိုကို ဟာ ပြည်ပမှာနေထိုင်ပြီး ပညာသင်ကြားနေတဲ့သူ တစ်ယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ မြန်မာနိုင်ငံကို အလည်အပတ် ရောက်ရှိလာတာ ဖြစ်တယ်လို့လည်း သိရပါတယ်။  




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က