ရွေးရင်လည်း အဲ့လိုမိန်းကလေးမျိုးကို ရွေးမှာတဲ့။

မိန်းကလေး ပရိသတ်တွေရဲ့ အားပေးမှုကို ရရှိထားတဲ့ ဟိန်းဝေယံရဲ့ လက်ရှိအချစ်ရေးက တစ်ကိုယ်တည်း လူပျိုကြီးပါပဲလို့ ပြောရမှာပါ။ တစ်ယောက်တည်း နေရတာကို သဘောကျတာကြောင့်လည်း လက်ရှိမှာ ချစ်သူမထားသေးဘူးလို့ ဆိုပါတယ်။

Photo : ဟိန်းဝေယံ



မိန်းကလေးပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားတဲ့ သရုပ်ဆောင် ဟိနု်းဝေယံက အခုချိန်ထိ တစ်ကိုယ်တည်း လူပျိုကြီးပါပဲ။ သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ပရိသတ်တွေက စိတ်ဝင်စားနေပေမယ့်လည်း သူကတော့ တစ်ယောက်တည်းနေရတာကို ကြိုက်တယ်လို့ ဆိုပါတယ်။

“အမှန်အတိုင်းပြောရရင်တော့ ကျွန်တော်အခုလိုမျိုးအေးဆေးတစ်ယောက်တည်း နေရတာကို သဘောကျလို့ နေဖြစ်နေတာပါ။ မိသားစုနဲ့လည်းပျော်တယ်။ ကျွန်တော်စကားကိုလည်း အကုန်မပြောပါဘူး။ လက်ရှိမှာတော့ ကျွန်တော်က ကိုယ့်တစ်ယောက်တည်း နေနေရတာကို သဘောကျနေတဲ့အတွက်ကြောင့် ဒီလိုပဲ နေဖြစ်တာပါ။ ကိုယ့်စိတ်တိုင်းကျ ကိုယ်နေချင်သလိုနေနေတာပါ” လို့ ဖေဖော်ဝါရီ(၂၅) ရက်နေ့က ပြုလုပ်တဲ့ ဝိန့်စိန် ဆိုင်ဖွင့်ပွဲမှာ Duwun Media သို့ ပြောပြခဲ့တာပါ။

Photo : ဟိန်းဝေယံ

အကယ်၍ ချစ်သူရည်းစားထားတော့မယ်ဆိုရင်လည်း ကိုယ့်ကိုချစ်တဲ့မိန်းကလေးနဲ့ ကိုယ့်အပေါ် သစ္စာရှိတဲ့ မိန်းကလေးမျိုးကို ဦးစားပေး စဉ်းစားဖြစ်မယ်လို့ ဆိုပါတယ်။

“တကယ့်တကယ် ရည်းစားထားတော့မယ်ဆိုရင် ကိုယ့်ကို တစ်ကယ်ချစ်ရမယ် ။ကိုယ့်အပေါ်သစ္စာရှိရမယ်။ အဲ့ဒါကိုတော့ ပထမဦးစားပေးအနေနဲ့ စဉ်းစားဖြစ်မှာပါ” လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။ မိဘတွေအနေနဲ့လည်း သူ့ရဲ့ အချစ်ရေးနဲ့ ပတ်သက်ပြီး ကန့်သတ်ချက်ထားတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

Photo : ဟိန်းဝေယံ

ဟိန်းဝေယံက လက်ရှိမှာ ဒါရိုက်တာ သားညီရိုက်ကူးတဲ့ “ရင်ခွင်ရှင်းတမ်း” ရုပ်သံဇာတ်လမ်းတွဲမှာ သရုပ်ဆောင် အေးဝတ်ရည်သောင်း၊ သွန်းဆက်တိုု့နဲ့အတူ ရိုက်ကူးလျက်ရှိပါတယ်။ မကြာခင်မှာလည်း သူဒါရိုက်တာအဖြစ် ရိုက်ကူးထားတဲ့ “မာယာကကြိုး” ရုပ်ရှင်ဇာတ်ကားကြီးကိုလည်း ရုံတင်နိုင်ဖို့ ကြိုးစားနေပါတယ်။ အဲ့ဒီဇာတ်ကားထဲမှာ ဟိန်းဝေယံ၊ ဇေရဲထက်၊ ရတနာဗိုနဲ့ အခြားသော သရုပ်ဆောင် များစွာ ပါဝင်ထားပါတယ်။ 


ဆက်စပ်အကြောင်းအရာများ



က္က