Boy Love ဇာတ်လမ်းတွဲဖြစ်ပါတယ်။

ထက်ဦးထွဋ်ကတော့ BL Series တစ်ခုဖြစ်တဲ့ "စည်း" ရုပ်သံဇာတ်လမ်းတွဲမှာ ပါဝင်သွားမယ်လို့ သိရပါတယ်။ 

Photo: Htet Oo Htut



ထက်ဦးထွဋ်ကတော့ "စည်း" ရုပ်သံဇာတ်လမ်းတွဲမှာ အဓိက သရုပ်ဆောင် (၄) ဦးထဲက တစ်ဦး အနေနဲ့ ပါဝင်သွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားနဲ့ ပတ်သက်ပြီး ကြိုတင် လေ့လာဖြစ်ခဲ့တဲ့အကြောင်းကို Duwun ကနေ ပြောပြလာပါတယ်။ 

“ အခုဆိုရင်တော့ စည်း ဇာတ်ကားထဲမှာ ပါဝင်ဖို့ (၄) ယောက်နေရာမှာ ကျွန်တော် ပါသွားပြီ။ ဝန်းရံပေးကြလို့လည်း ကျေးဇူးအရမ်းတင်ပါတယ်။ ဘယ်ကာရိုက်တာကို သရုပ်ဆောင်ရမယ်ဆိုတာတော့ ကျွန်တော်လည်း ရင်ခုန်နေပါတယ်။ BL Series နဲ့ ပတ်သက်လာရင် ကျွန်တော်က သိပ်စိမ်းတဲ့ လူမဟုတ်ပါဘူး။ ဒါပေမယ့် စည်း ဇာတ်ကားနဲ့ ပတ်သက်ပြီး ကျွန်တော် ဝတ္ထု ဝယ်ဖတ်တဲ့ အချိန်မှာ ဝတ္ထုထဲက ဇာတ်ကောင်တွေရဲ့ ပုံစံကိုလည်း သဘောကျတယ်၊ ဝတ္ထုကိုလည်း ကျွန်တော် ကြိုက်တယ်။ စာရေးဆရာမကိုလည်း တကယ်လေးစားမိပါတယ်” လို့ သူကဆိုပါတယ်။ 

Photo: Htet Oo Htut

" စည်း" ရုပ်သံဇာတ်လမ်းတွဲထဲမှာတော့ ထက်ဦးထွဋ်ကို ပရိသတ်တွေက ခွန်းထက်ပိုင် ဆိုတဲ့ ဇာတ်ကောင်နေရာမှာ ပါဝင်သရုပ်ဆောင်စေချင်တယ်လို့ သိရပါတယ်။ " စည်း" ဝတ္ထုထဲကအတိုင်း အပြင်မှာ တကယ်ဖြစ်ခဲ့ရင်ဆိုတဲ့ သဘောထားကိုလည်း ထက်ဦးထွဋ်က အခုလို ပြောပြလာပါတယ်။ 

“ ကိုယ်တိုင်သာအပြင်မှာ တကယ်ဖြစ်သွားခဲ့မယ်ဆိုရင် ကိုယ့်အပေါ်လည်း သူနားလည်သလို၊ သူ့အပေါ်လည်း ကိုယ် သံယောဇဉ်ထားပြီးတော့ ချစ်လိုက်မှာပါ။ သူတို့ရဲ့ အချစ်ကို နားလည်တယ်။ သူတို့ရဲ့ ချစ်ပုံချစ်နည်းတွေက သံယောဇဉ်တွေ၊ ပေးဆပ်မှုတွေ အများကြီး ပါတယ်လို့ ခံစားရတယ်။ ယောင်္ကျားလေးနဲ့ မိန်းကလေး ချစ်ခြင်းထက်စာရင် ယောင်္ကျားလေး အချင်းချင်းရဲ့ ချစ်ခြင်းက ပိုပြီးတော့ ဆန်းကျယ်တယ်လို့ မြင်တယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Htet Oo Htut

 ထက်ဦးထွဋ်ကိုတော့ Boy Love Series တစ်ခုဖြစ်တဲ့ ‘’Innocence’’ ဇာတ်လမ်းတွဲမှာပါဝင်မယ့် မြူခိုး ကာရိုက်တာနဲ့ ပရိသတ်တွေ ပိုသတိထားမိခဲ့ကြ တာပါ။ ဒီဇာတ်လမ်းတွဲကနေ နှုတ်ထွက်လိုက်တဲ့ အချိန်မှာတော့ ပရိသတ်အားပေးမှု လျော့နည်းသွားတယ်လို့ သူက ဆိုပါတယ်။ သူဟာ Model တစ်ယောက်အဖြစ်ကနေ သရုပ်ဆောင်ဘက်ကို ကူးပြောင်းတော့မယ်လို့လည်း သိရပါတယ်။ မကြာသေးခင်က Dutch Mill Shining Star ရဲ့ Winner တစ်ယောက်ဖြစ်လာပြီးတဲ့ နောက်မှာတော့ ဇာတ်ကားရိုက်ကူးဖို့တွေ လာရောက် ကမ်းလှမ်းထားတာ ရှိတယ်လို့ သူက ပြောပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က