စိုင်းဝဏ္ဏအောင် နဲ့ မင်းသွေးခန့်တို့ နမ်းတဲ့အကြောင်းတွေ ပြောလာပါတယ်။

Ar-T ဟာ “Slient” MTV လေးကိုကြည့်ပြီး ပရိသတ်တွေ ရင်ခုန်ရသလို နောက်ထပ် ရင်ခုန်ရဦးမယ့် MTV လေးတွေ ထပ်လာဦးမယ့် အကြောင်းပြောလာပါတယ်။ 

Photo: Ar-T



Ar-T ရဲ့ “Silent” သီချင်းရဲ့ MTV ထဲမှာ Boy Love ပုံစံအဖြစ် မင်းသွေးခန့်နဲ့စိုင်းဝဏ္ဏအောင်တို့ကို ဦးစားပေးရိုက်ကူးထားတာ တွေ့ရပါတယ်။ ဒီသီချင်းထဲမှာတော့ ယောကျ်ားလေးနှစ်ယောက် နမ်းတဲ့ အခန်းတွေလည်း ပါဝင်ထည့်သွင်းထားတာ ဖြစ်ပါတယ်။ ဒီဇာတ်ဝင်ခန်းတွေထည့်ရိုက်ဖြစ်တဲ့အကြောင်းကို အခုလို ပြောပြလာပါတယ်။ 

“ အဲဒါတွေက ရိုက်တဲ့ အချိန်မှာ ပေါ့ပေါ့ပါးပါးပါပဲ။ ဒါပေမယ့် ကင်မရာရဲ့ လှည့်ကွက်တွေ ကြားမှာပဲ အရမ်းကြီး ရင်ခုန်စရာတွေ ဖြစ်ကုန်တာပေါ့နော်။ ထပ်ပြီးတော့ ရင်ခုန်စရာတွေလည်း လာဦးမှာပါ။ ကျွန်တော်ကိုယ်တိုင် သရုပ်ဆောင်ဖို့ကျတော့လည်း ကိုယ်က လှရင် သရုပ်ဆောင်တယ်။ ကျွန်တော် မလှလို့ သရုပ်မဆောင်ဘူးပေါ့” ဆိုပြီးတော့ Duwun Media ရဲ့ အင်တာဗျူးမှာ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

Photo: Ar-T

အဆိုတော် Ar-T ရဲ့ သီချင်းတွေမှာတော့ အဓိက အားဖြင့် LGBT တွေနဲ့ ပတ်သက်ပြီး ဦးစားပေးရိုက်ကူးတာကိုလည်း တွေ့ရပါတယ်။ ၂၀၁၃-၂၀၁၄ ခုနှစ်လောက်က ထွက်ရှိခဲ့တဲ့ “အိပ်မက်လေး” ဆိုတဲ့ သီချင်းလေးထဲမှာလည်း သရုပ်ဆောင် ဖွေးဖွေးနဲ့အတူ Tomboy တစ်ဦးက Girls Love ပုံစံမျိုး သရုပ်ဆောင်ခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်မှာတော့ “လွင်ပြင်" ဆိုတဲ့ MTV ထဲမှာ ထက်ဦးထွဋ် နဲ့ သီဟ တို့က Boys Love ပုံစံနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တာပါ။ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလတုန်းကလည်း Silent ဆိုတဲ့ MTV လေးထဲမှာ မေဂရေစ့်၊ စိုင်းဝဏ္ဏအောင်၊ မင်းသွေးခန့်နဲ့ Jay Baas တို့ကို ၄ ပွင့်ဆိုင်အချ စ်ဇာတ်လမ်း လေးအဖြစ် ပုံဖော်ရိုက်ကူးထားတာ တွေ့ရပါတယ်။ 

Photo: Ar-T

Ar-T ဟာ သူ့ရဲ့ Music Video လေးတွေကို အမြဲတမ်း အသစ်အဆန်းတွေဖြစ်အောင် ပုံဖော်ရိုက်ကူးလေ့ရှိပါတယ်။ ထွက်ရှိခဲ့ပြီးသား သီချင်းတွေ၊ MTV တွေတိုင်းကလည်း အောင်မြင်မှု များစွာ ရရှိခဲ့ပါတယ်။ လက်ရှိမှာလည်း Ar-T ရဲ့ " Silent " သီချင်းလေးဟာ JOOX မှာ နံပတ် ၁ နေရာကို ရရှိနေတယ်လို့ သိရပါတယ်။ 

“ ကျွန်တော့်ရဲ့ Music Video ကလေ ကြိုရိုက်ထားတာ သိပ်မရှိဘူး။ သီချင်းကို ဥထားတယ်၊ သီချင်းထွက်ကာနီးမှ MTV ကို အမြန်ရိုက်တယ်။ ဇာတ်လမ်း ကောင်းကောင်းတွေကို စဉ်းစားတယ်၊ တစ်ယောက်ခြင်းစီကို ဘယ်သူ့ကို ရွေးမလဲ စဉ်းစားတယ်။ ဒါရိုက်တာနဲ့ တိုင်ပင်တယ်။ ကိုယ်ဖြစ်ချင်တဲ့ ပုံစံကို ဒါရိုက်တာက ကြိုးစားပေးပါတယ်” ဆိုပြီးတော့ မတ်လ ၈ ရက်နေ့က Zealax hotel ဖွင့်ပွဲကို တက်ရောက်ရင်းဖြေဆိုခဲ့တာပါ။ 

Photo: Ar-T

အဆိုတော် အားတီကိုတော့ သီချင်းမြူးမြူးလေးတွေကနေတဆင့် ပရိသတ်တွေ စတင်အားပေးလာတာဖြစ်ပါတယ်။ လက်ရှိမှာလည်း သူ့ရဲ့ သီချင်းလေးတွေက လူငယ်ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျနေတာကို တွေ့ရပါတယ်။ ဂီတကို ရူးသွပ်လွန်းသူဖြစ်တာကြောင့် ကိုယ်ပိုင်ကား ဝယ်မစီးပဲ MTV တွေကို အမိုက်စား ရိုက်နေမိတယ်လို့လည်း Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့ဖူးပါတယ်။ အဲဒီနောက် ကိုယ်ပိုင် စီးပွားရေးအနေနဲ့ အားတီရဲ့ ‘’ချဉ်ငံစပ်’’ ဆိုတဲ့ စားသောက်ဆိုင်လေးကိုလည်း ဖွင့်လှစ်ထားတာဖြစ်ပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က