ညီမဖြစ်သူ စန္ဒီမြင့်လွင်ရဲ့ ရင်သွေးလေးပါ။

ညီအစ်မတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ စိုးမြတ်သူဇာက စန္ဒီမြင့်လွင်မွေးလာတဲ့ သမီးလေးအတွက် ကိုယ်တိုင် နာမည်ပေးဖို့ စဉ်းစားထားတယ်လို့ ဆိုပါတယ်။

Photo : Amazing Grace



ညီအစ်မတွေထဲမှာ အကြီးဆုံးဖြစ်တဲ့ မကြီးစိုးက နာမည်ပေးတဲ့ နေရာမှာလည်းအရမ်းတော်ပါတယ်။ ညီအစ်မတွေ စုဖွင့်ထားတဲ့ "မင်းသမီး" ပိုးထည်ဆိုင်ကိုလည်း မကြီးကိုယ်တိုင် နာမည်ပေးခဲ့တာပါ။ အခုလည်း စန္ဒီမြင့်လွင်မွေးလာတဲ့ သမီးလေးအတွက်ကိုယ်တိုင် နာမည်ပေးဖို့ စဉ်းစားထားတယ်တဲ့။ အဖေရော၊ အမေရောပါ ချောတာကြောင့် မွေးလာတဲ့ ကလေးလေးကလည်း ချောမှာ အမှန်ပဲလို့ မကြီးစိုးက ဆိုပါတယ်။

“ချစ်စရာတော့ ကောင်းမယ်။ သူ့အဖေရော အမေရောက ချောတော့ ဘယ်လိုလာမလဲမသိဘူး။ အဆင်ပြေမှာပါ။ သူတို့ မိသားစုမှာ ဒီးဒီက အငယ်ဆုံးဆိုတော့လေ။ သူက ကလေး အရမ်းလိုချင်နေတာ။ တကယ်တမ်း ကလေးရလာတော့ သူစိတ်တွေညစ်နေတယ်။ သူအရမ်းကလေးလိုချင်တာ။ တစ်ချိန်လုံး ကလေးမွေးမယ်ပဲ ပြောနေပြီး ကလေးမွေးခါနည်းလည်းကျရော ဘာလို့ကလေးယူမိလိုက်လဲ မသိဘူးဆိုပြီး ပြောနေရော။ ကလေးလေးကိုလည်း ကိုယ်တိုင် နာမည်ပေးဖို့ ကြံစည်ထားတယ်။ အဘွားဝင်စားတယ်လည်း ပြောနေတော့ မကြီးက အဘွားနာမည်လေးလည်း ပါအောင် ထည့်မယ်ဆိုပြီး စဉ်းစားထားတယ်” လို့ မကြီးစိုးက ဖေဖော်ဝါရီ(၆) ရက်နေ့က ပြုလုပ်တဲ့ “ဂျင်းကောင်” အထူးပွဲမှာ ပြောခဲ့တာပါ။

ဆယ်စုနှစ်များစွာ အောင်မြင်မှုတွေ ပိုင်ဆိုင်ထားနိုင်တဲ့ မကြီးစိုးဟာ အခုချိန်ထိ ပရိသတ်တွေရဲ့ ရင်ထဲမှာ နေရာယူထားနိုင်တဲ့ မင်းသမီး တစ်လတ်ဖြစ်ပါတယ်။

“ဒါကလည်း တစ်ဦးနဲ့တစ်ဦးအပြန်အလှန်လို့ ထင်ပါတယ်။ ကိုယ့်ပတ်ဝန်းကျင်မှာ ကိုယ်နဲ့ အဆင်မပြေတဲ့သူရှိရင် ကိုယ်ကနေလို့ မကောင်းချင်ပြန်ဘူး။ ဒါပေမဲ့ အဲ့ဒါတွေက လူ့ပတ်ဝန်းကျင်မှာ ရှိတယ်။ အဲ့ဒါလေးတွေကို လစ်လျူ ရှုနိုင်ရမယ်။ အဓိက ကကိုယ့်အလုပ်ကိုကိုုယ်အကောင်းဆုံး လုပ်နိုင်ရမယ်။ ခွင့်လွှတ်နိုင်တာ ခွင့်လွှတ်ရမယ်။ သည်းခံသင့်တာ သည်းခံရမယ်။ ပေါင်းသင်းဆက်ဆံရေးကလည်း အရေးကြီးဆုံးလို့ မကြီးထင်တယ်။ မကြီးတော့ အဲ့လိုနည်းနဲ့ပဲ နေတာပါ” လို့ ဆက်လက်ပြောပြခဲ့ပါတယ်။



Photo : Amazing Grace

စိုးမြတ်သူဇာက အခုဆိုရင် အသက် ၄၇ နှစ်ရှိပြီဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း ဆယ်စုနှစ်တစ်ခုကို ကျော်လွန်ခဲ့ပါပြီ။မကြီးစိုးလို့အနုပညာလောကသားတွေရဲ့ ချစ်စနိုးခေါ်ခြင်းခံရတဲ့ စိုးမြတ်သူဇာဟာ ၁၉၉၄ခုနှစ်ကနော်ရင်မွှေး ၊ ၁၉၉၈ခုနှစ်က ရွှေနံ့သာစံအိမ် ဇာတ်ကားတို့နဲ့ အကယ်ဒမီဆုတွေကိုရရှိခဲ့သူ ဖြစ်ပါတယ်။ ဒီနေ့ဒီအချိန်ထိလည်း အနုပညာလောကမှာ အောင်မြင်မှုထိပ်ဆုံးရောက်ရှိနေတဲ့ မင်းသမီးတွေထဲက တစ်ဦးအပါအဝင် ဖြစ်ပါတယ်။

စိုးမြတ်သူဇာ(Soe Myat Thuzar) က လက်ရှိမှာ အနုပညာအလုပ်တွေ ဆက်တိုက်လုပ်နေတာဖြစ်သလို ညီအစ်မ ၄ ဦး အတူတူ ဖွင့်ထားတဲ့ ‘’မင်းသမီး’’ ပိုးထည်တိုက်ကိုလည်း အချိန်ရရင်ရသလို ဝင်ကူညီပေးနေတာကို တွေ့ရပါတယ်။ 


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က