တိရစ္ဆာန်လေးတွေကို အရမ်းချစ်ပါတယ်။

နေခြည်ဦးကတော့ စိမ်းလဲ့တင် ထဲမှာ မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေအပေါ် သူမရဲ့ သဘောထားကို ပွင့်ပွင့်လင်းလင်း ပြောပြလာပါတယ်။ 

Photo: Nay Chi Oo



သရုပ်ဆောင်နေခြည်ဦးကတော့ ဖခင်ဖြစ်သူ ပိုင်ဆိုင်တဲ့ စိမ်းလဲ့တင်နဲ့ ပတ်သက်ပြီး ပွင့်ပွင့်လင်းလင်းပြောပြလာပါတယ်။ စိမ်းလဲ့တင်မှာ တိရစ္ဆာန်လေးတွေကို အစာအာဟာရဖြစ်စေ၊ ကျန်းမာရေး စောင့်ရှောက်မှုဖြစ်စေ အားနည်းနေတယ်လို့ ဝေဖန်မှုတွေ ရှိလာခဲ့ပါတယ်။ တိရစ္ဆာန်ချစ်တတ်တဲ့ မိသားစုဖြစ်တာကြောင့် ဝေဖန်ပြောဆိုမှုတွေဟာ တကယ်မဟုတ်တဲ့အကြောင်း နေခြည်ဦးက ပြောလာပါတယ်။ 

“ နေခြည်တို့လည်း အဲဒီလောက်အထိ ပိုးစိုးပက်စက်ဖြစ်နေမယ့် အရာတစ်ခုကို ဒီအတိုင်းရပ်ကြည့်နေမှာ မဟုတ်ပါဘူး။ ကိုယ့်ထက် ကိုယ့်မိဘနှစ်ပါးက တိရစ္ဆာန်လေးတွေကို ချစ်တတ်ပါတယ်။ နေခြည့်အမေသည် စိမ်းလဲ့တင်မှာ အိမ်ဆောက်ပြီးနေတဲ့ အမျိုးသမီးတစ်ယောက်ပါ။ ဒီကိစ္စဟာ နာမည်ကြီးချင်လို့လုပ်တာလား၊ တကယ်ကောင်းစေချင်လို့ လုပ်တာလား မသိပါဘူး။ အဖေကတော့ နေခြည့်ကို ဝင်မပါနဲ့ ဘာကြောင့်လည်းဆိုတော့ Beauty Blogger နေခြည်ဦးဆိုတဲ့ ဆီကိုတိုက်ရိုက်လာတဲ့အခါကျတော့ အဖေလည်း စိတ်မကောင်းဖြစ်သွားတယ်ထင်ပါတယ်” လို့Duwun media အင်တာဗျူးမှာ ဖြေဆိုခဲ့ပါတယ်။  

Photo: Amazing Grace

စိမ်းလဲ့တင်မှာတော့ သားရဲတိရစ္ဆာန်မျိုးစုံ ရှိပါတယ်။ ဒါကိုတော့ နေခြည်ဦးရဲ့ မိခင်က ချစ်လို့ မွေးမြူခဲ့တဲ့ တိရစ္ဆာန်တွေဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ တိရစ္ဆာန်လေးတွေကိုလည်း စီးပွားရေးအရမွေးမြူထားတာ မဟုတ်တဲ့အကြောင်းကိုလည်း နေခြည်ဦးက ပွင့်ပွင့်လင်းလင်း ပြောပြခဲပြန်ပါသေးတယ်။ 

“ နေခြည့် အမေက တိရစ္ဆာန်လေးတွေကို အရမ်းချစ်တတ်တဲ့သူပါ။ အဖေကတော့ စီးပွားရေးလုပ်ငန်းလုပ်တာဖြစ်တဲ့အတွက် စီးပွားရေးအရလည်ပတ်ဖို့တော့ သူကြိုးစားရမှာပဲ။ တိရစ္ဆာန်ကိုတော့ စီးပွားရေးအရ မွေးတာမဟုတ်ဘူး။ နေခြည့်အမေသည် ကျား ၄ ကောင်လောက်ရှိတယ် မွေးထားတာ။ ကျားတစ်ကောင်ရဲ့ စားစရိတ်က နည်းတာ မဟုတ်ဘူးလေ။ အဲဒါအပြင် ဆင်တွေရှိတယ်၊ ကျားသစ်တွေရှိတယ်၊ ဝက်ဝံတွေရှိတယ်။ နေခြည့်အမေက တိရစ္ဆာန်အရမ်းမွေးလွန်းလို့ တိရစ္ဆာန်ဥယျာဉ်ဆိုပြီးတော့ တရားဝင်လိုင်စင်နဲ့ လုပ်လာတာပါ” ဆိုပြီးတော့လည်း ဖေဖော်ဝါရီလ ၁၇ ရက်နေ့က ခေတ်သစ်ဖောင်ဒေးရှင်း တစ်နှစ်ပြည့်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Photo: Amazing Grace

နေခြည်ဦးဟာ သူတို့ မိသားစုတွေရဲ့ စီးပွားရေး လုပ်ငန်းကို ဟိုးအောက်ခြေကနေ စခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။ စိမ်းလဲ့တင် အပေါ် ဝေဖန်ပြောဆိုမှုတွေဟာ နေခြည်ဦးကို ဦးတည်ပြီး ပြောဆိုလာကြတာတွေကြောင့်လည်း မိသားစုဝင်တွေက စိတ်မကောင်းဖြစ်နေကြတယ်လို့ ပြောပါတယ်။ 

“နေခြည်တို့မှာ သုညဘဝကနေစပြီးတော့ ဒီလိုမျိုးဖြစ်လာအောင် ကိုယ့်ခြေ၊ ကိုယ့်လက်နဲ့ ကြိုးစားခဲ့ရတာပါ။ နေခြည်တို့မှာ နိုင်ငံခြားသားစီးပွားရေးသမားတွေလည်း မရှိဘူး။ ကိုယ်နားလည်သလောက်၊ ကိုယ်အဆင်ပြေသလောက် လုပ်နေတဲ့ အချိန်မှာ အဆင်မပြေတာလေးတွေရှိရင် နည်းနည်းလေး နားလည်ပေးစေချင်ပါတယ်။ ပုဂ္ဂိုလ်စွဲကြောင့် လုပ်တာဆိုရင်တော့ နေခြည်တို့ မိသားစုလည်း စိတ်မကောင်းဘူးလို့ ပြောချင်ပါတယ်” လို့ ဆိုပါတယ်။ 

Photo: Amazing Grace

နေခြည်ဦးဟာ Beauty Blogger ဘဝနဲ့ အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိလာတဲ့ သူတစ်ဦးပါ။ သူမကို ချစ်တဲ့ ပရိသတ်တွေ များစွာ ပိုင်ဆိုင်ထားနိုင်တဲ့ အသက်(၂၈)နှစ်အရွယ် ကောင်မလေးတစ်ယောက်လည်း ဖြစ်ပါတယ်။ သူမက အချိန်တိုလေးအတွင်းမှာ Beauty Blogger ဘဝကနေ သရုပ်ဆောင်လောကထဲသို့ ရောက်ရှိလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။ နာမည်ကြီး မင်းသားများနဲ့အတူ ရုပ်ရှင်ဇာတ်ကားကြီးများ၊ ဇာတ်လမ်းတွဲများကို ဆက်တိုက် ဆိုသလို ရိုက်ကူးခဲ့ရပါတယ်။ သူမပါဝင်ထားတဲ့ “ဧည့်သည်” ရုပ်ရှင်ဇာတ်ကားကြီးဟာဆိုရင် ၂၀၁၈ ခုနှစ်အတွက် ပေးအပ်မယ့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုရဲ့ ဆန်ခါတင်စာရင်းမှာ ပါဝင်နေတာလည်း ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က