အသစ်တစ်ယောက်အနေနဲ့ အများကြီးကြိုးစားနေပါတယ်။

ယဉ်လက်ကတော့ အနောက်တိုင်းအကနဲ့ မြန်မာအက တွေကို တစ်ပြိုင်တည်း သင်ယူနေရပါတယ်တဲ့။ ဒါကလည်း သူမအတွက် စိန်ခေါ်မှုတစ်ခုဖြစ်လာမယ့် ကာရိုက်တာအတွက် ကြိုးစားမှုတစ်ခုပဲလို့ ဆိုပါတယ်။

Photo: Chan Nyein

ယဉ်လက်ဟာ လက်ရှိအောင်မြင်နေတဲ့ သရုပ်ဆောင် အသစ်လေးတွေထဲက တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ အခုလည်း နောက်ထပ်ရိုက်ကူးရမယ့် ရုပ်ရှင်ဇာတ်ကားကြီးထဲက ကာရိုက်တာအတွက် မြန်မာအက နဲ့ အနောက်တိုင်းအကကို သင်ယူလေ့လာနေတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ နောက်လမှာ ရိုက်ကူးမယ့် ရုပ်ရှင်ကားကြီးအတွက်လည်း ယဉ်လက် အခု အက သင်နေပါတယ်။ မြန်မာ့ရိုးရာအကရယ်၊ အနောက်တိုင်းအကရယ်ကို ပေါင်းစပ်ပြီးတော့ ပုံမှန်မြင်နေကြမဟုတ်တဲ့ ပုံစံမျိုးနဲ့ ဖန်တီးထားတဲ့ ဇာတ်ကားကြီးဖြစ်ပါတယ်။ အဲဒီအတွက် ယဉ်လက်လည်း အစွမ်းကုန် ကြိုးစားပြီးတော့ သင်ယူနေပါတယ်’’ လို့ သူကဆိုပါတယ်။

Photo: Khine Htut

မြန်မာအကနဲ့ အနောက်တိုင်းအက နှစ်ခုစလုံးကို တစ်ပြိုင်တည်း လေ့လာသင်ကြားနေရတာ ဖြစ်တဲ့အတွက် အခက်အခဲတွေ အများကြီးရှိတယ်လို့ ယဉ်လက်က ပြောပါတယ်။

‘’အရင်တုန်းကတော့ ဇာတ်ရုပ်အတွက် လိုအပ်တဲ့ ကကွက်လေးတွေကိုတော့ သင်ထားဖူးတာရှိတယ်။ ဒါပေမယ့် ဒီလောက် ကြီးကြီးမားမားကြီးတော့ မလုပ်ဖူးဘူးပေါ့နော်။ ဒါကြီးကတော့ အရမ်းကို ခက်ခဲမယ့် အရာပေါ့။ ကတာတောင်မှ ပုံမှန်မြင်နေကြ ကကွက်မျိုးတွေ မဟုတ်တဲ့အတွက်ကြောင့်မို့လို့ အများကြီး ကြိုးစားရပါတယ်’’ ဆိုပြီးတော့ လောကကြိုးဝိုင်း ရုပ်ရှင်ဇာတ်ကား မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Ae Lin Yaung

အဲဒီနောက် သရုပ်ဆောင်အသစ် တစ်ယောက် အနေနဲ့ အခုလို အခက်အခဲမျိုးက ကြိုးစားခွင့်ရတဲ့အခွင့်အရေး တစ်ရပ်ဖြစ်တယ်လို့ ယဉ်လက်က ဆက်လက်ပြောပြလာပါတယ်။ အခက်အခဲဖြစ်စေမယ့် ဇာတ်ရုပ်တိုင်းကိုလည်း သူမကိုယ်တိုင်က ကြိုးစားချင်ပါတယ်တဲ့။

‘’အကကတဲ့ ပညာရပ်ဆိုတာကလည်း တကယ်ကို ခက်ခဲတဲ့ အရာပဲလေ။ နှစ်ခုစလုံးကတော့ မလွယ်ကြဘူး။ နှစ်ခုစလုံးကို ပေါင်းစပ်တဲ့အချိန်မှာ ပိုမလွယ်ဘူး။ အဲဒီအတွက် ညီမကတော့ အကောင်းဆုံးကြိုးစားနေပါတယ်။ ဒါကလည်း သမီးရဲ့ ကြိုးစားမှုကို အခွင့်အရေးပေးတယ်လို့ပဲ ထင်ပါတယ်။ သရုပ်ဆောင်အသစ်တစ်ယောက် နေနဲ့ အမြဲတမ်း ကြိုးစားသင်ယူနေရမယ် ဆိုတာကို တွေးတယ်။ ဘယ်လို စိန်ခေါ်မှုရှိတဲ့ ဇာတ်ရုပ်ဖြစ်ဖြစ် သမီးကတော့ ကြိုးစားချင်တယ်’’ လို့ ဆိုပါတယ်။

Photo: Htoo Sharr

သရုပ်ဆောင် ယဉ်လက်ကိုတော့ သရာစောထိ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း အရမ်းကို ၂ နှစ်ဝန်းကျင်သာ ရှိပါသေးတယ်။ ဒါပေမယ့် သူမကို ချစ်တဲ့ ပရိသတ်တွေကတော့ တစ်နေ့ထက် တစ်နေ့ ပိုများလာတာကို တွေ့ရပါတယ်။ 



က္က