သူမရဲ့ အိမ်ထောင်ရေး အကြောင်း ပြောပြလာပါတယ်။

ချမ်းမီမီကို ကတော့ အနုပညာအလုပ်တွေ ရပ်နားထားတဲ့ အချိန်တုန်းက သူမရဲ့ ဘဝ ဖြတ်သန်းမှုတွေ အကြောင်းကို အခုလို ပြောပြလာပါတယ်။ 

ချမ်းမီမီကိုဟာ ၂၀၁၄ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ ခင်ပွန်းဖြစ်သူ ကိုစိုးထွန်းရှိန် နဲ့ လက်ထပ်ခဲ့ပြီး အိမ်ထောင်သက်တမ်း(၆) နှစ်အကြာမှာ လမ်းခွဲခဲ့ကြတယ်လို့ သိရပါတယ်။ ခင်ပွန်းဟောင်းနဲ့ မိတ်ဆွေသဘောမျိုးသာ ဆက်ဆံရေး ရှိတော့တယ်လို့ Duwun ကနေ ပြောပြလာပါတယ်။ 



“အခုလည်း အနုပညာအလုပ်တွေ နားတဲ့ နှစ်တွေမှာတော့ ကိုယ်စိတ်ဝင်စားခဲ့ရတဲ့ အလုပ်လေးတွေ ကို လေ့လာတယ်။ နောက်ကျတော့လည်း အိမ်ထောင်ရှင်မ တစ်ယောက်ရဲ့ တာဝန်တွေလုပ်ရပါသေးတယ်။ လက်ရှိ အိမ်ထောင်ရေးနဲ့ ပတ်သက်ပြီး သူက သူ့ဘဝနဲ့သူရှေ့ဆက်လျှောက်နေသလို ချမ်းမီလည်း ကိုယ့်ဘဝနဲ့ ကိုယ် အဆင်ပြေနေပါတယ်။ နှစ်ယောက်စလုံးကတော့ သူငယ်ချင်း၊ ဓမ္မမိတ်ဆွေ တွေလောက်ပါပဲ” လို့ သူကဆိုပါတယ်။ 

အခုဆိုရင်တော့ ချမ်းမီမီကို ဟာ အနုပညာအလုပ်တွေ ပြန်လည် လုပ်ကိုင်တော့မယ်လို့ သိရပါတယ်။ လက်ရှိမှာ သူမဟာ ရင်သွေးလေးကို စောင့်ရှောက်ပေးရင်း မိဘတွေနဲ့ အတူတူနေထိုင်တယ်လို့ ဆိုပါတယ်။ 

 “ Single Mother တစ်ယောက် အနေနဲ့ရပ်တည်နေတာပေါ့နော်။ ကလေးနဲ့ကလည်း သူငယ်ချင်းလိုဖြစ်နေပြီ။ ကိုယ်ကလည်း ကလေးပဲလေ။ ကိုယ်က ဘယ်လို အခြေအနေပဲ ဖြစ်ဖြစ် ကိုယ်ကိုယ်တိုင် ပြင်ဆင်နိုင်ဖို့၊ ပြီးတော့လည်း ဘယ်ကိစ္စမဆို ကိုယ်ကိုယ်တိုင် ပြင်ဆင်မှ အဆင်ပြေမယ်ဆိုတဲ့ တရားသဘောကို လက်ခံလာတယ်။ ပြီးတော့ အချိန်တန် အလုပ်လုပ်မယ်၊ ကိုယ့်ကလေးနဲ့ ကိုယ့်မိသားစုကို အချိန်ပေးမယ်။ အဖေ တို့ အမေတို့ကို ကိုယ်ကျေးဇူးဆပ်ခွင့်ရတဲ့ အချိန်မှာ ကျေးဇူးဆပ်ချင်တယ်” ဆိုပြီးတော့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

ချမ်းမီမီကို ကတော့ အနုပညာလောကထဲကို မော်ဒယ်လ် တစ်ယောက် အနေနဲ့ စတင်ဝင်ရောက်လာခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် သရုပ်ဆောင် တစ်ယောက်အနေနဲ့ ဗီဒီယို ဇာတ်ကား တော်တော်များများမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ဖူးသူ တစ်ဦးပါ။ ၂၀၁၄ ခုနှစ် ဇွန်လ ၉ ရက်နေ့မှာ ခင်ပွန်းဖြစ်သူ ကိုစိုးထွန်းရှိန် နဲ့ လက်ထပ်ခဲ့ပြီး အနုပညာအလုပ်တွေ ရပ်နားသွားတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က