နေတိုး၊ ထွန်းထွန်းတို့နဲ့ရိုက်ရမှာမို့ ပျော်နေပါတယ်တဲ့။

နိုင်ငံ ၄ နိုင်ငံက အနုပညာရှင်တွေ ပူးပေါင်းရိုက်ကူးမယ့် ‘’ကောင်းကင်မရှိတဲ့ ကြယ်’’ရုပ်ရှင်ကားကြီးထဲမှာ နေတိုး၊ စိုင်းစိုုင်းခမ်းလှိုင်၊ ထွန်းထွန်း နဲ့ ဟိန်းထက်တို့ကလည်း ပါဝင်သွားမှာဖြစ်ပါတယ်။ ဟိန်းထက်ကတော့ နေတိုး၊ ထွန်းထွန်းတို့နဲ့ ရုပ်ရှင်အတူတူရိုက်ရလို့ ပျော်နေပါတယ်တဲ့။

သရုပ်ဆောင် ဟိန်းထက်ကတော့ ‘’ ကောင်းကင်မရှိတဲ့ ကြယ်’’ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ နေတိုး၊ ထွန်းထွန်း တို့နဲ့ အတူတွဲသရုပ်ဆောင်ရတော့မှာဖြစ်လို့ ဝမ်းသာနေပါတယ်။ ဒီဇာတ်ကားထဲမှာ အပြည့်အဝ ကြိုးစားသွားမယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။



‘’ အစ်ကိုတို့ဆိုတာ ကျွန်တော့်အတွက်ကတော့ တကယ့်ကို idol တွေပေါ့နော်။ အစ်ကိုတို့နဲ့ အတူတူဇာတ်ကားရိုက်ခွင့်ရတယ်ဆိုတော့ ကျွန်တော်လည်း ပညာတွေ အများကြီးရတော့မှာ။ အရမ်းလည်းပျော်တယ်။ ၁၀၀ ရာခိုင်နှုန်း အပြည့်အဝ ကြိုးစားသွားမှာပါ။ ဒီဇာတ်ကားထဲမှာတော့ ကျွန်တော်က စပိုင်တစ်ယောက်ရဲ့ ကာရိုက်တာ ပုံစံလေးနဲ့ ပါဝင်သရုပ်ဆောင်သွားမှာပါ’’ လို့ ဆိုပါတယ်။

အဲဒီနောက် သရုပ်ဆောင် နေတိုးကလည်း ‘’ကောင်းကင်မရှိတဲ့ ကြယ်’’ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးဖို့ လက်ခံဖြစ်ခဲ့တဲ့ အကြောင်းအရင်းကို ပြောပြလာပါတယ်။

‘’ကာရိုက်တာ တိုင်းမှာတော့ လှျှို့ဝှက်ချက်တွေနဲ့ ဖွဲ့စည်းထားတယ်။ ကာရိုက်တာတိုင်းကလည်း အရမ်းကို စိတ်ဝင်စားစရာကောင်းတဲ့ဇာတ်ကားလေးပါ။ ပုံစံတစ်မျိုးလေးနဲ့ ထူးထူးခြားခြား ကြိုးစားခွင့်ရတဲ့ ဇာတ်ကားတစ်ကားလည်းဖြစ်ပါတယ်။ ကာရိုက်တာအရတော့ နာကျင်မှုကို ဖုံးကွယ်နေမယ့် လူတစ်ယောက်ပေါ့နော်’’ ဆိုပြီးတော့ အောက်တိုဘာလ ၁၀ ရက်နေ့က ‘’ကောင်းကင်မရှိတဲ့ ကြယ်’’ရုပ်ရှင်ကားကြီး မိတ်ဆက်ပွဲမှာ ဖြေဆိုခဲ့တာပါ။

ထွန်းထွန်းကလည်း ဒီဇာတ်ကားထဲမှာ ပါဝင်သရုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ပြည်ပ အနုပညာရှင်တွေနဲ့ ရိုက်ကူးရမယ့်အပေါ် သူ့ရဲ့ ခံစားချက်ကို ပြောလာပါတယ်

‘’ ဒီဇာတ်ကားထဲမှာတော့ ကျွန်တော် မလုပ်ဖူးသေးတဲ့ ပုံစံပေါ့နော်။ အခက်အခဲတွေကတော့ ဇာတ်ကားရိုက်တိုင်းရှိတာပေါ့နော်။ အခုဆိုရင်လည်း နိုင်ငံတကာမှာ ရိုက်ကူးနေတဲ့ အနုပညာရှင်တွေနဲ့ ပူးပေါင်းပြီး လုပ်ရမှာဆိုတော့ ကိုယ့်ဘက်ကလည်း ကြိုးစားပြင်ဆင်ပြီးတော့ အားထုတ်ရမယ်။ ဒီကာရိုက်တာကလည်း ကျွန်တော့်အတွက် တကယ်ကို ခက်ခဲမယ့် ကာရိုက်တာ တစ်ခုပါ။ တော်တော်လေးတော့ ပြင်ဆင်ရမယ်’’ လို့ဆိုပါတယ်။

‘’ကောင်းကင်မရှိတဲ့ ကြယ်’’ရုပ်ရှင်ဇာတ်ကားကိုတော့ Media 7 ကနေ ထုတ်လုပ်ရိုက်ကူးသွားမယ်လို့ သိရပါတယ်။ ဒီဇာတ်ကားကိုတော့ မြန်မာ၊ ထိုင်း၊ အမေရိကန် နဲ့ ဂျပန် စသည့် နိုင်ငံ အသီးသီးက အနုပညာရှင်တွေနဲ့ ပူးပေါင်းရိုက်ကူးသွားမှာဖြစ်ပါတယ်။ ပါဝင်ကြမယ့် သရုပ်ဆောင်တွေကတော့ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ထွန်းထွန်း၊ ဟိန်းထက်၊ ထိုင်းနိုင်ငံက အနုပညာရှင်တွေဖြစ်ကြတဲ့ Ken Phuphoom Pongpanu ၊ Korn Kang တို့အပြင် အေးမြတ်သူ၊ မိုးစက်ဝိုင်၊နွယ်ဒါလီထွန်း နဲ့ ထိုင်းမင်းသမီးချောလေး Smile Parada တို့က ပါဝင်သွားမယ်လို့ သိရပါတယ်။ ဒါရိုက်တာကတော့ အကယ်ဒမီသြရသက ရိုက်ကူးပုံဖော်သွားမှာပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က