သူက အရမ်းဖော်ရွေတယ်။

ပိုင်အုပ်စိုးအောင်တစ်ယောက် Sinon Loresca နဲ့ ပထမဆုံးအကြိမ် တွေ့ဆုံမှုမှာ ကြက်သီးထစရာကောင်းလောက်အောင် အမှတ်တရဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ Sinon Loresca အပေါ် သူ့ရဲ့ သဘောထားကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။

Photo: Paing Oak Soe Aung



ပိုင်အုပ်စိုးအောင်ကတော့ နာမည်ကျော် Gay Model တစ်ယောက်ဖြစ်တဲ့ Sinon Loresca နဲ့ တွေ့ဆုံခဲ့တဲ့ အမှတ်တရတွေကို ပြောပြလာပါတယ်။ သူ့ကိုလည်း ချစ်စရာကောင်းအောင် စနောက်ခဲ့သေးတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ ကျွန်တော့်ကို Gym ပိုင်ရှင်က Sinon နဲ့ မိတ်ဆက်ပေးပြီးတော့ Sinon ကလည်း ကျွန်တော့်ကို မေးတယ် ဘယ်သူလဲပေါ့။ ကျွန်တော်ကတော့ ဒီက မော်ဒယ်ပါဆိုတော့ Baby တဲ့ you look so cute. လို့ပြောပြီး လာဖက်တယ်။ ပြီးတော့ ကျွန်တော့်ကို စ သွားသေးတယ်။ သူလည်း Model ပဲ။ ဒါပေမယ့် Super Model တဲ့’’ ရယ်မောရင်းပြောပြခဲ့တာပါ။

Photo: Paing Oak Soe Aung

Sinon Loresca က ပိုင်အုပ်စိုးအောင်ကို Baby လို့ ခေါ်ပြီး ရင်းရင်းနှီးနှီးပြောဆိုပုံတွေက ချစ်စရာကောင်းတယ်လို့ ဆိုပါတယ်။

‘’ သူက Baby လို့ခေါ်ပြီးတော့ လက်မောင်းတွေ လာကိုင်ပြီး Baby လို့ခေါ်လိုက်တော့ကြက်သီးတွေတောင် ထသွားတယ်။ တကယ်တော့ သူက ချစ်စရာကောင်းပါတယ်။နိုင်ငံခြားသားဖြစ်ပေမယ့် သူ့ရဲ့ ဆက်ဆံရေးတွေက အရမ်းကောင်းတယ်။ ကျွန်တော့်ကိုလည်း သူ သိသည်ဖြစ်စေ၊ မသိသည်ဖြစ်စေ၊ တွေ့တွေ့ချင်းမှာ အရမ်းဖော်ဖော်ရွေရွေရှိတယ်’’ လို့ သူကဆိုပါတယ်။

Photo: Paing Oak Soe Aung

Sinon Loresca ရဲ့ ရင်းနှီးဖော်ရွေတတ်တဲ့ စိတ်နေစိတ်ထားတို့ကိုလည်း အောက်တိုဘာလ ၂၄ ရက်နေ့က Oppo Reno2/2F မိတ်ဆက်ပွဲကို တက်ရောက်ရင်း ပြောပြခဲ့တာဖြစ်ပါတယ်။

‘’ Gym ကို လာဆော့တဲ့ သူတိုင်းကို သူနှုတ်ဆက်တယ်။ ပြီးတော့ သူ့ရဲ့ ပြောပုံဆိုပုံတွေက အရမ်း Sweet တယ်။ ပြီးတော့ We Love Myanmar ဆိုပြီးပြောတာလေးတွေက သဘောကျဖို့ကောင်းတယ်။ အပြောင်အပျက်လုပ်ဖို့ကတော့ မလုပ်တော့ပါဘူးဗျာ’’ ဆိုပြီးတော့လည်း သဘောကျရယ်မောရင်း ပြောပြလာပါသေးတယ်။

Photo: Paing Oak Soe Aung

ပိုင်အုပ်စိုးအောင်ကိုတော့ အရပ်ရှည်ရှည် ခပ်ချောချောကောင်လေးတစ်ယောက်အနေနဲ့ ပရိသတ်တွေ စတင်သတိထားမိခဲ့တာဖြစ်ပါတယ်။ သူဟာ ပျော်ပျော်နေတတ်တဲ့လူငယ်တစ်ယောက်ဖြစ်တာကြောင့်လည်း ပရိသတ်တွေရဲ့ အချစ်ကို ရရှိပိုင်ဆိုင်ထားသူပါ။ လက်ရှိမှာတော့ ပိုင်အုပ်စိုးအောင်ရဲ့ အနုပညာလှုပ်ရှားမှုတွေက ကြော်ငြာတွေ၊ MTV တွေ နဲ့ အလှဓာတ်ပုံတွေ အများကြီးရိုက်ကူးနေတယ်လို့ သိရပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က