Sinon Loresca ရဲ့ အကြောင်းတွေ လေ့လာဖြစ်ခဲ့တဲ့အကြောင်းပြောပြလာပါတယ်။

ထွန်းထွန်းကတော့ ဖိလစ်ပိုင် က နာမည်ကျော် တစ်ယောက်ဖြစ်တဲ့ Sinon Loresca ရဲ့ အကြောင်းတွေကို လေ့လာရင်း Sinon Loresca ရဲ့ နှလုံးသားဖြူစင်မှုကို မြင်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ နှင်းဆီလှေ အငြိမ့်ထဲမှာလည်း Sinon Loresca နဲ့ ပုံစံတူလုပ်ပြီး သရုပ်ပြဖျော်ဖြေဖြစ်ခဲ့တဲ့အကြောင်းတွေ ပြောလာပါတယ်။

Photo: Tun Tun



ထွန်းထွန်းကတော့ Sinon Loresca ရဲ့ ပုံစံတူလုပ်ပြီး အငြိမ့်ကရမှာဖြစ်လို့ Sinon Loresca အကြောင်းတွေကို လေ့လာဖြစ်ခဲ့တယ်လို့ဆိုပါတယ်။ Sinon Loresca ရဲ့ စိတ်နေစိတ်ထားတွေကိုလည်း သူ မြင်တွေ့ခဲ့ရတယ်လို့ မီဒီယာ အင်တာဗျူးတွေမှာ ဖြေဆိုခဲ့ပါတယ်။

‘’ကျွန်တော်က သူ့လိုပုံစံလုပ်ရတော့မှာဆိုတော့ သူ့ရဲ့ Page ထဲဝင်ပြီး သူ့အကြောင်းတွေ လေ့လာရတာပေါ့။ အဲဒီမှာ Sinon Loresca က သူဝါသနာပါရာတစ်ခုကို အရင်းတည်ပြီးတော့မှ ပရဟိတ ဆိုတာကို တကယ်လည်းလုပ်တယ်။ ကိုယ်တိုင်လည်း အပင်ပန်းခံတယ်။ အဲဒါတွေကိုလည်း အားကျလာအောင် ဗီဒီယိုလေးတွေရိုက်တင်တယ်။ သူ့ဘာသာသူ အပျော်သဘောရိုက်ထားတာလေးတွေလည်းရှိတယ်။ အင်မတန် နှစ်လိုဖွယ်ကောင်းပြီးတော့ နှလုံးသားလှတဲ့သူပါ’’ ဆိုပြီးတော့ အောက်တိုဘာလ ၉ ရက်နေ့ ညက ‘’အခမ်းနားဆုံးမေတ္တာ’’ရုပ်ရှင်ကားကြီး အထူးပြသပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Tun Tun

ထွန်းထွန်းဟာ အောက်တိုဘာလ ၄ ရက်နေ့ညက YCC မှာ ကျင်းပပြုလုပ်ခဲ့တဲ့ နှင်းဆီလှေ အငြိမ့်ထဲမှာ Sinon Loresca ရဲ့ ပုံစံတူ ကပြ ဖျော်ဖြေဖြစ်ခဲ့ပုံကိုလည်း ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ကျွန်တော်တို့ အဲဒီဟာလေး ကရမယ်ဆိုတော့ လက်ဝှေ့ထိုးကြမယ်။ ကျွန်တော်ကကျတော့ ဘာလုပ်ရမလဲစဉ်းစားလိုက်တော့ ပရိသတ်လည်း သဘောကျအောင် Sinon Loresca ကို လှောင်ချင်ပြောင်ချင်စိတ်လည်း မရှိသလို အလှူအတန်းပွဲဆိုတော့ သဏ္ဍာန်လုပ် သရုပ်တူပေါ့နော်။ တိုက်ဆိုင်သွားတာလည်း ပါတာပေါ့နော်။ ကျွန်တော်ကလည်း မာဆယ်တွေဆော့ထားတဲ့လူဆိုတော့ Sinon Loresca ရဲ့ ပုံစံကလည်း အတူတူပဲဆိုတော့ ကျွန်တော်နဲ့ ကွက်တိကျခဲ့တာပါ့။ ဒေါက်ဖိနပ် အမြင့်ကိုလည်း ကျွန်တော်ရှာသေးတယ်။ မရှိတာပေါ့ ယောက်ျားလေး Size ကို မရှိတာပါတဲ့’’ ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။

Photo: Sinon Loresca

ထွန်းထွန်းကိုတော့ Examplez ဆိုတဲ့ Rapper အဆိုတော်အဖွဲ့ကနေတဆင့် ပရိသတ်တွေ စတင်အားပေးခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ သူဟာ ဂီတအလုပ်တွေထက် သရုပ်ဆောင်အလုပ်ကို ပိုပြီးတော့ အာရုံစိုက်နေတာကို တွေ့ရပါတယ်။ ဂီတဘက်မှာလည်း အောင်မြင်မှုများစွာရရှိခဲ့သူဖြစ်သလို သရုပ်ဆောင်ဘက်မှာလည်း ‘’အုတ်ကြားမြက်ပေါက်’’ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၆ ခုနှစ်အတွက် အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆုကို ထိုက်ထိုက်တန်တန် ရရှိခဲ့တာ ဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က