loading...

loading...

loading...

အခုခေတ်က မလွယ်ဘူး။
Ei Ei Myat

လက်ရှိမှာ စီးပွားရေးဘက်ကို သေချာကြိုးစားချင်သေးတယ်လို့ သူမက ဆိုပါတယ်။

 

Photo : Nan Thuzar

အဆိုတော် နန်းသူဇာနဲ့ ကျော်ထွဋ်ဆွေတို့ စုံတွဲလေးက ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို ရရှိထားတဲ့ စုံတွဲလေးပါ။ ချစ်သူသက်တမ်း (၈)နှစ်ကျော် ရှိနေပြီ ဖြစ်တဲ့ သူတို့စုံတွဲလေးက နှစ်ယောက်တစ်ဘဝ ထူထောင်နိုင်ဖို့ ကြိုးစားနေကြတဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။ ဝါသနာပါတဲ့ ဂီတလမ်းကို လျှောက်လှမ်းရင်း နဲ့ ကိုယ်ပိုင်စီးပွားရေးလေးတွေကိုလည်း လုပ်ကိုင်နေတာ တွေ့ရပါတယ်။ သူငယ်ချင်းစုံတွဲတွေ မင်္ဂလာဆောင်သွားတာတွေ မြင်တိုင်းအားကျပေမယ့်လည်း သူတို့နှစ်ဦးကတော့ ငွေရေးကြေးရေး ခိုင်ခိုင်မာမာရှိမှ အိမ်ထောင်ပြုဖို့ စဥ်းစားမယ်လို့ နန်းသူဇာက ဆိုပါတယ်၊။

“သူငယ်ချင်းတွေ ကြည့်ပြီး အားကျတာပေ့ါ။ နန်းသူဇာတို့လည်း ကြိုးစားနေပါတယ်။ငွေရေးကြေးရေးပေ့ါ စီးပွားရေး ခိုင်ခိုင်မာမာ လေး တစ်ခုခု ရမှဘဲ စဥ်းစားဖြစ်မယ်ထင်တယ်။ အိမ်ထောင်ပြုဖို့ အရမ်းတွေးတယ် ဒီခေတ်က ပိုဆိုးတယ်လေ အိမ်ထောင်ကျပြီဆိုတာနဲ့ အိမ်ထောင်ရှင်စိတ် ထားရတော့မယ်အိမ်ထောင်တစ်ခုကို ဦးစီးရမယ်။ အဲ့ဒါတွေက စဥ်းစားလိုက်ရင် ကြောက်စရာကြီး မင်္ဂလာဆောင်ဖို့ကတော့ Surpriseပေ့ါနော်” လို့ သူမက Duwun ကိုပြောပါတယ်။



Photo : Nan Thuzar

ချစ်သူ သက်တမ်းတစ်လျှောက်လုံး မှာ တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေ ထားခဲ့ကြတယ်လို့ နန်းသူဇာက ပြောပါတယ်။ ချစ်သူတစ်ယောက်လို ရင်းနှီးမှုတွေထက် မိသားစုတစ်စုလို ဖြစ်နေပြီလို့ ဆိုပါတယ်။ 

“ တွဲတာ ကြာလာတာနဲ့အမျှ ဒီလူနဲ့ ဒီလူက အကြောင်းသိတွေဖြစ်သွားကြတယ်။ အားနာစရာမလိုတော့ လောက်အောင် မိသားစုဝင်တွေလိုဖြစ်သွားတာပေါ့။ သူကတော့ အခုချိန်ထိ ဆိုးချင်ချင်ပါပဲ။ ဒါပေမယ့် သူလည်းသိပါတယ်။ သူ့ကို ကိုယ့်လို အနွံတာခံမယ့် မိန်းကလေး၊ ခွင့်လွှတ်မယ့် မိန်းကလေး ရှားနေပြီ။ ကိုယ်ကတော့ အမြဲတမ်းကြီးခွင့်လွှတ်နေရအောင် ခန္ဓီပါရမီလည်း ပါတာမဟုတ်ဘူး။ အပြင်မှာ ချိန်းပြီးတွေ့ရလောက်အောင် သူက မဆိုးဘူးပေါ့နော်။ အဲဒါ သဘောကျတာလည်းပါတယ်” လို့ ဆိုပါတယ်။ 

Photo : Nan Thuzar

နန်းသူဇာက အဆိုတော်တစ်ယောက်ဖြစ်သလို ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းနဲ့ အတူ Friend စီးရီးခွေကို ထွက်ရှိထားပါတယ်။ သူမက လက်ရှိမှာ ပွဲတွေ တက်ဖြစ်နေသလို သီချင်းတွေလည်း ဆိုဖြစ်နေတယ်လို့ သိရပါတယ်။ အတွဲခွေများစွာ မှာ သီချင်းပါဝင်သီဆိုထားတဲ့ နန်းသူဇာက တစ်ကိုယ်တော်အခွေအတွက်လည်း ပြင်ဆင်နေတယ်လို့ သိရပါတယ်။

 

 

 

 


loading...

က္က