သူမရဲ့ ပီတိ စကားသံကို အခုလို ပြောပြလာပါတယ်။

COVID-19 ကာလမှာ မဖြစ်မနေ အလုပ်လုပ်နေရတဲ့ စည်ပင်ဝန်ထမ်းတွေ အတွက် သရုပ်ဆောင် ရွှေသမီးက စားနပ်ရိက္ခာတွေ လှူဒါန်းခဲ့တဲ့အကြောင်းပြောပြလာပါတယ်။ 

Photo: Nan Mya Tin 

သရုပ်ဆောင်ရွှေသမီးကတော့ စည်ပင်ဝန်ထမ်းတွေအတွက် စားနပ်ရိက္ခာလှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။ Covid ကာလမှာ မရှိမဖြစ် လိုအပ်နေသူတွေထဲမှာ စည်ပင်ဝန်ထမ်းတွေလည်း ပါဝင်တယ်လို့ Duwun ကို ပြောပါတယ်။ 



“ Covid ကာလမှာ သူတို့ကလည်း မရှိမဖြစ်လေ။ ရန်ကုန်တစ်မြို့လုံးမှာရှိတဲ့ Qurantine Center တွေကနေ ပိုးရှိတဲ့သူတွေ ဒါမှမဟုတ် Qurantine ဝင်နေရတဲ့သူတွေရဲ့ အိပ်ရာခင်းတွေ၊ စောင်တွေကို တစ်သုတ်ခြင်းစီယူပြီး လူအယောက်(၃၀) က အမြဲ မီးရှို့ပေးရတာ။ သူတို့ကလည်း သီးသန့်နေရာတစ်ခုမှာ အကုန် စုနေရတယ်ပေါ့နော်။ ဒါကြောင့် ကိုယ်ကလည်း စည်ပင်ဝန်ထမ်းတွေအတွက် အခုလို အလှူလေး လုပ်ပေးဖြစ်တာပါ" လို့ သူက ဆိုပါတယ်။ 

Photo: Nan Mya Tin 

ရွှေသမီးဟာ စားနပ်ရိက္ခာ လှူဒါန်းရတဲ့အတွက် သူမရင်ထဲက ခံစားချက်တွေကို ပြောပြလာပါတယ်။ နောက် တစ်ကြိမ် သွားလှူဖို့လည်း ကြိုစားနေတယ်လို့ သူက ဆိုပါတယ်။ 

“နိုင်ငံတော်ကလည်း သူတို့ကို အားရှိမယ့် အစားအစာတွေ ကျွေးပါတယ်။ ဒါပေမယ့် ကိုယ်တွေကလည်း တစ်ဖက်တစ်လမ်းကနေပြီးတော့ ထမင်းစားချိန်မှ မဟုတ်ပဲ တခြားအချိန်တွေလည်း စားလို့ရအောင် ကြက်ဥတွေ၊ ခေါက်ဆွဲတွေ၊ ကွေကာအုပ်တွေ၊ အအေးတွေလှူပေးဖြစ်တယ်။ တခြားလှူလို့ရတာတွေ အများကြီး ရှိပါသေးတယ်။ သူတို့ စားချင်တာလေးတွေကို တစ်ရက်စာလေးဖြစ်ဖြစ်၊ တစ်နပ်စာလေး ဖြစ်ဖြစ် ကျွေးလို့ရတယ်။ သူတို့ကလည်း ထောပတ်ထမင်း စားချင်တယ်ဆိုတာနဲ့ ထပ်လှူဖို့ စဉ်းစားနေတယ်။ နောက်ထပ် အလှူရှင်တွေလည်း လှူလို့ရအောင် ပုံလေးတွေ တင်လိုက်တာပါ” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။ 

Photo: Nan Mya Tin 

ရွှေသမီးဟာ အနုပညာပျိုးခင်ကနေ စင်တင်ပေးခဲ့တဲ့ မင်းသမီးတစ်ယောက်ဖြစ်ပါတယ်။ အခုချိန်မှာတော့ ပရိသတ်အချစ်တွေ အများကြီး ပိုင်ဆိုင်နေတဲ့ မင်းသမီးဆိုရင်လည်း မမှားပါဘူး။ လက်ရှိမှာလည်း သူမဟာ ရုပ်ရှင်ဇာတ်ကားကြီးတွေ ဆက်တိုက်ရိုက်ကူးနေရတဲ့ သရုပ်ဆောင်ဖြစ်လို့နေပါပြီ။ ကာရိုက်တာတိုင်းကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိုင်တဲ့အတွက် ပရိသတ်တွေကလည်း ပိုပြီးတော့ ချစ်ခင်အားပေးလာကြတာကို တွေ့ရပါတယ်။ 




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က