မကြုံဖူးတာတွေ ကြုံခဲ့ရတယ်။

ယွန်းယွန်း ဟာ COVID-19 ကြောင့် စာမေးပွဲဖြေနေချိန်မှာ အခက်အခဲတွေ ၊ စိတ်လှုပ်ရှားမှုတွေဖြစ်ခဲ့ရတဲ့ အတွေ့အကြုံတွေကို ပြောပြလာပါတယ်။ 

Photo: Phonn



သရုပ်ဆောင် ယွန်းယွန်းကတော့ COVID-19 ရောဂါအတွက် စိုးရိမ်နေရတဲ့ အခြေအနေမှာ စာမေးပွဲ ဖြေဆိုရတဲ့ အတွေ့အကြုံတွေကို ပြောပြလာပါတယ်။ စိတ်လှုပ်ရှားမှုတွေကြားက ဖြေခဲ့ရတဲ့ စာမေးပွဲဖြစ်တယ်လို့လည်း သူကဆိုပါတယ်။ 

“ ကျောင်းသူတစ်ယောက်အတွက်တော့ စာမေးပွဲဖြေရမယ့်အချိန်ရောက်လာလို့ ဖြေတယ်လို့ပဲ တွေးပါတယ်။ ဒါပေမယ့် ကိုယ်တစ်ခါမှ မကြုံဖူးတာတွေကြုံရတယ်။ ဖြေတဲ့အချိန်မှာလည်း ပြန်ညှိနှိုင်းတာတွေရော၊ မဖြေပဲ ပြန်ကြမယ်ဆိုတာတွေရော ပြောကြတော့ စိတ်က အတတ်အကျတော့ရှိတာပေါ့နော်။ တကယ်ကို စိတ်အတက်အကျနဲ့ ဖြေခဲ့ရတဲ့ စာမေးပွဲပါ။ အခုကျတော့ စာမေးပွဲမဖြေချင်တဲ့ ကျောင်းသားတွေအတွက် မဖြေရဘူး။ ဖြေချင်တဲ့ ကျောင်းသားတွေအတွက်လည်း ဖြေရမယ် ဆိုတော့ ကောင်းတာပေါ့။ ဆရာတွေကိုလည်း ကျေးဇူးတင်ပါတယ်” လို့ Duwun Media အင်တာဗျူးမှာ ဖြေဆိုခဲ့တာပါ။ 

Photo: Yoon Yoon

ယွန်းယွန်းက စိတ်ပညာဘာသာရပ်မှာ ၂၀၁၆-၂၀၁၇ ခုနှစ် ပညာသင်နှစ်ရဲ့ ပညာရေးထူးချွန်ဆုမှာ ဒုတိယဆု ရရှိခဲ့ပါသေးတယ်။သူမဟာ ပညာရေးနဲ့ ပတ်သက်ပြီး လုံးဝကို လောဘကြီးတယ်လို့ ပြောရမှာပါ ။ ကျောင်းနှစ်ကျောင်းတင်မကပါဘူး နောက်ထပ်လည်း ဘာသာစကားနဲ့ပတ်သက်ပြီး လေ့လာသင်ယူနေတာ တွေ့ရပါတယ်။ Wall Street English မှာလည်း အင်္ဂလိပ်စာကို လေ့လာသင်ယူနေပြီး တခြားသော ဘာသာစကားတွေကိုလည်း လေ့လာနေပါသေးတယ်။

Photo: Phonn

COVID-19 ကြောင့် တက္ကသိုလ်တွေ စာမေးပွဲ ဖြေနေတဲ့အချိန်မှာ ကျောင်းသားတချို့က ဆန္ဒပြခဲ့တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီလိုဖြစ်ခဲ့တဲ့ အပေါ်မှာလည်း ယွန်းယွန်းက သူ့ရဲ့ အမြင်လေးကို အခုလို သုံးသပ်ပြောပြလာပါတယ်။ 

“ စာမေးပွဲ ဖြေနေရင်းနဲ့ စာအုပ်က ပိတ်ရမှာလား၊ ဖွင့်ရမှာလား၊ ဖြေတာပဲ ရပ်လိုက်ရတော့မှာလားပေါ့။ ဘာကြောင့်လဲဆိုတော့ တကယ့် တကယ်တမ်းမဖြေရတော့ဘူးဆိုရင် ကျက်ထားတဲ့ စာတွေကို နှမြောတယ်လေ။ ၁၀ တန်းလိုမျိုး တစ်နှစ်လုံး စာကျက်ရတာမျိုးလည်း မဟုတ်ဘူး။ တက္ကသိုလ်စာမေးပွဲဆိုတော့ အခုဖြေ၊ အခုကျက်ပေါ့။ မဖြေရတော့ဘူးဆိုရင် မေ့သွားမှာလေ။ ဒီနှစ်ကတော့ စာကျက်ရတာ တော်တော်တော့ အေးအေးဆေးဆေးမရှိဘူး” ဆိုပြီးတော့ မတ်လ 

Photo: Phonn

ဆံပင်ရှည်ရှည် ပါးချိုင့်ကလေးနဲ့ ချစ်စရာမျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ သူကတော့ ကလေး သရုပ်ဆောင်ဘဝကတည်းက ပရိသတ်တွေရဲ့ အချစ်ကို ရရှိထားတဲ့ ယွန်းယွန်းပါ။ ယွန်းယွန်းဟာ ငယ်စဉ်ကတည်းက အနုပညာနဲ့ ပတ်သက်ပြီး ဝါသနာကြီးခဲ့သူ တစ်ယောက်ဖြစ်သလို ပညာရေးပိုင်းမှာလည်း ထူးချွန်သူတစ်ဦးဖြစ်ပါတယ်။ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဂုဏ်ထူးနှစ်ဘာသာနဲ့ ထူးချွန်အောင်မြင်ခဲ့သလို တက္ကသိုလ်မတက်ခင် အချိန်မှာလည်း ABE Business Management ကို တက်ရောက်ခဲ့ပါသေးတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က