လေးလလောက်ရှိပြီတဲ့။
Ei Ei Myat

နေရဲကတော့ မွေးနေ့ကို အလှူအတန်းတွေနဲ့ ဖြတ်သန်းဖြစ်နေတာ တွေ့ရပါတယ်။ဒီနေ့က သူ့ရဲ့ အသက်(၂၅)နှစ်ပြည့် မွေးနေ့ပါ။

နေရဲတစ်ယောက် မွေးနေ့မှာ လေးလလောက် စိတ်ကောက်နေတဲ့ ညီမဖြစ်သူ သဇင်ထူးမြင့်နဲ့ ပြန်တည့်သွားလို့ ပျော်လို့နေပါတယ်။ မွေးနေ့လက်ဆောင်အဖြစ် ညီမလေးက သူ့ကို နမ်းခဲ့တယ်လို့ မီဒီယာအင်တာဗျူးမှာ ဖြေပေးခဲ့ပါတယ်။

“ဒီနှစ်မွေးနေ့ ပျော်ပါတယ်။ အလှူလုပ်ခွင့်ရတာလည်း ဝမ်းသာတယ်။ ညီမလေးနဲ့ စိတ်ကောက်ပြန်ပြေသွားတယ်အဲ့အတွက်လည်း ဝမ်းသာပါတယ်။ဖေဖေက သူ့ကို မုန့်ဖိုးပေးမယ်ကျွန်တော့်ကို နမ်းဆိုလို့ လာနမ်းတယ်။လက်ဆောင်မရတဲ့အတွက် သိပ်တေ့ာမကျေနပ်ဘူး။ စိတ်ကောက်နေတာ သုံးလေးလလောက်ရှိပြီ ဘာလို့ ကောက်မှန်းမသိကို ကောက်နေတာ တစ်ယောက်နဲ့တစ်ယောက်နဲ့ မျက်နှာချင်းလည်း မဆိုင်ဖြစ်တော့ မခေါ်ဖြစ်တာပါ” ဆိုပြီး သဘောကျရယ်မောရင်း ပြောပြခဲ့ပါတယ်။

နေရဲကတော့ ဒီနှစ်မွေးနေ့ကို အလှူအတန်းတွေနဲ့ဖြတ်သန်းခဲ့ပါတယ်။ မွေးနေ့အလှူအဖြစ်နေအိမ်ရှေ့မှာ စတုဒီသာအလှူလုပ်ခဲ့ပါတယ်။ အသက် (၂၅)နှစ်ပြည့်သွားတဲ့ ခံစားချက်လေးကို နေရဲက ပြောပြခဲ့ပါသေးတယ်။

“ကျွန်တော့်ကို ၂၈ နှစ်လို့ထင်တာ ။ ၂၅ နှစ်လို့ မထင်ကြဘူး။ ကျွန်တော်ဒီတိုင်လေးပဲသွားမယ် အနုပညာအလုပ်ကို အခွင့်ရေးရသလောက် ကြိုစားသွးမှာပါ။ မွေးနေ့လက်ဆောင်က ကားဝယ်ပေးထားတာ ကြာပြီ ကြိုဝယ်ပေးထားတာပါ။ စီးနေတာတော့ ကြာပြီ” ဆိုပြီး မိဘတွေပေးတဲ့ မွေးနေ့လက်ဆောင်ပေးခဲ့တာနဲ့ ပတ်သက်ပြီး ဖြေဆိုပေးခဲ့ပါတယ်။

သရုပ်ဆောင်ခင်လှိုင်ရဲ့ သားဖြစ်သူ နေရဲကိုတော့ ပရိသတ်တွေ စတင်သိရှိလာပြီဖြစ်ပါတယ်။ လက်ရှိမှာလည်း သူတစ်ယောက်တည်းဖြစ်စေ၊ ဖခင်ဖြစ်သူနဲ့ ဖြစ်စေ ရုပ်ရှင်ဇာတ်ကားတွေ၊ ဇာတ်လမ်းတွဲတွေ ရိုက်ကူးနေရတာကိုလည်း တွေ့ရပါတယ်။ နေရဲကိုတော့ အက်ရှင်ဇာတ်ကား၊ အချစ်ဒရာမာ ဇာတ်ကားတော်တော်များများမှာ တွေ့ရတတ်ပါတယ်။ သူဟာ ပရိသတ်အချစ်တော်မလေး သဇင်ထူးမြင့်ရဲ့ အစ်ကိုအရင်းတစ်ယောက်လည်းဖြစ်ပါတယ်။ မကြာခင် ရိုက်တော့မယ့် “အောင်ဆန်း” ရုပ်ရှင်ဇာတ်ကားမှာ နေရဲက သခင်လှမြင့်နေရာတွင် ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။


က္က