ချစ်တဲ့ ပရိသတ်တွေအတွက် အကောင်းဆုံးကြိုးစားသွားမယ်။

ယဉ်လက်ကတော့ ၂၀၁၉ ခုနှစ်မှာ ဆုံးရှုံးလိုက်ရတဲ့လူတွေလည်းရှိသလို၊ နာကျင်စရာတွေလည်း ရှိတယ်လို့ဆိုပါတယ်။ ပရိသတ်ပေးတဲ့ အင်အားနဲ့ နှစ်သစ်မှာ အကောင်းဆုံး ကြိုးစားသွားမယ်လို့ဆိုပါတယ်။

Photo: Yin Let



ပရိသတ်အချစ်တော်မလေး ယဉ်လက်ကတော့ ၂၀၁၉ ခုနှစ်မှာ သူဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံတွေကို ဝေမျှလာပါတယ်။ အရာ အားလုံးကို မျှမျှ တတ ကျော်ဖြတ်ခဲ့ရတဲ့ နှစ်တစ်နှစ်ပဲလို့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။

“၂၀၁၉ မှာ ပျော်ရွှင်မှုတွေ၊ ချစ်ရတဲ့သူတွေနဲ့လည်း အများကြီး ကြုံတွေ့ခဲ့ရသလို မကောင်းတဲ့ အခိုက်အတန့်တွေ၊ စိတ်ညစ်စရာတွေ၊ နာကျင်ရတာမျိုးတွေ၊ ဆုံးရှုံးလိုက်ရတဲ့လူတွေလည်း ရှိခဲ့ဖူးတာပဲ။ ဒါက လူဖြစ်လာပြီဆိုတော့ လောကဓံကတော့ ခံရမှာပဲ။ အမြဲတမ်းအကောင်းကြီးပဲရှိနေမှာ မဟုတ်ဘူး။ ဖြတ်သန်းလာတဲ့ တစ်နှစ်ပတ်လုံးမှာ အခက်အခဲတွေလည်းရှိခဲ့တယ်။ ဒီအခက်အခဲတွေကို အကောင်းဆုံးရင်ဆိုင်ခဲ့တဲ့အတွက်လည်း ကျေနပ်ပါတယ်” လို့ သူကဆိုပါတယ်။

Photo: Yin Let

သူမ ချစ်ရတဲ့ ပရိသတ်တွေရဲ့ အင်အားနဲ့ ၂၀၂၀ ကို အကောင်းဆုံး ဖြတ်သန်းသွားမယ်လို့လည်း ယဉ်လက်က ပြောပါတယ်။

“ ၂၀၂၀ မှာတော့ အင်အားတွေဆိုတာထက် ချစ်ခြင်းတွေ၊ ကိုယ့်အပေါ်မှာ ထားတဲ့ မေတ္တာတွေ ဒီလို အားတွေကို ယူပြီးတော့ အကောင်းဆုံး ကြိုးစားပြင်ဆင်သွားရမှာပဲပေါ့။ အရင်တုန်းက လိုအပ်နေတဲ့ အရာတွေကို ဖြည့်ဆည်းရင်းနဲ့ ဒီလူ ဒီစိတ် ကိုမှ ပိုပြီး ကောင်းမွန်တဲ့သူတစ်ယောက်ဖြစ်အောင် နေထိုင်သွားမှာပါ” ဆိုပြီးတော့ ဒီဇင်ဘာလ ၂၄ရက်နေ့က ချည်ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Yin Let

သရုပ်ဆောင် ယဉ်လက်ကိုတော့ သရာစောထိ ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ သူမရဲ့ အနုပညာသက်တမ်းကလည်း အရမ်းကို ၃ နှစ်ဝန်းကျင်သာ ရှိပါသေးတယ်။ ဒါပေမယ့် သူမကို ချစ်တဲ့ ပရိသတ်တွေကတော့ တစ်နေ့ထက် တစ်နေ့ ပိုများလာတာကို တွေ့ရပါတယ်။ လက်ရှိမှာလည်း သူမပါဝင်သရုပ်ဆောင်ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကလည်း အများကြီးပါ။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က