မကြာခဏ ခရီးတွေ သွားဖြစ်ပါတယ်တဲ့။

အေးမြတ်သူဟာ ကိုယ်သွားချင်တဲ့ ခရီးလေးကို စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ သွားတာဟာ စိတ်ချမ်းသာစရာကောင်းတယ်လို့ ဆိုပါတယ်။ ဒီတစ်ခေါက်မှာလည်း သူငယ်ချင်းဖြစ်သူ ခင်လေးနွယ်၊ ယုသန္တာတင်တို့နဲ့ ခရီးအတူတူထွက်ဖြစ်တဲ့အကြောင်းပြောလာပါတယ်။

Photo: Khin Lay Nwe



အေးမြတ်သူက သူငယ်ချင်းတွေနဲ့အတူတူ ပျော်ပျော်ပါးပါး ခရီးတွေသွားဖြစ်တဲ့အတွေ့အကြုံတွေ ပြောပြလာပါတယ်။ စိတ်တူကိုယ်တူ သူငယ်ချင်းတွေနဲ့ ခရီးထွက်ရတာ ပျော်စရာကောင်းတယ်လို့ Duwun Media ကနေ ပြောပြခဲ့တာဖြစ်ပါတယ်။

‘’ခရီးကတော့ New Years မတိုင်ခင်တုန်းကလည်း သွားကြတယ်။ အခုလည်းသွားဖြစ်တယ် မခင်လေးတို့နဲ့ ကိုယ်ကလည်း အပြင်မှာလည်း ရင်းနှီးကြတယ်ဆိုတော့ စိတ်တူကိုယ်တူ သွားကြရတဲ့အတွက် ပျော်စရာကောင်းတယ်။ ပြီးတော့ ငွေရေးကြေးရေးကလည်း အများကြီးမကုန်ဘူး။ ကိုယ်သွားတဲ့နေရာ၊ ကိုယ်တတ်နိုင်တဲ့ ဟိုတယ်တည်းတယ်။ တစ်ခုခုစားရင်လည်း ကိုယ်စားတာ ကိုယ်ရှင်းကြတယ်။ Taxi စီးတာကအစ ပြန်ခွဲတာ’’ ဆိုပြီးတော့ သြဂုတ်လ ၁ ရက်နေ့ က ‘’စစ်ကား’’ရုပ်ရှင်ကားကြီး ကန်တော့ပွဲမှာ ဖြေဆိုခဲ့တာပါ။

Photo: Khin Lay Nwe

ငွေကြေးအရမ်းပေါများနေလို့ သွားတာ မဟုတ်ဘူးလို့လည်း အေးမြတ်သူက ပြောပါတယ်။ တစ်ကိုယ်တည်းသမားဖြစ်တာကြောင့် ကိုယ်သုံးနိုင်သလောက်သာ သုံးစွဲခဲ့တဲ့ ခရီးစဉ်လေးပါလို့ ဆိုပါတယ်။

‘’ ပိုက်ဆံတွေ အရမ်းကြီးပေါများပြီး၊ အရမ်းကြီးချမ်းသာလို့ သွားတာ မဟုတ်ပါဘူး။ ကိုယ့်အသက် ကိုယ့်အရွယ် ငယ်တုန်းအချိန်မှာ ကိုယ်မရောက်ဖူးတဲ့နေရာကို ရောက်ဖူးချင်တယ်။ အဲဒီအတွက် ကုန်ကျစာရိတ်အ သက်သာဆုံးဖြစ်မယ့် အရာမျိုးနဲ့သွားတယ်ပေါ့နော်။ ကိုယ်သွားနိုင်လာနိုင်တဲ့ အချိန်မှာ ကိုယ်သုံးနိုင်တဲ့ ဘတ်ဂျက်နဲ့ အဆင်ပြေအောင်သွားတယ်’’ လို့ သူကပြောပါတယ်။

Photo: Khin Lay Nwe

အချစ်ဆုံး သူငယ်ချင်းတွေနဲ့ ခရီးသွားတဲ့အခါ အမှတ်တရတွေ အများကြီး ကျန်ခဲ့မယ် ဆိုတာကိုလည်း အေးမြတ်သူက ပြောပြခဲ့ပြန်ပါသေးတယ်။

‘’ အေးမြတ်သူတို့ အဖွဲ့က ညီနေပြီ။ ရှေ့မှာလည်း သွားဖူးထားတာတွေက နိုင်ငံကြီးတွေပဲလေ။ အေးမြတ်သူရယ်၊ ယုရယ်၊ နောက်ထပ် သူငယ်ချင်းတွေရယ် ကြည့်လိုက်ရင်သိမှာပါ။ အကုန်လုံးက တစ်သားတည်းဖြစ်နေပြီ။ ဒါက ခရီးသွားရင် သိသာတယ်။ အပြန်အလှန်လည်း ဓာတ်ပုံတွေရိုက်ပေးကြတာပေါ့နော်။ Location ကတော့ ကြည့်လိုက်ရင် အတူတူပဲ။ သူသာတယ်၊ ကိုယ်နာတယ်ဆိုတာလည်း မတွက်ကြဘူး။ သွားရတာ အဲဒီလိုမျိုးဆို ကြိုက်တယ်’’ လို့ ဆိုပါတယ်။

Photo: Khin Lay Nwe

အေးမြတ်သူ(Aye Myat Thu)ဟာ အနုပညာအလုပ်ကို အသက် ၁၉ နှစ်အရွယ်ကတည်းက စတင်လုပ်ကိုင်ခဲ့တာပါ။ အခုဆိုရင်တော့ အသက် ၃၃ နှစ်ကျော်ပြီဖြစ်တဲ့ မင်းသမီးချောတစ်ယောက် ဖြစ်ပါတယ်။ အခုချိန်မှာတော့ ရုပ်ရှင်ဇာတ်ကားတွေ၊ ဗီဒီယို ဇာတ်ကားတွေ၊ တီဗီကြော်ငြာပေါင်း များစွာတို့ကို ရိုက်ကူးခဲ့တဲ့ သရုပ်ဆောင်တစ်ယောက်ပါ။ 

Share

Loading Next Article...
က္က