တစ်ယောက်အကြောင်းတစ်ယောက် ပြောပြလေ့ရှိတယ်။
Sabal Thwin

ခင်ဝင့်ဝါနဲ့ ဝိုင်းလေးတို့ နှစ်ယောက်ဟာ အရမ်းကိုချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ခင်ဝင့်ဝါ နဲ့ ဝိုင်းလေးတို့ သူငယ်ချင်း နှစ်ယောက်မှာ တစ်ယောက်နဲ့ တစ်ယောက် အိမ်ထောင်ရေးအကြောင်းတွေလည်း ဆွေးနွေးဖြစ်တယ်လို့ ဆိုပါတယ်။ စိတ်ချင်းတူတာကြောင့်လည်း နှစ်ယောက်သားအပေါင်းအသင်းဖြစ်လာတယ်လို့ ပြောပါတယ်။

 

ခင်ဝင့်ဝါနဲ့ ဝိုင်းလေးတို့ နှစ်ယောက်ဟာ အရမ်းကိုချစ်ကြတဲ့ သူငယ်ချင်းတွေပါ။ ခင်ဝင့်ဝါ နဲ့ ဝိုင်းလေးတို့ သူငယ်ချင်း နှစ်ယောက်မှာ တစ်ယောက်နဲ့ တစ်ယောက် အိမ်ထောင်ရေးအကြောင်းတွေလည်း ဆွေးနွေးဖြစ်တယ်လို့ ဆိုပါတယ်။ ခင်ဝင့်ဝါရဲ့ အိမ်ထောင်ရေးနဲ့ ပတ်သက် ပြီး ဝိုင်းလေးတစ်ယောက် ဘယ်လိုတွေပြောပြလာတယ်ဆိုတာကို Duwun media ကနေ ပြောပြခဲ့ပါတယ်။

'' သူကညီမကို အရင်ကဆိုရင် နင်ယူပြီးမှ ငါယူမယ်လို့ပြောတယ်။ အခုကျတော့ သူကစိတ်ပြောင်းသွားပြီ မယူနဲ့တော့တဲ့ နင်နဲ့ငါ အတူတူနေ မယ်လို့ပြောတယ်။ ငါ နင့်ကိုတော့ မကြိုက်ဘူးနော် လို့တော့ ပြောပစ်လိုက်တယ်။ အရင်တုန်းကတော့ သူက လေယာဉ်ပျံကြီးပေါ်မှာ မင်္ဂလာ ဆောင်ချင်တယ်လို့ပြောတယ်။ အခုကျတော့ နေရာပြောင်းသွားပြီ'' လို့ ရယ်ရယ်မောမောနဲ့ ပြောခဲ့ပါတယ်။

 

ရင်းရင်းနှီးနှီးရှိလွန်းလှတဲ့ မိန်းမချောလေး နှစ်ဦးက တစ်ယောက်ကနဲ့တစ်ယောက် အကြောင်းအရာတော်တော်များများကို မချွင်းမခြံ ပြောပြတတ်ကြတယ်လို့ ဆိုပါတယ်။ စိတ်ချင်းတူတာကြောင့်လည်း နှစ်ယောက်သားအပေါင်းအသင်းဖြစ်လာတယ်ဆိုတာကို သြဂုတ်လ ၁၂ ရက်နေ့က A moment of Love Wedding Showcase ပွဲကြီးမှာ Duwun Media ကိုပြောပြခဲ့ပါတယ်။

'' သူဆိုလည်း ကိစ္စတော်တော်များများ ညီမနဲ့တိုင်ပင်တယ်။ တချို့ကိစ္စတော်တော်များများလည်း ညီမပြောတယ်။ ညီမတို့က ဟန်ဆောင်မှု မရှိ ဘူး။ ကိုယ်ခင်ပြီဆိုရင် လွတ်လွတ်လပ်လပ် အကြောင်းအရာအကုန်ကို မချွင်းမခြံပြောပြတတ်တယ်။ကောက်လည်း မကောက်ကျစ်ဘူး။ သူဆိုရင်လည်း ဒီလိုပဲ ဆိုတော့ စိတ်တူလို့ ပေါင်းဖြစ်တာပေါ့နော်'' လို့ ဆိုပါတယ်။

 

ခင်ဝင့်ဝါပြောခဲ့တဲ့ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ဝိုင်းလေးကလည်း အခုလို ပြန်လည်ပြောပြခဲ့ပါသေးတယ်။ တစ်ယောက်နဲ့ တစ်ယောက် တစ်နေ့တာ ဖြတ်သန်းမှုတွေ အကြောင်းကိုလည်း ပြောပြဖြစ်တယ်လို့ သူကဆိုပါတယ်။

'' ညီမကကျတော့ ညဘက်သရဲကြောက်တာမျိုးတွေ၊ အိပ်မပျော်တဲ့အခါကျရင် သူကလည်း လိုင်းပေါ်မှာရှိရင် ဗီဒီယို Call ခေါ်ပြီး စကားတွေ ပြောတယ်။ စကြ နောက်ကြနဲ့ ရုပ်ရှင်ဇာတ်ကားအကြောင်းတွေပေါ့။ သူက ရုပ်ရှင်အရမ်းကြည့်တယ် ရုပ်ရှင်မှာလည်း သူ ဘယ်လိုတွေ သရုပ် ဆောင်တာ အခက်အခဲတွေ ဘယ်လိုရှိတယ်၊ ဆိုတာပြောတယ်'' လို့ သူကဆိုပါတယ်။

မွေးနေ့မှာ အလှူအတန်းလုပ်ရင်းဖြတ်သန်းခဲ့တဲ့ ဝိုင်းလေး 

 

Miss Myanmar World 2014 ဝိုင်းလေးနဲ့ Miss Supranational Myanmar 2013 ခင်ဝင့်ဝါတို့ဟာ အလှမယ်ဖြစ်ရုံသာ မက အနုပညာ လမ်းကြောင်းပေါ်မှာ အတူတူ လျှောက်လှမ်း နေကြသူတွေလည်း ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက်ကလည်း အရင်တုန်းကထက်ပိုပြီး နွေးထွေးတဲ့ ဆက်ဆံရေးမျိုး တိုင်ပင်ဖော် တိုင်ပင်ဖက် ကောင်းအဖြစ်နဲ့လည်း ခင်မင်လျှက်ရှိတယ်လို့ ဆိုပါတယ်။

 


Author


က္က