loading...

loading...

loading...

ဆံပင်ဆွဲရတဲ့အခန်းတွေမှာတစ်ယောက်နဲ့တစ်ယောက် အားနာခဲ့ရတယ်။
Sabal Thwin

ခင်လှိုင်နဲ့ စိုးမြတ်သူဇာကိုတော့ ဇနီးမောင်နှံအဖြစ် “Player” ရုပ်ရှင်ကားကြီးထဲမှာ ပထမဆုံးအကြိမ် မြင်တွေ့ရမှာပါ။ တစ်ယောက်နဲ့တစ်ယောက် ဆံပင်ဆွဲရတဲ့အခန်းတွေဆိုရင် အားနာနေရတာများတယ်လို့ ဆိုပါတယ်။ 

photo : player

ခင်လှိုင်ကတော့ “Player” ရုပ်ရှင်ဇာတ်ကားထဲမှာ စိုးမြတ်သူဇာရဲ့ ခင်ပွန်းအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ အမှတ်တရကို ပြောပြလာပါတယ်။ အမှတ်တရအဖြစ်ဆုံး ဇာတ်ဝင်ခန်းကတော့ ဆံပင်ဆွဲရတဲ့အခန်း၊ ပါးရိုက်ရတဲ့ အခန်းတွေပါပဲဆိုပြီးတော့ မီဒီယာ အင်တာဗျူးတွေကနေတဆင့် ဖြေဆိုခဲ့ပါတယ်။ 

“မစိုးကြီးနဲ့ အစ်ကိုက ဒီဇာတ်ကားထဲမှာမှ လင်မယားပုံစံ သရုပ်ဆောင်ရတာ။ ကျွန်တော်လည်း မကြီးစိုးကို ဆံပင်ဆွဲရတဲ့အခန်းတွေပါတယ်၊ မကြီးစိုးကလည်း ကျွန်တော့်ကို ဆံပင်ဆွဲရတဲ့အခန်းတွေပါတယ်။ သူကလည်း ကိုယ့်ကို အားနာ၊ ကိုယ်ကလည်း သူ့ကို အားနာတယ်။ မကြီး အားမနာနဲ့ပေါ့ အားနာနေရင်လည်း ရယ်ရမှာ မဟုတ်ဘူးလေ အဲဒီတော့ နောက်ပိုင်းမှာ သူလည်းဆွဲ ကိုယ်လည်းဆွဲပဲ” ဆိုပြီးတော့ သဘောကျရယ်မောရင်း ပြောပြလာပါတယ်။ 

photo : player

ခင်လှိုင်ဟာ စိုးမြတ်သူဇာနဲ့အတူတွဲပြီး သရုပ်ဆောင်ခဲ့တဲ့ ဗီဒီယိုဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားကြီးတွေ အများကြီးရိုက်ခဲ့ဖူးတယ်လို့ ပြောပါတယ်။ ရန်ဖြစ်ရတဲ့ ဇာတ်ဝင်ခန်းတွေမှာ အားနာမိလို့ အခါခါ ပြန်ရိုက်ခဲ့တာတွေလည်းရှိတယ်လို့ ခင်လှိုင်က ရယ်ရယ်မောမောနဲ့ ပြောပြခဲ့ပါသေးတယ်။ 

“ ဟာသအခန်းတွေလုပ်ရတယ်ဆိုတာ ညှာနေလို့မရဘူးလေ။ အဓိက ကတော့ မကြီးက ကျွန်တော့်ကို ညှာတယ်၊ တကယ်တော့ မကြီးလို့သာခေါ်တာ သူက ကိုယ့်ထက်ငယ်တယ်။ သူကလည်း ကိုခင်လှိုင်လို့ပဲ ခေါ်တာ.. မကြီးအရမ်းအားနာတယ်တဲ့။ သူ အားနာပြီးမလုပ်တော့ ၂ ခေါက်လောက် ပြန်ပြန်လုပ်နေရတာပေါ့နော်။ အဲဒီတော့ ၂ ခါပြန်ရိုက်ရင် ပိုပင်ပန်းတယ်ဆိုပြီးတော့ နောက်ပိုင်းကျတော့ သူလည်း အားမနာတော့ပါဘူး” ဆိုပြီးတော့ ဇန်နဝါရီလ ၃ ရက်နေ့က Player ရုပ်ရှင်ကားကြီး အထူးပြပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။ 

Player ရုပ်ရှင်ကားကြီးကို ဖေဖော်ဝါရီလ ၆ ရက်နေ့ကစပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ အဆင့်မြင့်ရုပ်ရှင်ရုံတွေမှာ ရုံတင်ပြသသွားမှာဖြစ်ပါတယ်။ ဒီဇာတ်ကားကို ဒါရိုက်တာ ပြည်ဟိန်းသီဟက ရိုက်ကူးထားတာပါ။ ခင်လှိုင်အပါအဝင် မြင့်မြတ်၊ ထွန်းထွန်း၊ တိုင်ရွန်၊ အေးချမ်းမောင်၊ စိုးမြတ်သူဇာ၊ အိချောပို၊ မေမီကိုကိုနဲ့ ဆောင်းဝတ်ရည်မေ တို့က အဓိက သရုပ်ဆောင်ထားကြပါတယ်။ 

photo : player

ခင်လှိုင်ဟာ သရုပ်ဆောင်နေရဲ၊ သရုပ်ဆောင် သဇင်ထူးမြင့်တို့ရဲ့ ဖခင်ဖြစ်ပါတယ်။ အနုပညာသက်တမ်းလည်း နှစ်ပေါင်း ၃၀ နီးပါး ရှိတဲ့ ဇာတ်ပို့သရုပ်ဆောင် တစ်ယောက်ဖြစ်ပါတယ်။ သူ့ကိုတော့ လူရွှင်တော် တစ်ယောက်အဖြစ် ပရိသတ်တွေ စတင်အားပေးလာခဲ့ကြတာပါ။ အဲဒီနောက် ရုပ်ရှင်ဘက်မှာ ဟာသသရုပ်ဆောင် တစ်ယောက်အဖြစ် ရပ်တည်လာရင်း အခုဆိုရင် ကိုယ်တိုင် ဒါရိုက်တာအဖြစ်ရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးတွေတောင်ရှိနေပါပြီ။ သူဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူတစ်ယောက်လို့ ပြောရမှာပါ။ အမြဲတမ်းလိုလို စတုဒီသာ အလှူတွေ ပြုလုပ်လျက် ရှိပြီး ပြီးခဲ့သောလပိုင်းလောက်က ရေရှားပါးသော နေရာများကို သူကိုယ်တိုင်ဦးစီးပြီး အလှူငွေများကောက်ခံကာ သွားရောက်လှူ ဒါန်းခဲ့တာ ကိုလည်း တွေ့ရပါတယ်။




ဆက်စပ်အကြောင်းအရာများ


loading...

က္က