ရုပ်ရှင်အတူတူရိုက်ခဲ့ရတဲ့ အတွေ့အကြုံတွေပြောလာပါတယ်။

ပိုးမမှီသာက စိုင်းစိုင်းခမ်းလှိုင်ကို လေးစားရတဲ့အကြောင်းတွေ ပြောပြလာပါတယ်။ အနုပညာနဲ့ပတ်သက်ပြီးတော့လည်း စိုင်းစိုင်းဆီက အတုယူစရာတွေများတယ်လို့ဆိုပါတယ်။

Photo: Poe Mamhe Thar



ပိုးမမှီသာကတော့ သူ့အတွက် ပထမဆုံးရုပ်ရှင်ဇာတ်ကားကြီးဖြစ်တဲ့ ‘’ပိတောက်ဂီတ’’ရုပ်ရှင်ကားကြီးကို စိုင်းစိုင်းခမ်းလှိုင်နဲ့အတူ ရိုက်ကူးထားတာဖြစ်ပါတယ်။ စိုင်းစိုင်းဆီကနေ သရုပ်ဆောင်ပညာတွေ၊ အတုယူစရာတွေ အများကြီးရှိခဲ့တယ်လို့ Duwun media ကနေ ပြောပြခဲ့ပါတယ်။

‘’ အမြဲတမ်း ကိုစိုင်းဆီကနေပြီးတော့ ပညာတွေယူနေရတယ်၊ အတုယူနေရတယ်။ အလုပ်လုပ်တိုင်းလည်း သူက သင်ပြပေးနေကြ ဆရာဖြစ်တဲ့အတွက် ကိုယ်လေးစားရတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ အလုပ်တစ်ခုလုပ်ရင် သေသေချာချာ စေ့စေ့စပ်စပ် စဉ်းစားပြီးမှ လုပ်တတ်တာ၊ သူများတွေထက် နှစ်ကွက်၊ သုံးကွက်မက ကြိုပြီး မြင်တတ်တာ၊ တစ်ခုခုလုပ်တော့မယ်ဆို Outcome ကို ကြိုတွက်ပြီးသား ဖြစ်နေတာတွေကိုလည်း အတုယူနေရပါတယ်’’ ဆိုပြီးတော့ သြဂုတ်လ ၃၁ ရက်နေ့က ချာလီရဲ့ အကျီၤ Brand မိတ်ဆက်ပွဲကို တက်ရောက်ရင်း ဖြေဆိုခဲ့တာပါ။

Photo: Sai Sai

စီနီယာ အနုပညာရှင်တွေနဲ့ ရုပ်ရှင်ကားကြီးရိုက်ကူးခွင့်ရခဲ့တာကြောင့် အတွေ့အကြုံတွေလည်း အများကြီးရခဲ့တယ်လို့ ပိုးမမှီသာကပြောပါတယ်။

‘’ အမြဲတမ်း တွေ့ရင် တွေ့သလို၊ ကြုံရင် ကြုံသလို သင်ပေးနေပါတယ်။ ရုပ်ရှင်ရိုက်တုန်းကလည်း ညီမက လုံးဝ အသစ်ဆက်ဆက်ဖြစ်နေတဲ့အခါကျတော့ အရာအားလုံးက ညီမ မသိတာတွေချည်းပဲပေါ့နော်။ ရိုက်နေတုန်းအတွင်းမှာ ကိုစိုင်းကရော၊ ဦးမီးပွားကရော ပါဝင်သရုပ်ဆောင်ကြတဲ့ လူတွေ အားလုံးက သင်ပြပေးလို့ ညီမ ဒီရုပ်ရှင်ကို ရိုက်ကူးနိုင်ခဲ့တာပါ’’ လို့ သူကဆိုပါတယ်။

Photo: Poe Mamhe Thar

ပိုးမမှီသာဟာ ‘’ပိတောက်ဂီတ’’ ရုပ်ရှင်ဇာတ်ကားရိုက်နေရင်း စိုင်းစိုင်းခမ်းလှိုင် ဓာတ်ပုံရိုက်တဲ့နေရာနဲ့ သူမ ဓာတ်ပုံရိုက်တဲ့နေရာ တူနေတဲ့အပေါ်မှာလည်း တွဲနေကြတယ်လို့ သတင်းတွေ ထွက်ခဲ့ပါတယ်။

‘’ပရိသတ်တွေလည်း သိမယ်လို့ထင်ပါတယ်။ ရုပ်ရှင်တစ်ကားထဲကို အတူတူရိုက်ရတာဖြစ်တဲ့အတွက် တစ်နေရာတည်းကိုသွားပြီးတော့ ဓာတ်ပုံရိုက်တယ်ဆိုတာ မထူးဆန်းပါဘူး။ ဒါကလည်း ပရိသတ် စိတ်ဝင်စားသွားတဲ့ နည်းတစ်မျိုးလို့ပဲ မြင်ပါတယ်။ ရုပ်ရှင်ဇာတ်ဝင်ခန်းသဘောတရားအရ ရိုက်ရတဲ့ အခန်းလေးတွေကို ပရိသတ် စိတ်ဝင်စားသွားတယ်ပေါ့။ အဲဒါက ညီမတို့ရုပ်ရှင်ဇာတ်ကားအတွက် ကောင်းတဲ့ Marketing တစ်ခုလို့ မြင်ပါတယ်’’ ဆိုပါတယ်။

Photo: Poe Mamhe Thar

ပိုးမမှီသာကို SAI Cosmetic ကြော်ငြာကနေ ပရိသတ်တွေ စတင်သိခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနောက် စိုင်းစိုင်းခမ်းလှိုင်ရဲ့ ‘’သိင်္ဂါရ သီချင်းတစ်ပုဒ်’’ ဆိုတဲ့ Music MTV လေးကနေတဆင့် ပရိသတ်အားပေးမှု ပိုရရှိခဲ့သူပါ။ လက်ရှိ အနုပညာလှုပ်ရှားမှုကတော့ တီဗီကြော်ငြာတွေရိုက်ကူးနေတာကို တွေ့ရပါတယ်။ အခုဆိုရင်တော့ စိုင်းစိုင်းခမ်းလှိုင်နဲ့ အတူတူ ရုပ်ရှင်ကားကြီးတစ်ကားရိုက်ကူးထားတာဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က